TI8 ချန်ပီယံ OG ၏ရာသီသစ်ပထမဆုံးပြိုင်ပွဲ

TI8 ချန်ပီယံ OG ၏ရာသီသစ်ပထမဆုံးပြိုင်ပွဲ Google

သိပ်မကြာခင်ကပဲ Convictus Gaming က ကျင်းပမယ့် The Melbourme Dota 2 Pro Series ကို သြဇီမှာကျင်းပမယ်လို့ အတည်ပြုခဲ့ပါတယ်။

Mineski ကို Direct Invite လုပ်ခဲ့ပြီးနောက်မှာတော့ နောက်ထပ်ကမ္ဘာ့အဆင့်အသင်းတစ်သင်းကို Direct Invite လုပ်မယ်လို့ဆုံးဖြတ်ခဲ့ပြီး အဲ့ဒီအသင်းကတော့ လက်ရှိကမ္ဘာ့ချန်ပီယံ OG ပဲဖြစ်ပါတော့တယ်။
OG အနေနဲ့ TI8 ပြီးကထဲက ဘယ်ပြိုင်ပွဲမှာမှဝင်ကစားခြင်းမရှိပဲနဲ့ အနားယူနေခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ဒီဇင်ဘာလ ၇ ရက်နေ့ကနေ ၉ ရက်နေ့အထိ The Melbourne Convention Centre မှာကျင်းပပြုလုပ်သွားမယ့်ဒီပြိုင်ပွဲကိုတော့ ၀င်ရောက်ယှဉ်ပြိုင်သွားတော့မှာဖြစ်ပါတယ်။
ဒီပြိုင်ပွဲမှာ ဆုကြေး Australian Dollar 50,000 ချီးမြှင်ပေးသွားမှာဖြစ်ပြီး DPC တော့ရရှိမှာမဟုတ်ပါဘူး။
ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သွားမယ့်အသင်းတွေကတော့

OG (Direct Invite)

Mineski (Direct Invite)

Mr Game Boy (China Qualifier)

DeathBringer Gaming (China Qualifier)

PG.BarracX (Southeast Asia Qualifier)

Alpha Red (Southeast Asia Qualifier)

Natural 9 (Australian Qualifier)

AGN Black (Australian Qualifier) တို့ဖြစ်ပါတယ်။

 

Read : Motherboard အကြောင်း သိကောင်းစရာ

Motherboard အကြောင်း သိကောင်းစရာ

Read times
Rate this item
(1 Vote)