ဈေးသက်သာတဲ့ Low-end Android စမတ်ဖုန်းတွေကို ဝယ်သင့်သလား

ဈေးသက်သာတဲ့ Low-end Android စမတ်ဖုန်းတွေကို ဝယ်သင့်သလား google.com
အသစ်ထွက်ရှိလာသမျှ စမတ်ဖုန်းသစ်တွေက မိတ်ဆက်တဲ့အခါတိုင်းမှာ အံ့အားသင့်စရာ ကောင်းလောက်အောင် ဆွဲဆောင်နိုင်ကြပါတယ်။
စမတ်ဖုန်းအသစ်တွေမှာ နောက်ဆုံးပေါ်နည်းပညာတွေ ထောက်ပံ့ပါဝင်လာပေမယ့် အဲဒီဖုန်းတွေမှာ သဘောမကျစရာ တစ်ခုခုတော့ ပါလာမြဲလည်းဖြစ်ပါတယ်။
 
တစ်ခုကတော့ဈေးနှုန်းဖြစ်ပါတယ်။ ဒါကလည်း ဈေးသက်သာတဲ့ စမတ်ဖုန်းတွေကို ရွေးချယ်ကြတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ဈေးကြီးတဲ့ စမတ်ဖုန်းတွေနဲ့ ဈေးနှုန်းသက်သာတဲ့ စမတ်ဖုန်းတွေကြားထဲက ခြားနားချက်တွေ များစွာရှိလားဆိုတာကို တင်ပြပေးသွားမှာဖြစ်ပါတယ်။
 
Display အရည်အသွေးပိုင်း ကွာခြားမှု
မိမိအနေနဲ့ ဈေးသက်သာတဲ့ စမတ်ဖုန်းတွေကို ဝယ်မယ်ဆိုရင်တော့ ပထမဆုံး သတိပြုမိတာက display ရဲ့ အရည်အသွေးပိုင်း မတူတာကိုပါ။ ဘက်ဂျက်စမတ်ဖုန်းတွေရဲ့ အဓိက LCD ကို အသုံးပြုထားကြတာဖြစ်ပြီး AMOLED display ကိုတော့ ဈေးပိုကြီးတဲ့ မော်ဒယ်တွေမှာသာ အသုံးပြုတာဖြစ်ပါတယ်။ LCD display ဖုန်းတွေက ပါဝါသုံးစွဲမှုပိုများသလို ကာလာပိုင်းကလည်း ကြည်လင်ပြတ်သားမှုက AMOLED လောက် မကောင်းပါဘူး။
 
ဒီဇိုင်းနဲ့ တည်ဆောက်ထားမှု
Low-end စမတ်ဖုန်းတွေက ကိုင်ရတာမှာလည်း တည်ဆောက်ထားမှုနဲ့ ဒီဇိုင်းပိုင်းက သိပ်အကောင်းကြီးလို့ မခံစားရနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ High-end စမတ်ဖုန်းတွေလိုမျိုး ဖန်သား၊ လည်သာ ဒါမှမဟုတ် သတ္တုစပ်တွေ အသုံးပြုဖန်တီးထားတာ မဟုတ်လို့ပါ။ ဈေးသက်သာတဲ့ ဖုန်းတော်တော်များများရဲ့ ကိုယ်ထည်ပိုင်းက ပလတ်စတစ်ကို အသုံးပြုဖန်တီးထားတာဖြစ်ပြီး တချို့အစိတ်အပိုင်း လောက်ကိုသာ သတ္တုစပ်အသုံးပြု ဖန်တီးထားတာဖြစ်ပါတယ်။
 
ကင်မရာပိုင်း ဖန်တီးထားမှု
Low-end စမတ်ဖုန်းကို ဝယ်လိုက်လို့ရှိရင်တော့ ဓာတ်ပုံရိုက်တဲ့အခါမှာ ရုပ်ထွက်ပိုင်း ကြည်လင်ပြတ်သားမှုပိုင်းနဲ့ ကာလာပိုင်းက ကောင်းတယ်ဆိုရုံလောက်ပဲ ဖြစ်မှာပါ။ ဈေးသက်သာတဲ့ ဖုန်းတွေရဲ့ ကင်မရာ aperture က များတယ်လို့ ထင်ရရင်တောင်မှ အလင်းဝင်နိုင်မှုက အရမ်းကို နည်းပြီး ပုံထွက်ပိုင်းက ကောင်းတယ် ဆိုရုံလောက်ပဲ ရိုက်နိုင်မှာဖြစ်ပါတယ်။
 
