Frosthaven Guide : Tips and Tricks

Frosthaven Guide : Tips and Tricks google

 Valve ကနေပြီး Dota 2 ခရစ်စမတ် Event အနေနဲ့ Frosthaven ကို ဒီဇင်ဘာ ၁၉ ရက်နေ့ကနေ ဇန်န၀ါရီလ ၃ ရက်နေ့အထိလုပ်ပေးထားပါတယ်။

 

ဒီ Event ထွက်ပြီးလို့ ၃ ရက်လောက်အကြာမှာတော့ အနိင်ရဖို့ခက်ခဲတာကြောင့် အော်သံဟစ်သံတွေထွက်လာကြပါတော့တယ်။

 

ဒီ Event အတွက် ကာင်းမယ်ထင်တဲ့ Guide လေးတစ်ခုကို ဘာသာပြန်ပြီးရေးပေးထားပါတယ်။

 

ဘယ်ဟီးရိုးတွေကောင်းလဲ ?

 


ဟုတ်ကဲ့။ ဒီ Event အတွက် ထည့်ပေးထားတဲ့ဟီးရိုးတွေအကုန်လုံးကောင်းပါတယ်။

မဟုတ်ရင် ထည့်ပေးထားစရာအကြောင်းမရှိပါဘူး။

ဘယ် Lineup ကတော့ နိင်ဖို့မဖြစ်နိင်ဘူးဆိုတာ မရှိပါဘူး။

ဒါပေမယ့် Dota 2 လိုပဲ ရှိတဲ့ဟီးရိုးတွေအကုန်ကောင်းပေမယ့် အနည်းငယ်လေးချွန်ထွက်နေတဲ့ ဟီးရိုးတွေတော့ ရှိပါတယ်။

လူကြိုက်များကြမှာကတော့ Healing လည်းပါသလို AoE Damage လည်းပါတာကြောင့် wave တွေကိုရှင်းနိင်တဲ့အပြင် slow debuff ကြောင့်လည်းနာမည်ကြီးတဲ့ Omniknight Magus နဲ့တွဲလိုက်ရင် Monster တစ်ကောင်ဖြစ်တဲ့ Troll Warlord စတဲ့ဟီးရိုးတွေကို လူကြိုက်များကြမှာပါ။

အဓိကအရေးကြီးတာက Team Drafting က Balance ဖြစ်ဖို့ပါ။

Unit ရှင်းလို့ကောင်းတဲ့ ဟီးရိုး ၂ ကောင် ၃ ကောင်၊ right click damage အလွန်ကောင်းတဲ့တစ်ကောင်(ဥပမာ – Troll Warlock) နဲ့ Crowd Control လုပ်လို့ကောင်းတဲ့ကောင်(ဥပမာ – WR, Weaver) လိုမျိုး Lineup လိုပါတယ်။

အဲ့ဒီမှာ Crowd Control ဆိုတာကို နည်းနည်းရှင်းပြချင်ပါတယ်။

Crowd Control က Unit ရှင်းတာနဲ့ မတူပါဘူး။

သူက Unit တွေကို ခဏထိန်းထားတာပါ။

Weaver ကို Oct ဆက်ပြီး Level 15 talent CD reduction ယူလိုက်ရင် Skill 1 ကို တောက်လျှောက်ထိုင်ပစ်နေလို့ရပါတယ်။

အဲ့ဒီပုရွက်ဆိတ်လေးတွေကို ထိုင်ခုတ်နေကြမှာဖြစ်လို့ အရှေ့တက်လာမှာကို ခဏတားထားနိင်ပါတယ်။

WR ဆိုလည်း Wind Run နဲ့ပတ်ပြေးပြီး အာရုံလွဲထားနိင်ပါတယ်။

နောက်ထပ်အရေးကြီးတာကတော့ Teamwork ပါ။

ဒီနေရာမှာ Rank တွေ Medal တွေက အရေးမပါတော့ပါဘူး။

အဓိကက စည်းလုံးညီညွတ်မှုပါ။

တစ်ယောက်တစ်ပေါက် လုပ်ချင်တာတွေကို လုပ်နေရင် Event ပြီးတဲ့အထိ Rubick မျက်နှာမမြင်လိုက်ရဘူးဆိုတာ တကယ်ဖြစ်သွားနိင်ပါတယ်။

