MPT မှ Night Safety Data Package အသစ်ကို မိတ်ဆက်

မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေ တာဖြစ်သည့် MPT သည် ည ၁၁ နာရီ မှ နံနက် ၇ နာရီအတွင်း
ပုံမှန် အင်တာနက် အသုံးပြုလေ့ရှိသည့် သုံးစွဲသူများအတွက် “Night Safety Data Package” အစီအစဉ်ကို ယနေ့ မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာလိုက်သည်။ စိတ်ဝင်စားဖွယ်ရာ ဆွဲဆောင် နိုင်သည့် ဈေးနှုန်းများနှင့် ဤဒေတာအထူး အစီအစဉ်ကို စက်တင်ဘာ လ (၁၂) ရက်မှစ၍ ထပ်မံမကြေညာခင်အချိန်အထိ ရယူ အသုံးပြုနိုင် မည်ဖြစ်သည်။
 
MPT ၏ “Night Safety Data Package” ကို GSM/ WCDMA ဆွေသဟာ/ ရှယ်ပြော /ရွှေစကား အစီအစဉ်ရယူထားသော (Prepaid/ Postpaid) အသုံးပြုသူများအားလုံး ရယူသုံးစွဲနိုင်မည် ဖြစ်သည်။ “Night Safety Data Package” များကို အောက်ပါ ဇယားတွင် ကြည့်ရှုနိုင်ပါသည်။
 
* Night Safety ဒေတာ ပက်ကေ့ခ်ျများစွာ ဝယ်ယူသုံးစွဲသူများ အနေဖြင့် နောက်ဆုံး ဝယ်ယူထားသော ပက်ကေ့ခ်ျ ၏ မြန်နှုန်း သတ်မှတ်ချက်အတိုင်း အသုံးပြုနိုင်မည်ဖြစ်သည်။
 
 
သုံးစွဲသူများအနေဖြင့် “Night Safety Data Package” ကို ကန့်သတ်မှု မရှိဘဲ ပုံမှန်မြန်နှုန်းနှင့် အသုံးပြုနိုင်သလို (without speed throttling) နှင့် အင်တာနက်မြန်နှုန်းကို တစ်စက္ကန့်လျှင် ကန့်သတ်မြန်နှုန်း 1.5 MB ဖြင့် အသုံးပြုနိုင်မည်ဖြစ်ပြီး (with speed throttling) ဒေတာပမာ ဏ နှင့် သက်တမ်းကိုလည်း ပေါင်းစည်း၍ အသုံးပြုနိုင်မည် ဖြစ်သည်။ အဆိုပါ ပက်ကေ့ခ်ျသက်တမ်းမှာ ဝယ်ယူထားသော ပက်ကေ့ခ်ျ များပေါ်တွင် မူတည်၍ ၁ ရက်၊ ၃ ရက်၊ ၇ ရက် စသည်ဖြင့် အသုံးပြုနိုင် မည် ဖြစ်ပြီး “Night Safety Data Package” ၏ လက်ကျန်ဒေတာ များကို သယ်ဆောင်အသုံးပြုမှု မရရှိနိုင်ပါ။
 
ဥပမာ ၁။ ကန့်သတ်မှုမရှိဘဲ ပုံမှန်မြန်နှုန်းနှင့် အသုံးပြုနိုင်မည့် (without speed throttling) “Night Safety Data Package” ကို ဝယ်ယူထားပြီး ကန့်သတ်မြန်နှုန်း 1.5 MB ဖြင့် အသုံးပြုနိုင်သော “Night Safety Data Package” ကို ထပ်မံဝယ်ယူပါက အသုံးပြုနိုင်သောဒေတာပမာဏ ပေါင်း စည်းသွားမည်ဖြစ်ပြီး ၊ မြန်နှုန်း သတ်မှတ်ချက်မှာလည်း နောက်ဆုံး ဝယ်ယူထားသည့် ပက်ကေ့ခ်ျ၏ မြန်နှုန်းသတ်မှတ်ချက်အတိုင်း အသုံးပြုနိုင်မည်ဖြစ်သည်။ သက်တမ်း မှာမူ ရက်အကြာဆုံးရှိသည့် ပက်ကေ့ခ်ျ ၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည် ဖြစ်သည်။
 
ဥပမာ ၂။ သုံးစွဲသူများထံတွင် အခြား ပက်ကေ့ခ်ျများ (ဥပမာ-Mobile Legend ​ဒေတာပက်ကေ့ခ်ျ) နှင့် “Night Safety Date Package” ရှိသည်ဆိုပါက “Night Safety Data Package” ၏ ​ဒေတာ ပမာဏကို အရင်ဆုံး အသုံးပြုဖြတ်တောက်သွားမည်ဖြစ်သည်။
 
