12GB RAM နဲ့ထွက်ရှိလာမယ့် Samsung Galaxy Note 10 5G

12GB RAM နဲ့ထွက်ရှိလာမယ့် Samsung Galaxy Note 10 5G google.com
Samsung Galaxy Note 10 ရဲ့ 5G Model မှာ အနည်းဆုံး အနေနဲ့ 256GB Storage ပါမယ်လို့ သတင်းထွက်လာပါတယ်။
512GB နဲ့ 1TB အထိ ရွေးချယ်နိုင်မှာပါ။ 1TB Storage Model မှာ အမြင့်ဆုံး အနေနဲ့ 12GB RAM ထည့်သွင်းထားမှာ ဖြစ်ပါတယ်။
 
Galaxy S10 5G အတွက် 8GB RAM နဲ့ 256/512GB Storage များသာ ထုတ်ထားပေးပါတယ်။ microSD Card Slot မပါပါဘူး။ Note 10 5G မှာလည်း microSD Card Slot ကိုဖယ်ရှားထားမလား မသိပါဘူး။
 
Galaxy Note 10+ မှာလည်း 5G Model မှာလို မန်မိုရီများ ပါလာမှာ ဖြစ်ပါတယ်။ အနည်းဆုံးအနေနဲ့ 256GB Storage ပါလာမှာပါ။ အမြင့်ဆုံး အနေနဲ့ 1TB အထိရွေးချယ်နိုင်မှာပါ။ Note 10 မှာတော့ အနည်းဆုံး အနေနဲ့ 128GB Storage ထည့်သွင်းထားမှာပါ။
 
Galaxy Note 10 Model အချို့အတွက် တောက်ပြောင်တဲ့ ဒီဇိုင်းကို အသုံးပြုထားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် 4G Model လား 5G Model လားတော့ မသိသေးပါဘူး။ Galaxy S10+ မှာသာ တောက်ပြောင်တဲ့ မော်ဒယ်ကို ရောင်းချထားပါတယ်။ Galaxy Note 10 5G 1TB ဟာ ဆမ်ဆောင်းရဲ့ ဖုန်းတွေထဲမှာ ဈေးအမြင့်ဆုံး ဖြစ်လာမှာပါ။
 
Digital Times
Read times
Rate this item
(2 votes)