မြန်မာနိုင်ငံရဲ့ ဂိမ်းတီထွင်မှု Community ကို ကမ္ဘာကို ချပြလို့ရမည့် Global Game Jam 2019

မြန်မာနိုင်ငံရဲ့ ဂိမ်းတီထွင်မှု Community ကို ကမ္ဘာကို ချပြလို့ရမည့် Global Game Jam 2019 google

ကမ္ဘာပေါ်ရှိ အကြီးဆုံး Game creation ပွဲကြီး Global Game Jam ကို မြန်မာနိုင်ငံမှာ ဇန်နဝါရီလ ၂၅ ရက်နေ့မှ စတင်ပြီး ၂၇ ရက်နေ့ထိ () ရက်တိုင်တိုင် ကျင်းပပေးတော့ မှာပါ။

ဒီပွဲရဲ့ပုံစံက တစ်ချိန်တည်းမှာ ပေးထားတဲ့ Theme တစ်ခုပေါ် အခြေခံပြီး ကိုယ်ပိုင်စိတ်ကူးတွေနဲ့ ၄၈ နာရီအတွင်း ဂိမ်းတစ်ခုဖန်တီးရမှာပါ။

ကိုယ်ကျွမ်းကျင်ရာ တစ်ခုခု( Programming, iterative design, narrative exploration or artistic expression ) ကိုအသုံးချပြီး တခြားကျွမ်းကျင်တဲ့ မိမိ မိတ်ဆွေ၊ အပေါင်းအသင်းတွေနဲ့ အဖွဲ့ဖွဲ့ပြီး ပူးပေါင်းလုပ်ဆောင်ရမယ့် ပွဲမျိုးပါ။ အဖွဲ့မရှိလို့ တစ်ယောက်တည်း ဖြစ်နေမှာကိုတော့ မစိုးရိမ်ပါနဲ့၊ ပွဲက ဆရာတွေ ကသင့်တော်ရာ သူနဲ့တွဲပေးပါသေးတယ်။

ဒီ GGJ ပွဲကြီးကို ၂၀၁၈ ခုနှစ်တုန်းကလည်း နိုင်ငံပေါင်း ၁၀၈ နိုင်ငံမှာ ကျင်းပခဲ့ပြီး ဂိမ်းပေါင်း ၈၆၀၆ ကို ဖန်တီးနိုင်ခဲ့ပါတယ်။

ဒီပွဲရဲ့ အဓိကရည်ရွယ်ချက်က Game Development Community ကလူတွေကို ပိုပြီးရင်းနှီးစေရန်၊ Jr တွေကို လက်တွဲခေါ်ပြီး Sr တွေနဲ့ရင်းနှီးမှု ရှိစေရန်၊ မြန်မာနိုင်ငံရဲ့ ဂိမ်းတီထွင်မှု Community ကို ကမ္ဘာကို ချပြနိုင်ရန်၊ စတဲ့ ရည်ရွယ်ချက်တွေကြောင့် ကျင်းပရခြင်း ဖြစ်ပါတယ်။

ဒီ GGJ ပွဲကို ဂိမ်းတီထွင်ရတာကို စိတ်ဝင်စားတဲ့ လူငယ်တိုင်းပါဝင်နိုင်ပြီး မည်သည့် background ကမဆို ပါဝင်နိုင်မှာပါ။ ဂိမ်းဖန်တီးနေတဲ့ ၄၈ နာရီအတွင်း ပွဲအတွင်းမှာပဲ အိပ်ရမှာဖြစ်တဲ့အတွက် အသက် ၁၈ နှစ်ပြည့်တဲ့သူတွေပဲ ပါဝင်ဖို့Recommend ပေးထားပါတယ်။ ဒါပေမဲ့ ၁၈ နှစ်မပြည့်သေးတဲ့ သူတွေလည်း အုပ်ထိန်းသူရဲ့ခွင့်ပြုချက်နဲ့ ပါဝင်လို့ရပါ တယ်။

ပွဲအတွက် GGJ Myanmar အနေဖြင့် လျှပ်စစ်မီး 24 hr ပေးထားမယ်၊ HighSpeed Internet 5BB လည်း ပေးထားမယ်၊ T-shirt ၊ အစားအသောက် အတွက် ခေါက်ဆွဲဘူးတွေကို အဆင့်သင့်ပေးထားမှာပါ။

GGJ Myanmar 2019 Press Release 09

 

 

Location အနေနဲ့ MICT Park အတွင်းက Building no-144th floor KanaungHub မှာဆိုတော့ ကျယ်ကျယ်ဝန်းဝန်းနဲ့ အိမ်သာ၊ ကျား၊မ သီးသန့်စီနဲ့ လုံးဝအဆင်ပြေစေမှာပါ။

 

GGJ Myanmar 2019 Press Release 02

 

ပြိင်ပွဲမဟုတ်တဲ့အတွက် ဆုပေးခြင်းတော့ ရှိမှာမဟုတ်ပါဘူး။ဒါပေမဲ့ နိုင်ငံတကာ အသိအမှတ်ပြု Global Game Jam Certificate ကိုတော့ ဂိမ်းပြီးတဲ့ အဖွဲ့တိုင်းကို ပေးသွားမှာပါ။

မှတ်ချက်အနေနဲ့ ကိုယ်ပိုင်စက်ယူဆောင်လာရပါမယ်၊ Desktop တွေဆိုရင် ပွဲမစခင် ကြိုတင်လာရောက်ပြင်ဆင်နိုင်ပါတယ်၊ ညအိပ်ရမှာဆိုတော့ ခေါင်းအုံးတွေ၊ စောင်တွေ၊ ဖျာလိပ်တွေ၊ အဝတ်အစားတွေတော့ လိုကောင်း လိုပါလိမ့်မယ်။

ဒါပေမဲ့ ရှေ့ပွဲက လူတွေကတော့ ၄၈နာရီလုံး ရေးကြပြီး ပွဲပြီးမှပဲ ကျိုးကြတဲ့ သူတွေများပါတယ်။ ဒါကတော့ ကိုယ်ပိုင် time management လုပ်ရမှာပါ။

ကဲ….ပါဝင်ချင်တဲ့ သူတွေအနေနဲ့ ဒီလင့်မှာ  Link အခုပဲ Register လုပ်လိုက် တော့နော်..

Ict guide

 

 

Read times
Rate this item
(0 votes)