Facebook က Third-party Company တွေကို ငှားရမ်းထားပြီး သုံးစွဲသူတွေရဲ့ အသံဖိုင်တွေကို လေ့လာဆန်းစစ်ခိုင်းနေတယ်လို့ Bloomberg က ပြောပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်လောက်ကတော့ သူ့ ၀န်ထမ်းတွေ အသံဖိုင် နားထောင်တာကို ရပ်နားခိုင်းထားတယ်လို့ Facebook က ပြောပါတယ်။ ဒီလို နားထောင်ခိုင်းတာဟာ Messenger App မှာ ဖန်ရှင်တွေ အလုပ်ကောင်းကောင်း လုပ်သလားဆိုတာနဲ့ အသံဖိုင်တွေက စကားတွေကို စာသားအဖြစ် ပြောင်းပေးနိုင်အောင် စစ်ဆေးဖို့ ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်ကတည်းက Messenger မှာ ဗီဒီယိုတွေက ပြောစကားတွေကို စာသားအဖြစ် ပြောင်းပေးတဲ့ လုပ်ဆောင်ချက်ကို ထည့်သွင်းခဲ့တာပါ။ ဒါပေမယ့် Default အနေနဲ့ Turn Off လုပ်ထားပါတယ်။ Facebook က အဲဒီလုပ်ဆောင်ချက်ကို Turn On လုပ်တဲ့ လူတွေဟာ အသံဖိုင်တွေကို Third-party Company တွေက လေ့လာဆန်းစစ်တာကို ခံရမယ်လို့ ပြောထားပါတယ်။ Facebook ရဲ့ Support Page မှာ သုံးစွဲသူ တစ်ယောက်ဟာ Messenger မှ ပြောစကားတွေကို Facebook က စာသားအဖြစ် ပြောင်းပေးတာကို ခွင့်ပြုထားရင် ဘယ်အသံဖိုင်ကို မဆို Facebook က နားထောင်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
Facebook ရဲ့ Support Page မှာ “ ကုမ္ပဏီရဲ့ ၀န်ထမ်းတွေဟာ အသံဖိုင်တွေကို လေ့လာဆန်းစစ်နိုင်ပါတယ်။ Voice to Text က Machine Learning ကို အသုံးပြုပါတယ်။ ဒီလုပ်ဆောင်ချက်ကို ပိုသုံးလေလေ၊ Voice to Text က သင့်ကို ပိုပြီး ကူညီနိုင်လေလေ ဖြစ်ပါတယ်။ “ လို့ ရေးသားထားပါတယ်။ ဒါပေမယ့် သုံးစွဲသူတွေဘက်က ကြည့်ရင် ကိုယ်ရေးကိုယ်တာ လုံခြုံမှု မရှိပါဘူး။
Digital Times