၇၂ နာရီအတွင်း ဒေါ်လာ ၁၄ သန်း ရှာနိုင်ခဲ့တဲ့ PUBG Mobile အစားထိုး Game For Peace

၇၂ နာရီအတွင်း ဒေါ်လာ ၁၄ သန်း ရှာနိုင်ခဲ့တဲ့ PUBG Mobile အစားထိုး Game For Peace google.com
PUBG Mobile ကို တရုတ်နိုင်ငံမှာ လုံးဝပိတ်ပစ်လိုက်ရပြီ ဖြစ်ပါတယ်။ ဒါပေမယ့် PUBG Mobile ကုမ္ပဏီ
Tencent Holdings Ltd အတွက် ဒါက ပြဿနာ မဟုတ်ပါဘူး။
 
PUBG Mobile အတွက် အစားထိုး ပြန်ထုတ်ပေးထားတဲ့ Game For Peace ဟာ Apple ရဲ့ App Store မှာ ထွက်ရှိပြီးနောက် ၇၂ နာရီအတွင်း ဝင်ငွေအများဆုံး Battle Royale မိုဘိုင်းဂိမ်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။
 
တရုတ်နိုင်ငံက App Store အသုံးပြုသူတွေဟာ Game For Peace မှာ ၇၂ နာရီအတွင်း ဒေါ်လာ ၁၄ သန်းလောက် သုံးခဲ့ကြတာကြောင့် ဖြစ်ပါတယ်။
 
တရုတ်အစိုးရက PUBG Mobile ဟာ သွေးထွက်သံယိုတွေ ပါတာကြောင့် ဂိမ်းကနေ ငွေရှာခွင့် မပြုခဲ့တာကြောင့် တရုတ်နိုင်ငံမှာ ဂိမ်းကို လွန်ခဲ့တဲ့ တပတ်က ပိတ်သိမ်းခဲ့တာ ဖြစ်ပါတယ်။ ဒီ့အစား တရုတ်အစိုးရအကြိုက်ဖြစ်အောင် အနည်းငယ်ပြင်ဆင်ထားတဲ့ Game For Peace ကို ပြန်ထုတ်ပေးခဲ့တာပါ။
 
ဒီဂိမ်းဟာ တရုတ်လုံခြုံရေးတပ်သားတွေနဲ့ သူတို့ရဲ့ နိုင်ငံလုံခြုံရေးအတွက် ကြိုးပမ်းအားထုတ်မှုတွေကို ဂုဏ်ပြုထားတဲ့ ဂိမ်းဖြစ်တယ်လို့ Tencent က ဆိုပါတယ်။ ဂိမ်းရဲ့ Theme ကိုလည်း အကြမ်းဖက်မှုကို ပြန်လှန်တိုက်ခိုက်တဲ့ပုံစံ ပြောင်းပစ်ခဲ့တယ်လို့ ဆိုပေမယ့် ကစားသူအများအပြားကတော့ အရင် PUBG Mobile အတိုင်းပဲ ဖြစ်တယ်လို့ ဆိုကြပါတယ်။ အဓိက ကွာခြားသွားမှာက သွေးထွက်သံယို လုံးဝမပါတော့တာပါ။ အရင်လို သေသွားတာမျိုးမရှိတော့ဘဲ သွေးတန်းကုန်သွားရင် လက်ပြနှုတ်ဆက်ပြီး ပျောက်သွားတဲ့ပုံစံ ဖြစ်သွားပါတယ်။
 
Digital Times 
Read 226 times
Rate this item
(1 Vote)