၅ ယောက် Party ဆော့ရင်က တိုင်ပင်ပြီးဆော့လို့ရပေမယ့် သူငယ်ချင်းနည်းပါးတဲ့သူတွေကတော့ Online ကလူတွေနဲ့ပဲ ကစားရမှာပါ။

အဲ့လူတွေက ကိုယ်ပြောတဲ့ဟီးရိုးကို ယူချင်မှယူမှာဖြစ်ပြီး ကိုယ်ဖြစ်ချင်သလိုလည်း ကစားချင်မှကစားမှာပါ။

ဒါကြောင့် Notail ပြောတဲ့ Everything can work ကို စိတ်ထဲမှာနှလုံးသွင်းပြီး အကောင်းဆုံးကစားပါ။

 

ဘယ် Item တွေဆက်သင့်လဲ ?


ဒီ Event မှာရမယ့် Gold က အကန့်အသတ်ရှိပါတယ်။

Dota လိုမျိုး Item ၆ ကွက်ပြည့်မှ ငါ Battle လာမယ်လုပ်လို့မရပါဘူး။

အဲ့တော့ ရတဲ့ Gold နဲ့ အကောင်းဆုံး Item တွေကို ဆက်ရပါမယ်။

Unit ရှင်းနိင်မယ့် Item တွေ၊ Regen ကောင်း/ Tank နိင်တဲ့ Item တွေနဲ့ လွယ်လွယ်နဲ့မသေမယ့် Item တွေ ဆက်ရပါမယ်။

မသေမယ့် Item တွေဆိုတဲ့နေရာမှာ Dota ထဲမှာဆိုရင် Skadi က Heart ထပ်ပိုပြီးတော့ Surivial ဖြစ်စေပေမယ့် ဒီ Event မှာကတော့ Heart က ပိုကောင်းပါလိမ့်မယ်။

Regen အရမ်းအားကောင်းသလို လာမှာတွေကလည်း ဟီးရိုးတွေမဟုတ်ပဲ Creep တွေသာဖြစ်လို့ Heart Regen က ပိတ်သွားမှာ မဟုတ်ပါဘူး။ (Rubick ကတော့ ခုထိမျက်နှာမမြင်ဖူးသေးလို့ ဟီးရိုးဟုတ်မဟုတ် မပြောတတ်)

နောက်ပြီးတော့ Heart က HP ကိုလည်း တော်တော်များစေမှာဖြစ်လို့ Instant Death တွေကနေ အထိုက်အလျှောက်ကာကွယ်ပေးနိင်ပါလိမ့်မယ်။

BKB ကတော့ နောက်ဆုံး Rubick ကလွဲရင် ပုတ်နေမှာဖြစ်လို့ အားမပေးချင်ပါဘူး။

နောက်ပြီးတော့ Early Game မှာ Dota လိုမျိုး Basic Item တွေနဲ့ ကစားဖို့ကိုမတိုက်တွန်းချင်ပါဘူး။

Wraith Band, Null Talisman, Bracer စတဲ့ Item တွေက Late Game မှာပြန်ရောင်းရမှာဖြစ်လို့ Gold Limit ရှိနေတဲ့အခြေအနေမျိုးမှာ အဆင်မပြေပါဘူး။

နောက်ပိုင်း Item အကြီးပြောင်းလို့ရမယ် Item တွေကိုပဲ နည်းနည်းနည်းနည်းနဲ့စုပြီးတော့ ၀ယ်ထားပါ။

Morbid Mask က MoM ဒါမှမဟုတ် Satanic ပြောင်းလို့ရသလို Vitality Booster ကလည်း Heart ဆက်လို့ရလို့ ရွေးချယ်မှုကောင်းတွေပါ။

 

 

General Game Play Tips

တစ်နေရာထဲမှာ အငြိမ်မနေပဲနဲ့ တစ်ယောက်ကိုတစ်ယောက် ပတ်ကူညီပါ။ လာမယ့် Unit တွေက ကိုယ်သွားပြီးတော့ မစထားရင် ဖြေးဖြေးချင်းပဲလာမှာဖြစ်လို့ နီးစပ်ရာလမ်းတွေကို ပြေးကူဖို့ အချိန်လောက်ပါတယ်။ တကယ်လို့ တစ်လမ်းလမ်းကိုကာနေတဲ့ဟီးရိုးက သေသွားရင် TP ကျပြီးတော့ သွားထိန်းပါ။

