ဂိမ်းအဆော့လွန်ပြီး မျက်လုံးတဖတ် အမြင်ကွယ်သွားတဲ့ တရုတ်က ကောင်မလေး

ဂိမ်းအဆော့လွန်ပြီး မျက်လုံးတဖတ် အမြင်ကွယ်သွားတဲ့ တရုတ်က ကောင်မလေး google

မိဘတွေက ကျနော်တို့ကို အမြဲတမ်းပြောတဲ့ စကားတစ်ခွန်းရှိပါတယ်။

" နင်တို့ ကွန်ပြူတာတွေ၊ ဖုန်းတွေ၊ အရမ်းသုံးနေတာ..ကြာရင် ကန်းမယ်" ဒီစကားက သင့်ဘာမှမဖြစ်သေးခင်အထိတော့ နားဝင်ဆိုးပါလိမ့်မယ်။ " ဟာဗျာ..အမေကလည်း ဒီမှာရှုံးနေက ကြားထဲ အာရုံပဲ" စသဖြင့်ပေါ့ ပြန်ပြောတတ်ကြတယ်။

မိဘတွေဆုံးမတဲ့ စကားရဲ့ လေးနက်မှုကို တရုတ်နိုင်ငံက ကောင်မလေး တစ်ယောက်က သတ်သေပြသွားပါပြီ။ သူနာမည်က Wu ပါ။ သူမက တရုတ်မှာ ရေပန်းအစားဆုံးဂိမ်း ဖြစ်တဲ့ " King of Glory” ဂိမ်းမှာ Fan အမြောက်အများပိုင်ဆိုင်ထားတဲ့ Girl player တစ်ယောက်ပါ။ သူမအသက်က အခုမှ ၂၁ နှစ်ပဲ ရှိပါသေးတယ်။

 

Young Girl Goes Blind in One Eye After Playing 'King of Glory' Nonstop - WORLD OF BUZZ

သူမလည်း ဒီအတိုင်းပဲ ဂိမ်းကို တအားရူးသွပ်သူပေါ့။ သူမမိဘတွေရဲ့ ဆုံးမမှုကို ဘယ်တော့မှ နားခံတတ်သူတော့ မဟုတ်ပါဘူး။ တစ်နေ့ တရုတ်ရိုးရာ ပိတ်ရက်တစ်ရက်မှာ သူမရဲ့ သူငယ်ချင်းတွေက သူမကို အပြင်ထွက်ဖို့လာခေါ်တာတောင် သူမငြင်းဆန်ပြီး အိမ်မှာ ဂိမ်းပဲဆော့နေခဲ့ပါတယ်။

ဂိမ်းကို နာရီပေါင်းများစွာအဆက်မပြတ်ဆော့ပြီး ရုတ်တရက် သူမရဲ့ ညာဘက်မျက်လုံး ဘာမှ မမြင်ရတော့ပါဘူး။ ဒါကိုသူမက " အော်..အနားယူလိုက်ရင် သက်သာသွားမှာပဲလေဆိုပြီး" အိပ်လိုက်ပါတယ်။ ဒါပေမဲ့ နောက်နေ့မနက်နှိုးလာတော့ သူမထင်ထားသလို ဖြစ်မလာခဲ့ပါဘူး။ သူမညာဘက် မျက်လုံး အမြင်ကွယ်သွားပါပြီ။

သူမမိဘတွေနဲ့ဆေးရုံသွားပြကြည့်တော့ သူမမျက်လုံးမှာဖြစ်တဲ့ ဖြစ်စဉ်ဟာ အသက်ကြီးတဲ့သူတွေပဲဖြစ်တဲ့ရောဂါတစ်မျိုးဖြစ်ပြီး၊ လူငယ်တွေမှာ လုံးဝဖြစ်တောင့်ဖြစ်ခဲ ရောဂါမျိုးပါ။ ဒါဟာ သူမဂိမ်းကို အကြာကြီး မရပ်မနား ဆော့ခဲ့တဲ့အတွက် ပြစ်ဒဏ်တစ်ခုပေါ့။

 

Young Girl Goes Blind in One Eye After Playing 'King of Glory' Nonstop - WORLD OF BUZZ 3

ဆရာဝန်တွေရဲ့ မေးမြန်းချက်အရတော့ သူမဟာ ရုံးပိတ်ရက်တိုင်းကို မနက် ၆ နာရီထတယ်၊ မနက်စာစားပြီး ဂိမ်းကို ၄ နာရီလောက်ဆော့တယ်၊ တခါတရံဆို ထမင်းမေ့ဟင်းမေ့နဲ့ lunch တောင်မစားဖြစ်တဲ့ အချိန်များခဲ့တယ်၊ သရေစာ မုန့်လောက်နဲ့ ဂိမ်းဆော့ရင်းစားတယ်၊ ကြာလာတော့ဘာဖြစ်လာခဲ့ဆိုရင် ထမင်းထစားဖို့တောင် သူပျင်းရိလာပြီး ဂိမ်းပဲဆော့နေခဲ့တယ်။

လက်ရှိမှာတော့ သူမဆေးရုံပေါ်မှာ ဆရာဝန်တွေအကောင်းဆုံးကြိုးစားကုသပေးမယ်ဆိုပေမဲ့လည်း ပြန်ကောင်းလာနိုင်ချေ အရမ်းနည်းသွားပါပြီ၊

 

Young Girl Goes Blind in One Eye After Playing 'King of Glory' Nonstop - WORLD OF BUZZ 4

 

ဒါကြောင့် ဆရာဝန်တွေက " ဂိမ်းကိုဆော့ပါ၊ မဆော့နဲ့မပြောပါဘူး၊ ဒါပေမဲ့ အလင်းပြန်စေတဲ့ မည်သည့်အရာမဆို အချိန်အကြာကြီး အသုံးမပြုဖို့ ကြေငြာမှုတွေ ရှိခဲ့ပါတယ်"

ဒါကြောင့် Gamer ဘဒိုတို့လည်း "ဂိမ်းကို ဆော့ပါ၊ ဒါပေမဲ့ ကိုယ့်ကျန်းမာရေးလည်း ကိုယ်သတိထားပါလို့" ပြောချင်ပါတယ်။

ICT Guide

Nga htet

Read times
Rate this item
(1 Vote)