အောက်တိုဘာလ ၁၀ ရက်မှာ ကြေညာမယ့် OPPO Reno Ace

အောက်တိုဘာလ ၁၀ ရက်မှာ ကြေညာမယ့် OPPO Reno Ace google.com
OPPO က တရုတ်မှာ စက်တင်ဘာလ ၁၀ ရက်နေ့မှာ ပွဲ ၁ ခု ကျင်းပပြီး Reno 2 Smartphone ကို ကြေညာခဲ့ပါတယ်။
အဲဒီပွဲမှာ OPPO က Reno Ace နာမည်ရ စွမ်းရည်မြင့် စမတ်ဖုန်း အသစ် ၁ လုံးကို အောက်တိုဘာလမှာ တရုတ်တွင် ကြေညာမယ်လို့ အတည်ပြုခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီက Reno Ace ကို အောက်တိုဘာလ ၁၀ ရက်နေ့မှာ မိတ်ဆက်မယ်လို့ ကြေညာလိုက်ပါတယ်။
 
Reno Ace မှာ 65W SuperVOOC Fast Charging ပါမယ်လို့ ဒုတိယ ဥက္ကဌ Brian Shen က အတည်ပြုထားပါတယ်။ အဲဒီ နည်းပညာဟာ အရင်နှစ်ထုတ် OPPO R17 Pro မှာ ပါတဲ့ 50W SuperVOOC Fast Charging ထက် ပိုမြန်ပါတယ်။ ၁၀ မိနစ်ထဲနဲ့ ၄၀ ရာခိုင်နှုန်း အားဖြည့်ပေးပါတယ်။
 
OPPO Reno Ace မှာ 90Hz Display ပါလာမှာ ဖြစ်ပါတယ်။ လက်ရှိမှာ သူ့ရဲ့ သတင်းအချက်အလက်တွေ ပေါက်ကြားထွက်ပေါ်ခြင်း မရှိသေးပါဘူး။ Shen မျှဝေထားတဲ့ ပုံအရ Reno Ace ရဲ့ မျက်နှာပြင်အထက်နဲ့ အောက်ကဘောင်တွေဟာ အရမ်းကို ပါးလွှာပါတယ်။ ဘေး ၂ ဖက်ဟာ ဘောင်ပျောက်ဒီဇိုင်း ဖြစ်ပါတယ်။
 
Screen-to-body Ratio က ၁၀၀ ရာခိုင်နှုန်း နီးပါးလောက် ရှိမှာပါ။ Notch မပါဘဲ မျက်နှာပြင်အောက်မှာ ဆဲလ်ဖီး ကင်မရာ မြှပ်နှံထားမလား၊ Pop-up Camera ပါလာမလားဆိုတာ မသိရသေးပါဘူး။ သူ့မှာ Snapdragon 855+ ပါလာနိုင်ပါတယ်။ သူ့အကြောင်းကို လာမယ့် ရက်တွေမှာ ပိုသိလာရမှာပါ။
 
Digital Times
Read times
Rate this item
(1 Vote)