Unit အုပ်တွေကို stack မဖြစ်ပါစေနဲ့။ ပုံမှန်အတိုင်း တစ်အုပ်ချင်းရှင်းရင် လွယ်ပေမယ့် နှစ်အုပ်၊ သုံးအုပ်တွေစုသွားရင် တော်တော်လေးတိုင်ပတ်ပါတယ်။ ကိုယ်အကုန်မသတ်နိင်ရင်တောင်မှ အဝေးကိုဆွဲခေါ်သွားပါ။ ဒါကြောင့်မလို့ Crowd Control ဟီးရိုးတွေလိုအပ်တယ်လို့ ကျွန်တော်အပေါ်မှာပြောခဲ့တာပါ။

တကယ်လို့ ကိုယ့်လူတွေက ကစားတတ်တဲ့သူတွေဆိုရင် မြောင်းထဲမှာပဲ ချဖို့ကြိုးစားပါ။ Tower တွေမကျိုးအောင် Def နိင်ရင် Bonus Gold ပိုရတာဖြစ်လို့ Item ၀ယ်ဖို့ ပိုက်ဆံအပိုလေးတွေ ထွက်လာမှာပါ။ ပြီးတော့ မြောင်းထဲမှာက နေရာကျဉ်းတာကြောင့် Gold Bag လေးတွေကို မလွတ်အောင်လိုက်ကောက်ဖို့ ပိုလွယ်ပါတယ်။ ပြီးတော့ တစ်အုပ်ချင်းရှင်းနိင်လို့ wave stack တွေဖြစ်မှာကိုလည်း သိပ်ပူစရာမလိုတော့ပါဘူး။

ကဲဟုတ်ပြီ။ ကိုယ့်လူတွေက သိပ်မကစားတတ်ဖူးဆိုပါတော့။ ဒါဆိုမြောင်းထဲဆင်းမချပါနဲ့တော့။ Tower နားမှာပဲ နေပြီးချပါ။ မနိင်တော့ဘူးဆိုရင် စခန်းအတွင်းထဲမှာ စုပြီးခံချပါ။ Gold Bag လေးတွေကို ရသလောက်လိုက်ကောက်ဖို့တော့ မမေ့ပါနဲ့။

Gold Bag တစ်ခုကို 25 Gold ပေးပြီး 1 Round ကို Gold Bag အခု ၄၀ လောက်ရတတ်တာမလို့ နည်းနည်းနောနော Gold ပမာဏမဟုတ်ပါဘူး။ ဒါကြောင့် တတ်နိင်သမျှမလွတ်ပါစေနဲ့။

ဒီ Event မှာ Item ၀ယ်လို့တဲ့ဆိုင်က နှစ်ခုပါပါတယ်။ ဒါကြောင့်မလို့ Item ၀ယ်ချင်တိုင်း ဟိုးအောက်က စခန်းကို ပြန်စရာမလိုပါဘူး။

ရန်သူတွေရဲ့ Pattern လေးတွေကို မှတ်ထားပါ။ သူတို့ချသမျှကို အံကြိတ်ပြီးတော့ Tank နေစရာမလိုပါဘူး။ ဒါကတော့ ကစားတဲ့အကြိမ်အရေအတွက်များလာရင် အလိုလိုသိလာပါလိမ့်မယ်။

Event Item တွေကို သုံးသင့်တယ်ထင်ရင် သုံးသာသုံးပါ။ အဲ့ဒါတွေမပါလည်း နိင်တယ်ဆိုပေမယ့် သုံးမယ်ဆိုရင် ပိုပြီးတော့ လွယ်ကူမှာပါ။

 

Wave 1 to 15 Tips

 

Wave 1 ကကောင်လေးတွေက လွယ်ကူရိုးရှင်းပါတယ်။ Pinecone Warrior လေးတွေကို Pinecone Champs ကိုမချခင် အရင်ရှင်းပါ။ Pinecone Champs တွေက Critical ပါလို့ ပျော့တဲ့ကောင်တွေကိုင်ထားရင် သတိထားပါ။ အခန့်မသင့်ရင် သေသွားနိင်ပါတယ်။

 

