Jearx ပို့ခဲ့တဲ့ ရင်ကို အေးမြသွားစေခဲ့တဲ့ စာတစ်စောင်

Jearx ပို့ခဲ့တဲ့ ရင်ကို အေးမြသွားစေခဲ့တဲ့  စာတစ်စောင် Google

James “2GD” Harding ဆိုတာက TI host ဟောင်းတစ်ဦးဖြစ်ပြီး အခုအချိန်မှာတော့ ဂိမ်းတီထွင်သူတစ်ယောက်ပါ။

2GD အနေနဲ့ သူ့ရဲ့ Personal Stream မှာ သူ့နဲ့အချိန်ကြာမြင့်စွာကတည်းက သူငယ်ချင်းဖြစ်ခဲ့သူ Jearx TI8 ကို OG နဲ့အတူ ရယူနိင်ခဲ့ပြီးတဲ့နောက်မှာ သူ့ကိုပေးပို့ခဲ့တဲ့ စာအကြောင်းကို ဝေမျှခဲ့ပါတယ်။

Jearx အနေနဲ့ သူ့အပေါ်ကို ကျေးဇူးတွေရှိခဲ့တဲ့ 2GD ကို စာတစ်စောင်ကို ကိုယ်တိုင်ရေးသားပြီးတော့ ပေးပို့ကျေးဇူးတင်ခဲ့တာဖြစ်ပါတယ်။

Jearx ရဲ့စာမှာ “ဒီစာက မင်းငါ့ကို ကူညီခဲ့တာတွေနဲ့ ယှဉ်လိုက်ရင်ဘာမှမဟုတ်တာ ငါသိပါတယ်။

ပြောရမယ်ဆိုရင်တော့ ငါ့အနေနဲ့ ပရောဖက်ရှင်ကစားသမားဘ၀ကနေ အနားယူမိဖို့ တော်တော်လေးနီးစပ်ခဲ့တဲ့အချိန်မှာ မင်းရဲ့ GD studio ကနေပြီး ငါ့ကို အချိန်အတော်ကြာထောက်ပံ့ပေးခဲ့တယ်။

အဲ့လိုသာ မထောက်ပံ့ပေးခဲ့ဘူးဆိုရင် အခုအချိန်မှာ ငါ့အနေနဲ့ Dota မကစားတော့ပဲနဲ့ အခြားအလုပ်တစ်ခုခုကိုလုပ်နေမှာ ၁၀၀ % သေချာပါတယ်။

ဒါပေမဲ့အခုတော့ မင်းကျေးဇူးကြောင့် ငါ့အနေနဲ့ Dota ကစားသမားတွေအားလုံးအတွက် အမြင့်ဆုံးဆုဖြစ်တဲ့ TI ကိုပါOG နဲ့အတူ ရယူနိင်ခဲ့ပါပြီ။

ဒါ့ကြောင့်မလို့ ငါမင်းကိုလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။

အခုအထိ ငါမင်းပေးထားတဲ့mouse pad လေးနဲ့ ငါ့အိမ်မှာ ဆော့နေတုန်းပါပဲ” လို့ပါရှိတာဖြစ်ပါတယ်။

2GD ကို TI2,TI3,TI4 တို့ရဲ့ Host အဖြစ်လူသိများပြီး လူသိရှင်ကြားပြဿနာဖြစ်ခဲ့တဲ့ The Shanghai Major 2016 မှာတော့ အလုပ်ထုတ်ခံခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒီအချိန်ကစလို့ 2GD အနေနဲ့ Dota 2 မှာ hosting မလုပ်တော့ပဲ သူ့ရဲ့ FPS game Diabotical တီထွင်တာကိုပဲ အာရုံစိုက်ခဲ့တာဖြစ်ပါတယ်။

သူ့အနေနဲ့ ၂၀၁၃ ခုနှစ်တုန်းက Jearx ရဲ့ ပထမဆုံး Professional Team ဖြစ်တဲ့ QPAD Red Pandas အတွက် စပွန်ဆာကိုလည်း သူကိုယ်တိုင်ရှာပေးခဲ့တာဖြစ်ပါတယ်။

အခုလိုမျိုး Jearx ဆီက စိတ်ခွန်အားတက်ကြွစေမဲ့ စာကိုရခဲ့လို့ 2GD က သူ့အနေနဲ့ Dota 2 scene ကို ပြန်လာနိင်ဖွယ်ရှိကြောင်းကိုလည်း အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် သူငယ်ချင်းကောင်းဆိုတာ ကျရှုံးတဲ့အချိန်မှာ အနားကနေထွက်မသွားပဲ အတတ်နိင်ဆုံးကူညီစောင့်ရှောက်ပေးတတ်သလို အောင်မြင်တဲ့အချိန်မှာလည်း ကိုယ့်ကိုအရင်ဆုံး သတိရတတ်သူတွေဖြစ်ကြောင်းကိုတော့

Jearx နဲ့ 2GD တို့ကပြသသွားခဲ့တာဖြစ်ပါတယ်။

အတုအယောင်သူငယ်ချင်းတွေပေါတဲ့ အခုခေတ်မှာရှိတဲ့သူငယ်ချင်းကောင်းကို တန်ဖိုးထားကြပါ။

 

Author - Realman

 

Read : Ookla မှ အူရီဒူးအား ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အမြန်ဆုံး မိုဘိုင်းကွန်ရက်အဖြစ် Speedtest ဆုချီးမြှင့်

Ookla မှ အူရီဒူးအား ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အမြန်ဆုံး မိုဘိုင်းကွန်ရက်အဖြစ် Speedtest ဆုချီးမြှင့်

Read times
Rate this item
(1 Vote)