Godzilla တွေပါလာတော့မယ့် PUBG Mobile

Godzilla တွေပါလာတော့မယ့် PUBG Mobile google.com
နာမည်ကျော်ရုပ်ရှင်ကားတွေ နဲ့ Battel Royale ဂိမ်းတွေပူးပေါင်းပြီး Crossover လုပ်လေ့ရှိတာ အထူးအဆန်းတော့
မဟုတ်ပါဘူး။ Fortnite မှာဆိုရင်လည်း လက်တလော ရုံတင်ပြသနေတဲ့ John Wick : Chapter 3 ရဲ့ Crossover Event ပါလာသလို PUBG Mobile ဟာလည်း ပြီးခဲ့တဲ့ Season တွေမှာ Resident Evil နဲ့ Crossover လုပ်ထားတာတွေရှိပါတယ်။
 
ဒီတစ်ခါမှာတော့ မကြာခင် ရုံတင်တော့မယ့် Godzilla : King Of Monsters နဲ့ PUBG Mobile တို့ပူပေါင်းပြီး Event တစ်ခုပြုလုပ် သွားဖို့ရှိတယ်လို့ PUBG Mobile ရဲ့ Official တွစ်တာအကောင့်မှာ ကြေငြာခဲ့ပါတယ်။
 
ဒီကြေငြာချက်မှာတော့ PUBGM ဟာ ကစားနေစဉ် Godzilla Event နဲ့ ပတ်သတ်တဲ့ အချက်အလက် သဲလွန်စတွေကို ပွဲထဲမှာ ရှာကြည့်ဖို့ ပြောထားတာ တွေ့ရပါတယ်။ ပြောထားတဲ့အတိုင်းပဲ ကစားပွဲရဲ့ နေရာအနှံ့အပြားမှာ ဂေါ်ဇီလာပုံတွေကို ရိုက်နှိပ်ထားတဲ့ T-shirts တွေကို တွေ့ရမှာဖြစ်ပြီး တစ်ချို့ အဆောက်အဦးတွေ နံရံတွေပေါ်မှာလည်း  ဂေါ်ဇီလာပုံ နဲ့ ဇာတ်လမ်းထဲမှာပါတဲ့ တစ်ခြားသားရဲပုံတွေကို ရေးဆွဲထားတာတွေလည်း တွေ့ရမှာဖြစ်ပါတယ်။
 
ဒီ Godzilla Event နဲ့ ပတ်သတ်ပြီး အသေးစိတ်ကို ဘာမှမပြောသေးပေမယ့်လည်း PUBGM ရဲ့ နောက်ဆုံး Update Version 0.12.5 ထွက်ထားတာ ရက်ပိုင်းပဲရှိသေးတာကြောင့် သိပ်မကြာခင်မှာပဲ Eventကို  ဂိမ်းထဲမှာ မြင်တွေ့ရဖွယ် ရှိနေပါတယ်။  ဒါကြောင့် Godzilla Event ဟာကော ကျွန်တော်တို့ရဲ့ ရှေ့ကို ဘယ်လိုပုံစံမျိုးနဲ့ ရောက်ရှိလာမလဲဆိုတာ ရင်ခုန်စွာနဲ့ စောင့်မျှော်ရဦးမှာပဲဖြစ်ပါတယ်။
 
Esports Myanmar
Read times
Rate this item
(1 Vote)