ဆုကြေးငွေ စုစုပေါင်း ကျပ်သိန်း ၁၅၀ ပေးအပ်မည့် ROAD TO SEA GAMES 2019 ပြိုင်ပွဲကျင်းပမည်

ဆုကြေးငွေ စုစုပေါင်း ကျပ်သိန်း ၁၅၀ ပေးအပ်မည့် ROAD TO SEA GAMES 2019 ပြိုင်ပွဲကျင်းပမည် facebook
MESF မှ ကြီးမှူး၍ ROAD TO SEA GAMES 2019 ပြိုင်ပွဲ ကျင်းပမယ်လို့ သိရပါတယ်။ အဆိုပါပြိုင်ပွဲကို
၂၀၁၉ ဆီးဂိမ်း Esports အခန်းကဏ္ဍမှာ ဝင်ရောက်ယှဉ်ပြိုင်ရမယ့် မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမားတွေ ရွေးချယ်ရာမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တိုင်းနှင့်ပြည်နယ် နယ်ပယ်အသီးသီး အလွှာအသီးသီးမှ ကစားသမားများအားလုံး ပါဝင်နိုင်စေဖို့ ပြိုင်ပွဲဝင်ကြေးပေးသွင်းရန် မလိုဘဲ မြန်မာနိုင်ငံသား မှတ်ပုံတင်ကိုင်ဆောင်ထားသူ၊ အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။
 
ပြိုင်ပွဲဝင်ရောက်မယ့်သူတွေ အနေနဲ့ အသက် ၁၈ နှစ်အောက် ဆိုပါက မိဘအုပ်ထိန်းသူရဲ့ ထောက်ခံချက် လိုအပ်မှာ ဖြစ်ပါတယ်။ နယ်ပယ်အသီးသီးမှ ကစားသမားတွေ ဝင်ရောက်ယှဉ်ပြိုင်နိုင်စေဖို့ ပြိုင်ပွဲဝင်ကစားသမားများ စာရင်းကို အွန်လိုင်းစနစ်ဖြင့် ကောက်ခံသွားမှာ ဖြစ်သလို အထက်မြန်မာပြည်၊ အောက်မြန်မာပြည် လက်ရည်စစ်ပွဲတွေကို အွန်လိုင်း လက်ရည်စစ်ပွဲများအဖြစ် ကျင်းပသွားမှာဖြစ်ပြီး နောက်ဆုံးအဆင့်ဗိုလ်လုပွဲကို Online သို့မဟုတ် Offline စနစ်နဲ့ ကျင်းပသွားမယ်လို့ သိရပါတယ်။
 
ပါဝင်တဲ့ ဂိမ်းအမျိုးအစားတွေက SEA GAME မှာပါဝင်မယ့် ကစားနည်း ၆ မျိုးအနက်မှ မြန်မာနိုင်ငံတွင် လူကြိုက်အများဆုံးနဲ့ ကစားသမားအင်အား တောင့်တင်းတဲ့ ကစားနည်းတွေဖြစ်တဲ့ DOTA 2, MLBB, AOV Game အမျိုးအစားများ ဖြစ်တယ်လို့ သိရပါတယ်။
 
ပြိုင်ပွဲဝင် အားကစားသမားတွေအနေနဲ့ အထက်မြန်မာပြည်- အောက်မြန်မာပြည် လက်ရည်စစ်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် ဇွန် ၁ ရက်မှ စတင်ပြီး စာရင်းပေးသွင်းနိုင်မှာ ဖြစ်ကြောင်း၊ စာရင်းပေးသွင်းထားတဲ့ ကစားသမားတွေ အနေနဲ့ အထက်မြန်မာပြည် အောက်မြန်မာပြည် လက်ရည်စစ်ပွဲများမှစ၍ ဝင်ရောက် ယှဉ်ပြိုင်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။ ပြိုင်ပွဲအားလုံးအတွက် ဆုကြေးငွေ စုစုပေါင်း ကျပ်သိန်း ၁၅၀ ဖြစ်ပြီး ပြိုင်ပွဲကာလကတော့ ၃ လကြာမြင့်မှာ ဖြစ်ပါတယ်။ အသေးစိတ် အချက်အလက်တွေကို MYANMAR ESPORTS FEDERATION Facebook Page နဲ့ MESL MYANMAR ESPORTS LEAGUE Facebook Page တို့မှာဖော်ပြထားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
လက်ရည်စစ်ပွဲတွေမှာ မျှမျှတတ နည်းစနစ်တကျ ယှဉ်ပြိုင်နိုင်ရန် PHISGOC (ဖိလစ်ပိုင်နိုင်ငံ ဆီးဂိမ်းကျင်းပရေးကော်မတီ) နဲ့ AESF (အာရှအီလက်ထရောနစ် အားကစားအဖွဲ့ချုပ်) မှ ထုတ်ပြန်ထားတဲ့ လိုက်နာရန် စည်းမျဉ်းစည်းကမ်းနဲ့အညီ ကစားနည်း ဒိုင်လူကြီးတွေကို ကြီးကြပ်ဆောင်ရွက်သွားစေမယ်လို့ သိရပါတယ်။
 
Source : Internet Journal
Read 71 times
Rate this item
(1 Vote)