သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် Na'Vi နဲ့ ပြန်ရင်ဆိုင်ရတော့မယ့် Dendi

သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် Na'Vi နဲ့ ပြန်ရင်ဆိုင်ရတော့မယ့် Dendi Google

မနေ့က Team Secret ရဲ့ အသင်းခေါင်းဆောင် Puppey အနေနနဲ့ Autumn Brawl ပြိုင်ပွဲမှာမပါဝင်ပဲ ခဏအနားယူမယ့် MidOne ရဲ့နေရာအတွက် သူငယ်ချင်းဟောင်းကြီး Dendi ကိုဖုန်းဆက်ခေါ်ယူခဲ့ပါတယ်။

Dendi ကလည်း Puppey ရဲ့ဖိတ်ခေါ်ချက်ကို လက်ခံခဲ့ပါတယ်။

Dendi ရဲ့ အသင်းဟောင်း Na'Vi အနေနဲ့ ဒီပြိုင်ပွဲကို Group Stage Invite ရခဲ့ပြီး Nemiga Gaming, Elements Pro နဲ့ madjor atendari တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

Na'Vi ဟာ Nemiga နဲ့ Elements Pro တို့နဲ့တွေ့တဲ့နှစ်ပွဲလုံးကို အနိင်ရခဲ့တာကြောင့် Play Off ကို တက်ခွင့်ရခဲ့ပါတယ်။

Play off မှာ Group D ကနေတက်လာတဲ့ Team Lithium နဲ့တွေ့ခဲ့ပြီး ၂ - ၁ နဲ့အနိင်ရခဲ့တာကြောင့် နောက်တစ်ဆင့်ကို တက်ရောက်နိင်ခဲ့ပါတယ်။

နောက်တစ်ဆင့်မှာတော့ Play Off invite ရထားပြီး Dendi Stand-in ၀င်ကစားမယ့် Team Secret နဲ့ တွေ့ဆုံခဲ့ပါတော့တယ်။

ဒါဟာ Dendi အနေနဲ့ သူ့ကစားသမားဘ၀တစ်ခုလုံးနီးပါး ကစားခဲ့တဲ့ Na'Vi နဲ့ ပထမဆုံးအကြိမ် ပြန်လည်ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။

အဲ့ဒီသမိုင်းဝင်ပွဲကိုတော့ အောက်တိုဘာ ၁၂ ရက်နေ့ သောကြာနေ့ည ၉ နာရီခွဲဝန်းကျင်လောက်မှာ ကစားသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။

Dendi အနေနဲ့ သူရဲ့နှလုံးသားထဲကအသင်းကို ဘယ်လိုမျိုးပုံစံ၊ ဘယ်လိုမျိုးခံစားချက်တွေနဲ့ ရင်ဆိုင်ကစားသွားမယ်ဆိုတာကို သူကိုယ်တိုင်ပဲ သိနိင်ပါလိမ့်မယ်ခင်ဗျာ။

Author - Realman

 

Read : ananda (အနန္တ) ၏ 4G+ အင်တာနက်အတွက် Wave Money ဖြင့် ငွေပေးချေနိုင်ပြီ

ananda (အနန္တ) ၏ 4G+ အင်တာနက်အတွက် Wave Money ဖြင့် ငွေပေးချေနိုင်ပြီ

Read times
Rate this item
(0 votes)