Trade war မပြီးခင် Tech war အတွက် Huawei ရဲ့တုန့်ပြန်မှုများ

Trade war မပြီးခင် Tech war အတွက် Huawei ရဲ့တုန့်ပြန်မှုများ google.com
အမေရိကန်အစိုးရက Huawei ကို အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှု တစ်ရပ်ဟု သတ်မှတ်လိုက်ပြီးနောက်
Google က Huawei ရဲ့ Android OS ဝန်ဆောင်မှုတွေကို ရပ်ဆိုင်းလိုက်ပြီး Qualcomm နဲ့ Intel တို့ကလည်း Chip ထောက်ပံ့နေမှုကိုရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။ Techradar မှာဖော်ပြခဲ့တဲ့သတင်းအရ  Microsoft ကလည်း သူတို့ရဲ့ဝန်ဆောင်မှုတွေကို Huawei device တွေအတွက် ပိတ်ပင်လိုက်တော့မယ်အလားလာရှိနေပါတယ်။ ဒါပေမယ့် Microsoft ကုမ္ပဏီဘက်ကတော့ ဘာမှပြောကြားခြင်းမရှိသေးပါဘူး။
 
အခုလက်ရှိအသုံးပြုနေတဲ့ Huawei Devices တွေမှာတော့ Google Andriod OS ထောက်ပံ့မှုတွေဆက်လက်ရရှိနေမှာဖြစ်ပြီး နောက်ထွက် Devices များမှာတော့ ရရှိမှာမဟုတ်တော့ပါဘူး။ Google ကနေရပ်ဆိုင်းလိုက်တဲ့ ဝန်ဆောင်မှုတွေထဲမှာ Hardware၊ Software သာမက အများပြည်သူမရနိုင်တဲ့ နည်းပညာဝန်ဆောင်မှု လွှဲပြောင်းတာတွေပါ ပါဝင်နေပါတယ်။ ဆိုလိုရင်းကတော့ Huawei ဟာ Android ရဲ့ Open Source Version ကိုသာအသုံးပြုနိုင်တော့မှာဖြစ်ပြီး Gmail,Youtube အစရှိသဖြင့် တခြားသောဝန်ဆောင်မှုများကိုပါ အသုံးပြုလို့မရနိုင်တော့တာ ဖြစ်ပါတယ်။
 
Huawei ဘက်ကတုံပြန်ပြောကြားချက်တစ်ရပ်အရ " Huawei ဟာ ကမ္ဘာအဝန်းမှာ Android ဖွံ့ဖြိုးတိုးတက်မှု အတွက် ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ကမ္ဘာရဲ့ Android နယ်ပယ်မှာ ဦးဆောင်နေတဲ့ ကုမ္ပဏီတစ်ခုအနေနဲ့ Google ရဲ့ Android Open Source Platform ကို လိုက်နာခဲ့ပါတယ်။ Huawei က လက်ရှိ ရောင်းချထားတဲ့ Huawei နဲ့ Honor ရဲ့ စမတ်ဖုန်းနဲ့ တက်ဘလက်များအတွက် Security Update နဲ့ ဝန်ဆောင်မှုများကို ဆက်လက် ပံ့ပိုးပေးသွားမှာ ဖြစ်ပြီးတော့ လုံခြုံစိတ်ချရတဲ့ Software Ecosystem ကို တည်ဆောက်မှာ ဖြစ်ပါတယ်။ ကမ္ဘာအဝန်းမှာ စမတ်ဖုန်းများကို အကောင်းဆုံး အသုံးပြုနိုင်ဖို့ဖြစ်ပါတယ် " ဆိုပြီး ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။
 
ဒါတွေဖြစ်လာပြီးနောက် Huawei ဘက်ကလည်းတုန့်ပြန်မှုတွေစတင်ခဲ့ပြီး Hongmeng OS လို့ခေါ်တဲ့ သူတို့ကိုယ်ပိုင် Andriod operating system တစ်ခုကိုချပြခဲ့ပါတယ်။ တိတိကျကျပြောရရင်တော့ ၂၀၁၂ခုနှစ်ကတည်းက ဒီအတွက် စတင်စမ်းသပ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့မတ်လကတည်းက အသင့်အနေနဲ့ဖြစ်နေခဲ့တာလည်းဖြစ်ပါတယ်။ Huawei Central ရဲ့ဖော်ပြမှုအရသိရတာဖြစ်ပြီး အဆိုပါ ဖော်ပြမှုနဲ့ပတ်သက်လို့ Huawei ဘက်ကအတည်ပြုပြောကြားတာမျိုးမရှိခဲ့သလို Honmeng OS ဆိုတဲ့အမည်ကလည်း Codename တစ်ခုဖြစ်နိုင်ပြီး တကယ့်နာမည်အရင်းမဟုတ်ဘူးလို့ Huawei Central ကထပ်လောင်းဖော်ပြသွားခဲ့ပါတယ်။
 
ဒါ့အပြင် Huawei ကို အမေရိကန်အစိုးရက အပြင်းအထန် ထိုးနှက်မှု ပြုလုပ်ခဲ့ပြီးချိန်နဲ့ တိုက်ဆိုင်စွာပဲ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ Rare earth minerals (ရှားပါး သတ္တုဒြပ်စင်) (REE) ထုတ်လုပ်ရာ လုပ်ငန်းခွင်ထဲကို  သွားရောက်လည်ပတ်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘ္ဘာပေါ်မှာ REE အထွက်ဆုံးဟာတရုတ်နိုင်ငံဖြစ်ပြီး ကမ္ဘာ့ ရှားပါးဒြပ်စင်တွင်းထွက်ပစ္စည်း(REE) ဈေးကွက် ၉၀% ကို တရုတ်ကပဲထိန်းချုပ်ထားတာဖြစ်ပါတယ်။ တရုတ်ဟာ အဆင့်မြင့် အီလက်ထရွန်နစ် ပစ္စည်း ထုတ်လုပ်ရာမှာ အမေရိကန်တို့အတွက်မရှိမဖြစ် လိုအပ်တဲ့ REE ထုတ်လုပ်မှုကို ကန့်သတ်လျှော့ချ ပိတ်ပင်ခြင်းအားဖြင့် အမေရိကန်ကို ထိုးနှက်တိုက်ခိုက်ဖို့ လက်နက်တစ်ခုအဖြစ် အသုံးပြုနိုင်ကြောင်းဖော်ပြရင်းလည်း တုန့်ပြန်သွားပါသေးတယ်။
 
Huawei ဟာ 5G နည်းပညာနဲ့ ပတ်သတ်ပြီးလည်း မူပိုင်ခွင့်တော်တော်များများရရှိထားတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီးတော့ အခုလို နည်းပညာဝန်ဆောင်မှုတွေရပ်ဆိုင်းခံလိုက်တဲ့အတွက် ဘာတွေဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
 
Source : Online
Read times
Rate this item
(3 votes)