Accelerometer Sensor ဆိုတာဘာလဲ

Accelerometer Sensor ဆိုတာဘာလဲ google.com
စမတ်ဖုန်းတွေမှာ သံလိုက်အိမ်မြှောင် App တွေကို အသုံးပြုတဲ့အခါမှာ ဖုန်းက မြောက်အရပ်ရဲ့တည်နေရာကို
ရှာဖွေပေးဖို့အတွက် အဓိက ထောက်ပံ့လုပ်ဆောင်ပေးတဲ့ sensor ကတော့ Accelerometer sensor ပဲ ဖြစ်ပါတယ်။ ဖုန်းရဲ့အနေအထား အမျိုးမျိုးအလိုက် App ရဲ့ညွှန်တံလေး လိုက်ပါရွေ့လျားတဲ့စနစ် အနေနဲ့ အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။
 
ဒီ Accelerometer ကို ဆေးပညာဆိုင်ရာ အီလက်ထရွန်နစ် ထုတ်ကုန်တွေနဲ့ တခြားသော ရွေ့လျားနိုင်တဲ့ တိုင်းတာမှုပြုလုပ်တဲ့ ကိရိယာတွေမှာလည်း ထည့်သွင်း အသုံးပြုပါသေးတယ်။ ဒီ Sensor စနစ်က ငလျင်ဖြစ်ပေါ်နိုင်မှုတွေကိုပါ တိုင်းတာသိရှိနိုင်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ဆွဲအားပေါ်မူတည်ပြီး အဆက်မပြတ်တိုင်းတာ တွက်ချက်နိုင်ဖို့အတွက် အီလက်ထရွန်နစ် စက်မှုထုတ်ကုန်တွေမှာလည်း ဒီ Sensor စနစ်ကို အသုံးပြုပါတယ်။
 
မိုဘိုင်းထုတ်ကုန်တွေမှာတော့ တုန်ခါမှုနဲ့ ရွေ့လျားမှုတွေကို တိုင်းတာတွက်ချက်ပေးဖို့အတွက် အဓိက ထည့်သွင်း အသုံးပြုတာဖြစ်ပြီး အချိန်နဲ့အမျှ ပြောင်းလဲသွားတဲ့ အလျင် ( မြန်နှုန်း) ကို တွက်ချက် ပေးဖို့လည်းဖြစ်ပါတယ်။ စမတ်ဖုန်းတွေရဲ့ မြင်ကွင်းအနေအထား အလျားလိုက် သို့မဟုတ် ဒေါင်လိုက် အနေအထားနဲ့ ဘယ်ညာ ရွေ့လျားမှုတွေမှာလည်း ကောင်းစွာ တိုင်းတာတွက်ချက်နိုင်မှာ ဖြစ်ပါတယ်။
 
Accelerometer sensor စနစ်က ကြီးမားတဲ့ အီလက်ထရွန်နစ်ဆားကစ်ပေါ်က သေးငယ်တဲ့ ဆားကစ်အစိတ်အပိုင်းလေးတစ်ခု ဖြစ်ပါတယ်။ ဒီ Sensor စနစ်ကို အီလက်ထရွန်နစ်ထုတ်ကုန် ပစ္စည်းမျိုးစုံတွေနဲ့ ဆက်စပ်ပစ္စည်းတွေမှာ ထည့်သွင်းအသုံးပြုဖို့အတွက် အစိတ်အပိုင်းတစ်ခုအနေနဲ့လည်း ၀ယ်ယူအသုံးပြုနိုင်ပါတယ်။ Analog နဲ့ Digital အမျိုးအစား Displays နည်းပညာမျိုးစုံနဲ့ တွဲဖက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
 
Accelerometer sensor စနစ်က Multiple axes လိုမျိုး ရှေ့-နောက်၊ တောင်-မြောက် ၀င်ရိုးနှစ်ခုအပေါ် မူတည်တွက်ချက်နိုင်ဖို့ ဖန်တီးထားတာဖြစ်ပေမဲ့ 3D ပုံစံမျိုး ထက်-အောက် အနေအထားသုံးမျိုး အနေနဲ့လည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ စမတ်ဖုန်း တော်တော်များများမှာ အသုံးပြုထားတာကတော့ three-axis models လို့ခေါ်တဲ့ ၀င်ရိုးသုံးခုအထိ တွက်ချက်ဖော်ပြနိုင်တဲ့ Sensor အမျိုးအစားဖြစ်ပါတယ်။ ဒီ Sensor တွေက ထုတ်ကုန်တွေ ရဲ့ လှုပ်ရှားမှုအလျင်နဲ့ အနိမ့် အမြင့်ပေါ်မူတည်ပြီး အတိအကျ တိုင်းတာတွက်ချက်ပေးတာ ဖြစ်ပါတယ်။
 
Internet Journal
Read 58 times
Rate this item
(1 Vote)