Always-on Display ပါဝင်လာတဲ့ Apple Watch Series 5

Always-on Display ပါဝင်လာတဲ့ Apple Watch Series 5 google.com
Apple က ဒီဇိုင်းလှပတဲ့ Watch Series 5 ကို ကြေညာလိုက်ပြီး Always-on Display ပါလာပါတယ်။
ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ၂၀ ရက်နေ့မှာ ရောင်းမှာပါ။ Watch Series 5 (GPS) ကို ၃၉၉ ဒေါ်လာနဲ့ Watch Series 5 (GPS+ Cellular) ကို ၄၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၆၀၀,၀၀၀ နဲ့ ၇၆၀,၀၀၀ လောက် ကျသင့်မှာပါ။
 
Watch Series 5 ရဲ့ ဘက်ထရီ သက်တမ်းက ၁၈ နာရီ ဖြစ်ပါတယ်။ ထူးခြား ဆန်းသစ်တဲ့ Hardware နဲ့ Software တွေကို ပေါင်းစပ်ထားလို့ ဒီလောက် အသုံးခံတာ ဖြစ်ပါတယ်။ စွမ်းအင် စားသုံးမှု သက်သာစေတဲ့ နည်းပညာတွေ ထည့်သွင်းထားပါတယ်။ အလန်းစား Watch Face တွေ ပါလာပါတယ်။ Latitude နဲ့ Longitude ၊ Elevation တွေကို ပြသပေးတဲ့ Compass ပါလာပါတယ်။ Always-on Display က အချိန်နဲ့ အခြား သတင်းအချက်အလက်တွေကို အချိန်ပြည့်ပြသပေးပါတယ်။ မျက်နှာပြင်ကို လက်နဲ့ထိစရာတောင် မလိုတော့ပါဘူး။
 
 
အရင်မျိုးဆက်ထက် Case Color နဲ့ Band တွေ ပိုများလာပါတယ်။ ကိုယ်လက်လှုပ်ရှားမှုကို တိုင်းတာပေးတဲ့ လုပ်ဆောင်ချက်တွေနဲ့ ကျန်းမာရေး စောင့်ရှောက်ပေးတဲ့ လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပါတယ်။ အမျိုးသမီးများရဲ့ ဓမ္မတာ စက်ဝိုင်းနဲ့ ကိုယ်ဝန်ရနိုင်မယ့် အချိန်တွေကို တွက်ချက်ပေးပါတယ်။
 
Digital Times
Read times
Rate this item
(1 Vote)