Wave 2 မှာအဓိက သတိထားရမှာက သွားပြီးတော့ လူလုံးမပြမိဖို့ပါပဲ။ Ghost တွေက ကိုယ့်ကိုမြင်တာနဲ့ တိုင်တန်းထောင်မှာပါ။ အဲ့ဒီတိုင်ကနေ Skeleton လေးတွေထုတ်မှာဖြစ်လို့ Unit တွေအုပ်လိုက်ကြီး ဖြစ်သွားနိင်ပါတယ်။ WR နဲ့ Weaver က ဒီ Round မှာ တော်တော်လေးအသုံးဝင်မှာပါ။

 

Wave 3 မှာတော့ Mitosis Eidolons တွေက ဘာမှမဟုတ်ပါဘူး။ သာမန်ကောင်လေးတွေပါပဲ။ ဒါပေမယ့် Pyrexae Vexer တွေကတော့ အချဉ်မဟုတ်ပါဘူး။ သူတို့က Jarkio လိုမျိုးပဲ Ice Path နဲ့ မီးတန်းကြီးချမှာပါ။ Ice Path တစ်ခုမိသွားပြီးရင် နောက်ထပ်တစ်ခုလည်းမိဖို့များပြီး မီးထဲမှာပဲ နောက်ဘ၀ကူးသွားနိင်ပါတယ်။ Wave တွေအရမ်း Stack သွားရင် Ice Path တွေက ရှောင်ဖို့ခက်လာလို့ လုံးဝမ Stack သွားမိပါစေနဲ့။

 

Wave 4 ကတော့ Slitbreaker Pro တွေအတွက် Very Easy ပါ။  ၅ စက္ကန့်တစ်ခါ ခုန်ခုန်ပြီးတော့ အုပ်တတ်တဲ့ Grumpy Ogre Seal ကိုရှောင်နေကြသူတွေအတွက် ဒီ Round က Child Play ပါ။

 

Wave 5 ကတော့ အားလုံးအကြိုက် Bonus Round ပါ။ ပင်ဂွင်းစီးရမှာဖြစ်ပြီး Baby Roshan လေးနဲ့ Snowman တွေကို လိုက်တိုက်ရမှာဖြစ်ပြီး တိုက်လိုက်ရင်တော့ Gold Bag တွေ ထွက်ကျလာမှာပါ။ ဒါကြောင့်များများတိုက်နိင်လေ Gold များများရလေဖြစ်ပါတယ်။ ဒီ Wave ကနေ Item အကြီးတစ်ကွက်စာလောက်ကို ရအောင်ရှာပါ။ ရလည်းရနိင်ပါတယ်။

 

Wave 6 ကတော့ စခက်လာပါပြီ။ ဒီ Round ရဲ့ Key က မြန်မြန်လည်းမဟုတ် နှေးနှေးလည်းမဟုတ်ပဲ ပြီးအောင်လုပ်ရမှာပါ။ မြန်မြန်လုပ်ရင်က Doom ထည့်ခံရမှာဖြစ်ပြီး နှေးနှေးလုပ်ရင်က တစ်မြေပုံလုံးမီးလောင်ပြင်ဖြစ်သွားပါလိမ့်မယ်။ သေသေချာချာချိန်ဆပြီးတော့ Unit တွေကို သတ်ပါ။

 

Wave 7 ကတော့ နာမည်ကြီး ပင့်ကူ Round ပါ။ ဒီ Round မကျော်ဖူးဆိုတဲ့ ငိုသံတွေကလည်း မကြားချင်အဆုံးပါ။ အဓိကက သတိလွတ်လွတ်သွားကြလို့ပါ။ ပင့်ကူအကြီးကြီးကိုသတ်ရင် ထပေါက်ပြီးတော့ မှောက်မှောက်သွားကြတာပါ။ အဲ့ဒီပင့်ကူအသေးလေးတွေကို အရင်သတ်ပါ။ ပြီးရင် ပင့်ကူအကြီးတွေကို တစ်ကောင်ချင်းခွဲပြီးတော့သတ်ပါ။ တစ်ကောင်ကို ၂ – ၃ ယောက်လောက်ဝိုင်းသတ်နေတုန်း ကျန်တဲ့ Crowd Control ကိုတာဝန်ယူထားတဲ့သူတွေက စခန်းနဲ့ဝေးဝေးကို ဆွဲခေါ်သွားပြီးတော့ ပတ်ပြေးနေပါ။ ပင့်ကူအကြီးသေခါနီးရင် အနားကနေပြေးကြပါ။ ဒါဆိုဒီ Round က သိပ်အခက်အခဲမရှိနိင်တော့ပါဘူး။

