PUBG ဂိမ်းပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ ယွန်းဝတီလွင်မိုးရဲ့ ခင်ပွန်းပါဝင်သည့် OG Star အဖွဲ့

ယွန်းဝတီလွင်မိုးရဲ့ ခင်ပွန်းဖြစ်သူ ပါဝင်ထားတဲ့ OG Stars အဖွဲ့ကတော့ Huawei New Year Championship 2018 ကကျင်းပတဲ့ PUBG ဂိမ်းပြိုင်ပွဲမှာ ပထမဆု ရရှိခဲ့တာဖြစ်ပါတယ်။

 

 

 

 

Image may contain: 4 people, people smiling, people standing

Image may contain: 5 people, people smiling, people standing

ယွန်းဝတီလွင်မိုးနဲ့ ခင်ပွန်းဖြစ်သူ ထက်ဦးလှိုင်တို့ကတော့ ဒီဇန်နဝါရီလ ၄ ရက်နေ့မှာ မင်္ဂလာသက်တမ်း (၁) နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ လီယျံဆိုတဲ့ သားလေး တစ်ဦးကို ပိုင်ဆိုင်ရရှိထားပြီဖြစ်တဲ့ ယွန်းဝတီလွင်မိုးတို့ ဇနီးမောင်နှံ (၂) ဦးကတော့ လာမယ့် ဖေဖော်ဝါရီလမှာ သြစတြေးလျနိုင်ငံကို သွားရောက်တာ့မှာဖြစ်တယ်လို့ သိရပါတယ်။

Huawei New Year Championship က ကျင်းပတဲ့ PUBG ဂိမ်းပြိုင်ပွဲမှာတော့ ယွန်းဝတီလွင်မိုးရဲ့ ခင်ပွန်းပါဝင်တဲ့ OG Stars အဖွဲ့က ပထမဆုရရှိသွားခဲ့တာဖြစ်ပါတယ်။ အဖွဲ့လိုက်ယှဉ်ပြိုင်ခဲ့ကြတဲ့ ဒီပြိုင်ပွဲမှာတော့ Winner အဖြစ် OG Stars အဖွဲ့၊ 1st Runner up အဖြစ် Insane Satan ၊ 2nd Runner up အဖြစ် Angles of Death (AOD)၊ 3rd Runner Up အဖြစ် Team No Trend (TNT)၊ 4th Runner Up အဖြစ် Noob Sagaing JR တို့အဖွဲ့တွေက အသီးသီးရရှိသွားခဲ့ကြတာဖြစ်ပါတယ်။

ပထမဆုရရှိခဲ့တဲ့ ထက်ဦးလှိုင်ပါဝင်တဲ့ OG Stars အဖွဲ့ကတော့ အမေရိကန်ဒေါ်လာ ၃၀၀၀ ဆုချီးမြင့်ခံခဲ့ရတာဖြစ်ပါတယ်။ ဝင်းနားဆုရရှိသွားတဲ့ ထက်ဦးလှိုင်တို့အဖွဲ့ရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

Source: internet

Read times
Rate this item
(1 Vote)