အဆိုပါ ဒေတာပက်ကေ့ခ်ျ ဝယ်ယူထားသောသုံးစွဲသူများသည် ညစဉ် ည ၁၁ နာရီ နှင့် နံနက် ၇ နာရီ ကြား အသုံးပြုနိုင်မည် ဖြစ်ပြီး ပက်ကေ့ခ်ျ ဝယ်ယူအသုံးပြုမှုအတွက် မိမိ၏မူလ လက်ကျန်ငွေ (သို့မဟုတ်) အပိုဆောင်းဒေတာများနှင့် အခြား (Standard Internet Package) များထက်အရင် “Night Safety Data Package” မှ အသုံးပြုဖြတ်တောက် သွားမည်ဖြစ်သည်။
 
အဆိုပါ “Night Safety” ဒေတာပက်ကေ့ခ်ျကို ဝယ်ယူလိုပါက *233# ကိုခေါ်ဆို၍ နှစ်သက်ရာ ပက်ကေ့ခ်ျကို ရွေးချယ် ဝယ်ယူခြင်းဖြင့်သော် လည်းကောင်း MPT 4U အက်ပလီကေးရှင်းမှတစ်ဆင့်လည်း အဆိုပါ ပက်ကေ့ခ်ျကို ဝယ်ယူမည်ဆိုပါက ထပ်မံ၍ အပိုဆောင်းဒေတာများကို ပျော်ရွှင်စွာ အသုံးပြုနိုင်မည် ဖြစ်သည်။ အဆိုပါ ညသုံးဒေတာ ပက်ကေ့ခ်ျကို ဝယ်ယူခြင်းဖြင့် MPT ၏ မြန်ဆန်သော 3G/LTE+ ဖြင့် အင်တာနက်အသုံးပြုခြင်းကို 1MB လျှင် ၁ကျပ် မှစတင်၍ ဈေးနှုန်း သက်သာစွာဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။
 
70817882_2903667892994131_4637721689268944896_o.png
 
MPT-KSGM Joint Operations ၏ စီးပွားရေး ဌာနကြီးမှ အရာရှိချုပ် ဖြစ်သူ Mr. Reizo Umeda မှ “ကျွန်တော် တို့ပေးအပ်လိုက်တဲ့ စိတ်ဝင်စားဖွယ်ရာ ဆွဲဆောင်နိုင်တဲ့ ဈေးနှုန်းတွေနဲ့အတူ MPT သုံးစွဲသူတွေ ဒေတာ အလွန်အကျွံ အသုံးပြုမိမှာကို စိုးရိမ်နေဖို့ မလိုတော့ပါဘူး။ ကျွန်တော်တို့ရဲ့သုံးစွဲသူတွေ သူတို့ လိုချင်သလို နေ့အချိန်ထက် ညဘက်မှာ အင်တာနက်မြန်နှုန်းကို ထိန်းညှိပြီး အသုံးပြုနိုင်ဖို့ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။
 
အခု ဒေတာပက်ကေ့ခ်ျ ပရိုမိုးရှင်းအစီအစဉ်က သုံးစွဲသူတွေအတွက် 1MB ကို ၁ ကျပ်တည်းနဲ့ အရည်အသွေးကောင်းတဲ့အင်တာနက်ကို ရယူအသုံးပြုနိုင်မှာ ဖြစ်ပြီး ဗွီဒီယိုဂိမ်းတွေဆော့နိုင်တယ်၊ ဗွီဒီယိုတွေကြည့်နိုင်တယ်၊ ဒေတာနဲ့ အသုံးပြုရတဲ့ အက်ပလီကေးရှင်း တွေကိုစိတ်ကြိုက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အသုံးများတဲ့အချိန်ပြီးသွားရင်တော့ တစ်စက္ကန့်လျှင် ကန့်သတ်မြန်နှုန်း 1.5 MB ဖြင့် အသုံးပြုနိုင်တဲ့ “Night Safety Data Package” က အခြား​ဒေတာပက်ကေ့ခ်ျ (သို့မဟုတ်) ကြိုက်သလောက် သုံး ကျသင့်သလောက်ပေး (PAYG) တွေထက် ဒေတာသုံးစွဲမှုနှုန်းကို ပိုပြီးသက်သာစေပါတယ်” ဟုပြောကြားခဲ့သည်။
 
Read times
Rate this item
(1 Vote)