 

Wave 8 က ကိုယ့်အသင်း Teamwork ကောင်းရင် အေးဆေးပါ။ အဓိကကျတာက Spectre တွေကို Crowd Controller တွေက တစ်ခြားကိုယ့်ဟီးရိုးတွေနဲ့ Structure ရဲ့အဝေးကို ဆွဲခေါ်သွားပါ။ Wolf လေးတွေက သတ်လို့လွယ်ပါတယ်။ Wolf လေးတွေကို သတ်ပြီးရင် Spectre တွေကို တစ်ကောင်ချင်းခွဲသတ်ပါ။ Spectre တွေစုနေရင် Miracle အဖေလောက်ကြမ်းရင်တောင် မလောက်ပါဘူး။ ဒါကြောင့် ခွဲသတ်ပါ။ သူတို့ ခန္ဓာကိုယ်ကနေ အနီရောင်လေးတွေတောက်နေပြီဆိုရင် ဝေးဝေးကိုပြေးပါတော့။ AoE Reflection လွှတ်တော့မှာဖြစ်လို့ပါ။

 

Wave 9 ကတော့ Tusk တွေပါ။ သူတို့က Walrus Kick နဲ့ ရေခဲလုံးတွေကို ကြဲမှာပါ။ သူတို့ကို လုံးဝမပူးသွားပါစေနဲ့။ ပူးလို့ကတော့ တိုင်းပြည်ပျက်ပါပြီ။ တစ်ကောင်ချင်းစီ သေချာခွဲသတ်ပါ။ ဒီ Round မှာတစ်ခုသတိထားရမှာက အကောင်သေးလေးတွေကလည်း အချဉ်မဟုတ်ပါဘူး။ Time Walk သုံးတတ်လို့ပါ။ ကိုယ်တွေလည်း ဒီ Round မှာရှုံးသွားလို့ပါ။

 

Wave 10 ကတော့ second bonus round ပါ။ ဒီ Round မှာတော့ Ginger Roshan လေးတွေက တစ်မြေပုံလုံးမှာ ပေါ်လာမှာပါ။ သူတို့ကိုချရင် ချက်ခြင်းသေမှာမဟုတ်ပဲနဲ့ အကောင်ကြီးလာမှာဖြစ်ပြီး သတ်မှတ်ထားတဲ့ Damage ထိပြီးမှသာ သေပြီး Gold Bag လေးတွေချပေးမှာပါ။ အကောင်းဆုံးနည်းလမ်းကတော့ သူတို့ကို Crowd Control Spell တွေသုံးပြီးတော့ တစ်နေရာထဲမှာအရင်စုပြီးမှ တစ်ခါထဲအကုန်သတ်ပါ။

 

Wave 11 Kaldur တွေနဲ့ Frostbitten Revenant တွေက သတ်ရတာမခက်ပါဘူး။ သူတို့ကို Stack တွေအများကြီးမဖြစ်သွားစေပဲ သူတို့ရဲ့ Cold Feet နဲ့မခဲရင်ရပါပြီ။

Wave 12 မှာ World Ender တွေကိုမြင်တာနဲ့ ၀ိုင်းသတ်ပါ။ သူတို့ရဲ့ Earth Splitter တွေက အခန့်မသင့်ရင် တစ်သင်းလုံးတန်းသေသွားနိင်ပါတယ်။

 

Wave 13 က Ancient Frostgiant တွေကို သတ်ဖို့အတွက် Key က သူတို့ကို တစ်ကောင်ချင်းစီခွဲရမှာဖြစ်သလို Little Rock တွေနဲ့လည်း တူတူမဖြစ်သွားပါစေနဲ့။ မဟုတ်ရင်က ကျောက်တုံးတွေကို ပိုပြီးတော့ ခဏခဏပစ်မှာဖြစ်ပြီး ချရတာအရမ်းခက်မှာပါ။

 

