Google ရဲ့ ဝန်ဆောင်မှု နှင့် Appsတွေမပါဘဲ Huaweiရဲ့ Honor 5G စမတ်ဖုန်း အကြောင်း တစေ့စောင်း

Google ရဲ့ ဝန်ဆောင်မှု နှင့် Appsတွေမပါဘဲ Huaweiရဲ့ Honor 5G စမတ်ဖုန်း အကြောင်း တစေ့စောင်း google.com
Huawei ကုမ္ပဏီအနေနဲ့ google ဝန်ဆောင်မှုများနဲ့ apps တွေကို ထည့်မသွင်းဘဲ ကိုယ်ပိုင် ဝန်ဆောင်မှုများကို အစားထိုးထည့်သွင်း အသုံးပြထားတဲ့ Honor View 30 pro ကို မိတ်ဆက်ခဲ့ပြီဖြစ်ပါတယ်။ 
 
ပွဲအတွင်း ကြေငြာသွားတဲ့ အချက်အလက်အရကတော့ Kirin 990 5G chipset ကိုထည့်သွင်းအသုံးပြုထားပြီး ၆.၇ လက်မအရွယ် Full HD display နဲ့ punch hole selfie camera ကို အသုံးပြုပေးထားတာဖြစ်ပါတယ်။ 4100 mAh ဘက်တရီကို အသုံးပြုပေးထားတာဖြစ်လို့ နေ့စဉ်အသုံးပြုဖို့အတွက်တော့ လုံလောက်တဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။
 
Honor View 30 pro သည် honor series ထဲမှာ 5G ကို ပထမဆုံး တပ်ဆင်ထားပေးတဲ့ ဖုန်းဖြစ်ပါတယ်။ Huawei အနေနဲ့ တရုတ်အပြင်မှာ မိတ်ဆက်ပေးခဲ့တဲ့ ဖုန်းဖြစ်ပြီး လာမယ့် မတ်လထဲမှာ ဥရောပဈေးကွက်ကို စတင် တင်ပို့မယ်လို့လည်း ကြေငြာသွားခဲ့ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ €249 ၊ မြန်မာငွေ ၄ သိန်းဝန်းကျင် ကနေစတင်မယ်လို့သိရပါတယ်။
 
Huawei ရဲ့  စမတ်ဖုန်းတွေထဲမှာ ကိုယ်ပိုင် ဝန်ဆောင်မှုများကို ကြွားထားတဲ့ဖုန်းဖြစ်တာကြောင့်မို့ honor ချစ်သူတွေအတွက်ကတော့ စောင့်ကြည့်ချင်စရာကောင်းလှပါတယ်။
 
84448473_605607086947134_8672898589766189056_n.jpg
 
Zawgyi Version
 
 
 
 
 
 
 
Read times
Rate this item
(0 votes)