ကင်မရာ ၃ လုံးပါတဲ့ ခေါက်ချိုးဖုန်းကို မှတ်ပုံတင်လိုက်တဲ့ Xiaomi

ကင်မရာ ၃ လုံးပါတဲ့ ခေါက်ချိုးဖုန်းကို မှတ်ပုံတင်လိုက်တဲ့ Xiaomi google.com
Xiaomi က EU Intellectual Property Office မှာ ခေါက်ချိုး ဖုန်း ၁ လုံးကို မှတ်ပုံတင်လိုက်ပါတယ်။
ပုံကြမ်းအရ နှစ်ထပ်ခေါက်ချိုးနိုင်တဲ့ ဒီဇိုင်း ဖြစ်ပြီး အနောက်ဘက်မှာ ကင်မရာ ၃ လုံး ထည့်သွင်းထားပါတယ်။
 
Xiaomi က အဲဒီ ဖုန်းရဲ့ ဗီဒီယို ၂ ခုကို တင်ထားပါတယ်။ ဘယ်ဘက်နဲ့ ညာဘက်ထောင့်တွေကို အနောက်ဘက်ကို ချိုးချနိုင်ပါတယ်။ အဲဒီလိုချိုးချရင်တော့ ကင်မရာတွေကို ဖုံးကွယ်သွားမှာပါ။ များသောအားဖြင့်တော့ ဆဲလ်ဖီး ကင်မရာတွေကတော့ ဘယ်လို အခြေအနေမျိုးမှာ မဆို ဖုံးကွယ်နေခြင်း မရှိပါဘူး။ ပုံကြမ်းမှာ ဆဲလ်ဖီး ကင်မရာကို မမြင်ရပါဘူး။ အဲဒီအတွက် Xiaomi ရဲ့ ခေါက်ချိုး ဖုန်းမှာ Pop-up Selfie Camera ပါလာနိုင်ပါတယ်။
 
Xiaomi ရဲ့ ခေါက်ချိုးဖုန်းကို ကွာတား ၂ မှာ ရောင်းမှာ ဖြစ်ပြီး Galaxy Fold နဲ့ ထက်ဝက်ဈေးလောက်ပဲ ရှိမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ ဒါပေမယ့် နည်းပညာ ပြဿနာတွေကြောင့် Galaxy Fold ရောင်းချတာကို နောက်ဆုတ်ပြီးနောက်ပိုင်းမှာ အခြား ကုမ္ပဏီတွေရဲ့ ခေါက်ချိုး ဖုန်း သတင်းတွေ ငြိမ်သွားခဲ့ပါတယ်။
 
Digital Times
Read times
Rate this item
(1 Vote)