2018 မှာ Google Play Store ရဲ့ လူကြိုက်အများဆုံး Game ဖြစ်လာတဲ့ PUBG Mobile

2018 မှာ Google Play Store ရဲ့ လူကြိုက်အများဆုံး Game ဖြစ်လာတဲ့ PUBG Mobile google.com

Google က Play Store ရဲ့ လူကြိုက်အများဆုံး Content များကို ကြေညာလိုက်ပါတယ်။

အကောင်းဆုံး ဂိမ်းများ၊ App များ၊ ရုပ်ရှင်များနဲ့ အခြား ကဏ္ဍများ ပါဝင်ပါတယ်။ ဂိမ်း အပိုင်းမှာတော့ PUBG Mobile ကို အကောင်းဆုံး အဖြစ် ဂူဂယ်လ်က သတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် Fortnite ကိုသာ Play Store မှာ ဖြန့်ချီမယ်ဆိုရင် သူဟာ PUGB Mobile ထက် လူကြိုက်များသွားနိုင်ပါတယ်။

လူကြိုက်အများဆုံး App က မတူညီတဲ့ ဘာသာစကားများမှ အရေးအကြီးဆုံး စကားလုံးများကို သင်ယူရာမှာ ကူညီပေးတဲ့ Drops ဖြစ်ပါတယ်။ ဂူဂယ်လ်က အကောင်းဆုံး ရုပ်ရှင်နဲ့ ကာတွန်းစာအုပ်များကိုလည်း ကြေညာခဲ့ပါတယ်။ Black Panther က လူကြိုက်အများဆုံး ဖြစ်ပြီး သူ့နောက်မှာ Avengers : Infinity War , Thro : Ragnarok , Deadpool 2 , Jumanji 2 တို့က အစဉ်လိုက် ရပ်တည်နေပါတယ်။

လူကြိုက်အများဆုံး တီဗီ ရှိုးက The Walking Dead ဖြစ်ပြီး သူ့နောက်မှာ Riverdale , The Big Bang Theory နဲ့ The Flash တို့က အသီးသီး ရပ်တည်နေပါတယ်။ Google က Users များ သူတို့ အနှစ်သက်ဆုံး Content များကို Vote ပေးခွင့်ကို ပထမဆုံး အကြိမ် ပြုလုပ်ပေးလိုက်ပါတယ်။ Fan Favorites ကဏ္ဍမှာ လူကြိုက်အများဆုံးက PUBG Mobile နဲ့ Avengers : Infinity War တို့ ဖြစ်ပါတယ်။ YouTube TV က အကောင်းဆုံး App ဖြစ်လာပါတယ်။

Source: Digital times

 

Read times
Rate this item
(0 votes)