ဒီ Round ကတော့ Miracle တို့တောင် မှောက်သွားတယ်လို့ နာမည်ကြီးတဲ့ Storm Spirit နဲ့ Zeus ပါတဲ့ Wave 14 ပါ။ Storm Spirit တွေမှာ Hex နဲ့ Dagon ပါ ပါလို့ ကြောက်စရာပါ။ ဒီ Round မှာက Disable တွေနဲ့ Lock Down တွေက အလွန်အရေးပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ Storm Spirt တွေက သူတို့ကို Damage ထိထားရင် Ball Lightning နဲ့ ခုန်နိင်တော့မှာ မဟုတ်လို့ပါ။ Faceless Void ပါရင် ဒီ Round မှာတော်တော်အဆင်ပြေပါတယ်။ Zeus တွေရဲ့ Thunder Boit တွေကလည်း တော်တော်ဆာလို့ သတိထားပါ။

 

Rubick မလာခင်နောက်ဆုံး Round ဖြစ်တဲ့ Wave 15 ကတော့ Tree Warden တွေနဲ့ Arc Blossom တွေပါ။ ဒီ Round မှာအဓိက Key က သူတို့ကို Spell သုံးအောင်အရင် Bait ပြီး အနောက်ကနေသွားချရမှာပါ။ Arc Blossom တွေကို အရင်ရှင်းသင့်ပြီး သူတို့မရှိတော့ရင် Tree Warden တွေကိုသတ်ဖို့က တော်တော်လွယ်သွားပါပြီ။

 

Rubick ကိုသတ်ဖို့အတွက် Tips

 

Rubick နဲ့မချခင်မှာ စိတ်ကြိုက်ပြင်ဆင်နိင်ပါတယ်။ သူက ဘဒိုတို့ကို စောင့်ပေးနေပါလိမ့်မယ်။

စပြီးတော့ ချပြီဟေ့ဆိုတာနဲ့ Rubick က Blink ပတ်ခုန်ပြီးတော့ မြှောက်တာကိုသုံးကာ ကျွန်တော်တို့တွေ့ခဲ့သမျှကောင်တွေကို ပြန်ထုတ်ပါလိမ့်မယ်။ သူမြှောက်တာကနေပြန်ကျရင် အဲ့ဒီပြန်ကျတဲ့ Area နားကကောင်တွေအကုန် Stun ပါလိမ့်မယ်။ Dota ထဲကအတိုင်းပဲဖြစ်ပြီး Area ပိုကျယ်လို့ ဂရုစိုက်ပါ။

သူ Spell မခိုးခင်မှာ ယောင်လို့တောင် ကိုယ့် Ultimate ကို မသုံးမိပါစေနဲ့။ ပါသွားရင်တော့ ကိုယ့်သမိုင်းနဲ့ကိုယ်ပါ။ ဒါကြောင့် သူခိုးပြီးမှ သုံးပါ။

Buyback Gold ကို စုထားပါ။ Rubick က ထိုင်နှောက်နေမှာဖြစ်တာကြောင့် ကိုယ်သေသွားရင် ကိုယ့်လူတွေအနေနဲ့ ကယ်ပေးဖို့က တော်တော်ခက်လို့ပါ။

Rubick HP 75% အောက်ကိုရောက်တာနဲ့ Tree Warden တွေရဲ့ Spell ကို ပိုကြမ်းတဲ့ Version နဲ့ စသုံးပါပြီ။

50% အောက်ရောက်ရင်တော့ ပိုကြမ်းတာတွေလာပါပြီ။ သူဘယ်နားကိုချမလဲဆိုတာကို အစိမ်းရောင် cube လေးတွေကနေတစ်ဆင့် သိနိင်ပါတယ်။

25% အောက်ရောက်ရင်တော့ စောက်ပိုကြီးတွေစသုံးပါပြီ။ Ghostship, Freezing Field စတဲ့ Ultimate အကြမ်းကြီးတွေသုံးမှာပါ။

နောက်ဆုံးအချက်အနေနဲ့သတိထားရမှာက အားလုံးက Rubick ကိုဝိုင်းပြီးအာရုံစိုက်နေချိန်မှာ Summon ကောင်လးတွေက Ancient ကို ၀ိုင်းချိုးသွားနိင်တာပါ။ ဒါကအမြဲဖြစ်တတ်လို့ နိင်ခါနီးမှ ငိုနေရပါမယ်။ သတိကြီးကြီးထားပါ။

ဒီ Event ကို ပထမဆုံးနိင်ထားတဲ့ Video ကိုလည်း အောက်မှာထည့်ပေးထားပါတယ်။

 

 

Author : Real Man

 

Read times
Rate this item
(1 Vote)