Qualcomm နှင့် Intel အပါအဝင် Chip ကုမ္ပဏီအများအပြားလည်း Huawei ကို တင်ပို့မှု ပိတ်ပင်

Qualcomm နှင့် Intel အပါအဝင် Chip ကုမ္ပဏီအများအပြားလည်း Huawei ကို တင်ပို့မှု ပိတ်ပင် google.com
အမေရိကန်အစိုးရက Huawei ကို ကုန်သွယ်ခွင့် တားမြစ်တဲ့ “Entity List” ထဲ ထည့်ပြီးနောက်မှာ Google ကလည်း
Huawei ကို Android Apps နဲ့ Services တွေ အသုံးပြုခွင့် ပိတ်ပင်လိုက်ပါတယ်။ ဒီ့အတွက် Huawei က အသစ်ထုတ်မယ့် ဖုန်းတွေမှာ Google Play Store နဲ့ Google Apps တွေ အသုံးပြုလို့ ရတော့မှာ မဟုတ်ပါဘူး။
 
Bloomberg သတင်းတပုဒ်အရ Google အပြင် Qualcomm, Intel, Xilinx, Boradcom စတဲ့ Chipset ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေကလည်း နောက်ထပ် အမိန့်တစုံတရာ မထွက်မချင်း Huawei နဲ့ ရောင်းဝယ်ဖောက်ကားမှုကို ချက်ချင်း ရပ်ဆိုင်းလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
 
အမေရိကန်နည်းပညာကုမ္ပဏီတွေကို Huawei နဲ့ ကူးသန်းရောင်းဝယ်ခွင့် ပိတ်လိုက်တာက နှစ်ဖက်စလုံးအတွက် နစ်နာမှုတွေ ရှိမှာပါ။ အထူးသဖြင့် သေးငယ်တဲ့ အမေရိကန်ဆက်သွယ်ရေးကုမ္ပဏီတွေဟာ Huawei အစား အခြား ကွန်ရက်ပစ္စည်းထောက်ပံ့တဲ့ကုမ္ပဏီအသစ်တွေ ရှာရမှာဖြစ်သလို၊ Huawei ပစ္စည်းတွေ အစားထိုးဖို့အတွက်လည်း ဒေါ်လာသန်းပေါင်းများစွာ သုံးစွဲရတော့မှာ ဖြစ်ပါတယ်။
 
Huawei လက်ပ်တော့တွေအတွက် Processors နဲ့ Server Chips တွေ ထောက်ပံ့ပေးနေတဲ့ Intel ဘက်က ရောင်းဝယ်မှု ရပ်ဆိုင်းလိုက်တာက Huawei အတွက် အကြီးမားဆုံးထိခိုက်မှုတခု ဖြစ်နိုင်ပါတယ်။ မိုဘိုင်းဖုန်းတွေအတွက်ကတော့ Huawei ကိုယ်တိုင် Chipsets နဲ့ Modems တွေ ထုတ်နေပြီး Qualcomm ကို မှီခိုမှု တော်တော်ကင်းနေပြီဖြစ်တာကြောင့် ထိခိုက်မှု သိပ်ရှိမှာ မဟုတ်ပါဘူး။ ဒါ့အပြင် Huawei ဟာ ဒီအခြေအနေမျိုးကို ကြိုတင်ရိပ်မိတဲ့အတွက် လွန်ခဲ့တဲ့သုံးလအတွင်း အမေရိကန် ကုမ္ပဏီတွေကနေ Chips အမြောက်အများ ဝယ်ယူသိုလှောင်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
 
Android ကို လိုင်စင်နဲ့ သုံးမရတော့သလို နောက်ထပ် ပြဿနာရှိမှာက Windows ပါ။ Microsoft ဘက်က်တော့ Huawei လက်ပ်တော့တွေအတွက် Windows OS ဆက်လက် ပံ့ပိုးပေးမလား၊ မပေးတာ့ဘူးလားဆိုတာ ထုတ်မပြောရသေးပါဘူး။ ဒါပေမယ့် အမေရိကန်အစိုးရရဲ့ အမိန့်ဆိုတော့ နာခံရဖို့ များပါတယ်။
 
Digital Times
Read times
Rate this item
(1 Vote)