ဘက်ဂျက်ဖုန်းမှာ NFC စနစ် မပါဝင်ပါဘူး
ဈေးသက်သာတဲ့ ဖုန်းကို ဝယ်မယ်ဆိုရင်တော့ NFC စနစ်ကို အသုံးပြုနိုင်မှာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၈ နှစ်ခန့်ကသာ ပထမဆုံး အနေနဲ့ ဈေးသက်သာတဲ့ ဖုန်းတွေမှာ ဒီစနစ်ကို ထည့်သွင်းပေးခဲ့တာပါ။ ခုဆိုရင်တော့ လုံးဝကို ပါဝင်လာခြင်း မရှိတော့ပါဘူး။ ဒီစနစ် ထောက်ပံ့ပါဝင်တဲ့ ဖုန်းကို ဝယ်ယူမယ်ဆိုရင်တော့ လေး-ငါးသိန်း ဝန်းကျင်ရှိတဲ့ ဖုန်းတွေ ဝယ် သုံးမှပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
 
OS Update တွေကို လက်လွှတ် ဆုံးရှုံးရပါမယ်
OS update အသစ်တွေ App နဲ့ ဂိမ်းတွေရဲ့ update အသစ်တွေ ပေးတာမျိုးတွေမှာ ပရီမီယံဖုန်းတွေသာ ပထမဆုံးရရှိတာ ဖြစ်ပါတယ်။ ဖုန်းရဲ့မော်ဒယ်က နောက်ဆုံးပေါ်ဖြစ်နေပေမယ့်လည်း အဲလိုမျိုး update တွေကိုတော့ လက်လွှတ်ရမှာဖြစ်ပါတယ်။ လအနည်းငယ်ကြာ စောင့်ဆိုင်းပြီးမှ ရချင်တဲ့အခါလည်း ရရှိမှာဖြစ်ပါတယ်။
 
ဈေးသက်သာတဲ့ဖုန်းတွေမှာ စွမ်းဆောင်ရည်မြင့်မားတဲ့ CPU တွေ မသုံးထားသလို Memory ပါဝင်မှုကလည်း နည်းပါးမှု
မိမိက စိတ်မြန်တဲ့သူမျိုးဆိုရင်တော့ ဈေးသက်သာတဲ့ ဖုန်းတွေကို မရွေးချယ်သင့်ပါဘူး။ ဖုန်းရဲ့ CPU ပိုင်းက စွမ်းဆောင်ရည် သိပ်မမြင့်မားတဲ့အတွက် လုပ်ဆောင်ချက်တိုင်းကို မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ ဓာတ်ပုံနဲ့ ဗီဒီယိုဖိုင်တွေကို ဖွင့်တဲ့အခါမျိုးမှာတောင် ကြာချင် ကြာနေနိုင်ပါတယ်။
 
နောက်တစ်ခုက ဈေးသက်သာတဲ့ ဖုန်းတွေက သိုလှောင်နိုင်မှု ပမာဏ 64GB နဲ့ မလာတတ်ကြပါဘူး။ ပါတဲ့ ပမာဏကလည်း bloatware တွေအတွက် ယူထားတဲ့ ပမာဏအရ အပြည့်အဝ အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။
 
နိဂုံးချုပ်ရမယ်ဆိုရင် မိမိအနေနဲ့ ဖုန်းကို အသုံးပြုမှုအပေါ် မူတည်ပြီး ဈေးသက်သာတဲ့ ဖုန်းတွေက အကောင်းဆုံး ရွေးချယ်မှုတစ်ခုအနေနဲ့ ရှိနေမှာဖြစ်ပါတယ်။ ဖုန်းပြောရုံသက်သက်နဲ့ အခြား လုပ်ဆောင်ချက် အနည်းငယ် အသုံးပြုရုံလောက်သာ ဆိုရင်တော့ ဈေးသက်သာတဲ့ ဖုန်းတွေကို အသုံးပြုသင့်တယ်လို့ဆိုချင်ပါတယ်။
 
Internet Journal
Read times
Rate this item
(1 Vote)