M-God လို့နာမည်ကြီးသူ Miracle ရဲ့ဘ၀ဇာတ်ကြောင်း

M-God လို့နာမည်ကြီးသူ Miracle ရဲ့ဘ၀ဇာတ်ကြောင်း Google

M-God လို့နာမည်ကြီးသူ Miracle ရဲ့ နာမည်အရင်းကတော့ Amer Al-Barkawi ဖြစ်ပါတယ်။

သူ့ကို ၁၉၉၇ ခုနှစ် ဇွန်လ ၂၀ ရက်နေ့မှာ ဖခင်ပိုလန်လူမျိုးနဲ့ မိခင်ဂျော်ဒန်လူမျိုးတို့ကနေ မွေးဖွားခဲ့ပါတယ်။
ဒါကြောင့်မလို့သူဟာ dual citizenship ကို ကိုင်ဆောင်ထားသူဖြစ်ပါတယ်။
Miracle အနေနဲ့ Dota 2 pro scene ကို ၂၀၁၅ ခုနှစ်မှာစတင်ဝင်ရောက်ခဲ့ပြီး Baikan Bears မှာပါ။
ဒါပေမဲ့ အဲ့အသင်းမှ ၄ လလောက်ပဲကစားခွင့်ရခဲ့ပြီး အသင်းကနေထုတ်ပယ်ခံခဲ့ရပါတယ်။
အသင်းလက်မဲ့ဖြစ်သွားတဲ့ Miracle ဟာဘယ်အသင်းမှာမှ ၀င်မကစားတော့ပဲ Solo ပဲထိုင်တင်ပါတော့တယ်။
တစ်ဖြေးဖြေးနဲ့ Miracle ဟာ Europe Leaderboard မှာအပေါ်ရောက်လာပြီး နောက်ဆုံးနံပါတ်(၁) နေရာကို ရယူနိင်ခဲ့ပါတော့တယ်။
Leaderboard မှာ နံပါတ်(၁)ဖြစ်ပြီးတဲ့နောက်မှာတော့ Notail ကနေ Miracle ကို Monkey Business မှာလာကစားဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
သိပ်မကြာခင်မှာပဲ OG အနေ Sponsor ပေးခဲ့လို့ အသင်းနာမည်ကိုလည်း OG လို့ပြောင်းလဲခဲ့ပါတယ်။
OG နဲ့အတူ Miracle ဟာ သူ့အတွက် ပထဆုံး Major ပြိုင်ပွဲအဖြစ် င်္Frankfurt Major ကို ကစားခဲ့ပါတယ်။
အဲ့ပြိုင်ပွဲမှာတော့ Miracle က SF နဲ့ high level performance တွေကို ပြိုင်ပွဲတစ်လျှောက်လုံး ပြသနိင်ခဲ့ပြီး OG ရဲ့ပြိုင်ဘက်အသင်းတွေအနေနဲ့ SF ကို respect ban ပါ ban ခဲ့ရပါတယ်။
Frankfurt Major နောက်ပိုင်းမှာလည်း Miracle ဟာ OG နဲ့အတူ ပြိုင်ပွဲပေါင်းမြောက်မြားစွာမှာ ချန်ပီယံအဖြစ် အောင်ပွဲခံနိင်ခဲ့ပါတယ်။
ဒါကြောင့် TI6 မှာ လူကြိုက်အများဆုံးအသင်းအဖြစ် ရပ်တည်နိင်ခဲ့ပါတယ်။
ဒါပေမဲ့ MVP နဲ့TnC Gaming တို့ရဲ့မထင်မှတ်တဲ့ ထိုးနှက်ချက်တွေကြောင့် ပြိုင်ပွဲကနေထွက်ခွာခဲ့ရပါတယ်။
TI6 အပြီးမှာပဲ Miracle ဟာ OG ကနေထွက်ခွာပြီးနောက် ခဏအနားယူမဲံ့ FATA ကြောင့် နေရာလစ်လပ်သွားတဲ့ Team Liquid ကိုရောက်လာခဲ့ပါတယ်။
Miracle ရဲ့ Liqud ကစားသမားဘ၀ အစောပိုင်းနေ့ရက်တွေကတော့ Boston Majior Qualifier ကိုမအောင်မြင်ခြင်းနဲ့အတူ ခက်ခဲကြမ်းတမ်းခဲ့ပါတယ်။
ဒါပေမဲ့ GH ရောက်လာခဲ့တဲ့ ၂၀၁၇ နှစ်စကနေစပြီး အောင်မြင်မှုတွေကို တောက်လျှောက်ရယူနိင်ခဲ့ပါတယ်။
StarSeries Season 3, StarLadder i-League Invitational #2. EPICENTER နဲ့ DreamLeague Season 7 တို့မှာ ချန်ပီယံဆုတွေကို ရယူနိင်ခဲ့ပါတယ်။
ဒါတင်သာမကပဲ Dota နဲ့ပတ်သက်တဲ့သူတိုင်းရဲ့ အိပ်မက်ဖြစ်တဲ့ TI ဆုကိုလည်း ၂၀၁၇ ခုနှစ်အတွင်းမှာပဲ ရယူနိင်ခဲ့ပါတယ်။
Miracle ရဲ့ တစ်ဦးချင်းအောင်မြင်မှုတွေကတော့


* TI နဲ့ Major ၂ ခုကိုရယူနိင်ခဲ့တဲ့ ကစားသမားစာရင်းမှာ s4 နဲ့ Puppey တို့နဲ့အတူပါဝင်နိင်ခဲ့
* ၂၀၁၆ ခုနှစ် မေလ ၁၁ ရက်နေ့မှာ Dota2 သမိုင်းမှာ ပထမဦးဆုံး 9k MMR ရောက်ရှိတဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့
* ၂၀၁၆ မှာ eSports Industry Awards ရဲ့ Rookie of the Year 2016 ကိုရယူနိင်ခဲ့
* ၂၀၁၇ ခုနှစ်မှာ eSports Industry Awards ရဲ့ PC Player of the year ကိုရယူနိင်ခဲ့

Author - Realman

 

Read : Instagram Founder နှစ်ဦး ရာထူးမှ နှုတ်ထွက်ခြင်းသည် Mark Zuckerberg နဲ့သက်ဆိုင်နေတယ်

Instagram Founder နှစ်ဦး ရာထူးမှ နှုတ်ထွက်ခြင်းသည် Mark Zuckerberg နဲ့သက်ဆိုင်နေတယ်

Read times
Rate this item
(6 votes)