Steam ID URL ပြောင်းနည်း

Steam ID URL ပြောင်းနည်း google.com

Steam နဲ့ချိတ်ဆက်ပြီး ဂိမ်းကစားနေသူတွေအတွက် ကိုယ့်ရဲ့ account ID ကို အခြား third-party site တွေမှာ သုံးစွဲဖို့အတွက် steam account ID link ကိုသိရှိလိုတယ် ပြန်လည်ပြောင်းလဲချင်တယ်ဆို ရင် ဖော်ပြပါနည်းလမ်းအတိုင်းပြောင်းလဲနိုင်ပါတယ်။

Steam ID ကိုရှာဖွေဖို့အတွက် URL ကို အသုံးပြုနိုင်ပါတယ်။ ကိုယ့်ရဲ့ account ရှိတဲ့ Steam URL ကို ဖော်ပြစေချင်တယ်ဆိုရင် Steam ကို ဖွင့်လိုက်ပါ။ Steam > Settings > Interface ဆိုပြီးအဆင့်လိုက် သွားရပါမယ်။ Interface ကိုရောက်ရင် Display Steam URL address bar when available ဆိုတဲ့နေရာမှာ အမှန်ခြစ် ထည့်ပေးပြီး Ok button ကို နှိပ်ရပါမယ်။

 

ဒါဆိုရင် ကိုယ့်ရဲ့ Profile ကိုသွားရပါမယ်။ Profile ကိုသွားရင် အပေါ်ဘက်မှာ Steam ID URL ကို အပေါ်ဘက်မှာ ဖော်ပြပေးထားတာကို တွေ့ရပါမယ်။ Steam software ရဲ့ ညာဘက်ထောင့်နားမှာရှိတဲ့ ကိုယ့်ရဲ့ Steam Profile name နေရာမှာ mouse pointer ကိုတင်ထားပြီး Profile ဆိုတာကိုရွေးပြီးနှိပ်ရပါမယ်။

 

 

Profile ထဲကိုရောက်ရင် ဘယ်ဘက်အပေါ်ထောင့်မှာ ကိုယ့်ရဲ့ Steam ID URL ကိုတွေ့ရမှာဖြစ်ပါတယ်။  ပြင်ဆင်မယ်ဆိုရင် Edit Profile ဆိုတဲ့ ခလုတ်ကို နှိပ်ပါ။


နောက်တစ်ဆင့်ကတော့ Steam ID URL ကို ပြောင်းဖို့အတွက် Custom URL ဆိုတဲ့ box မှာ ကိုယ့်ရဲ့ Steam ID URL ကိုနှစ်သက်တဲ့ နာမည်နဲ့ပြောင်းနိုင်မှာဖြစ်ပါတယ်။

 

Myanmar ICT Guide

Source: internet

 

Read times
Rate this item
(1 Vote)