Mobile Legends ဂိမ်းပြိုင်ပွဲ အနိုင်ရအသင်းများအား ကန်ဒေါ်လာလေးသောင်း ချီးမြှင့်မည်

၂၀၁၉ Mobile Legends ဂိမ်းပြိုင်ပွဲတွင် အနိုင်ရ သည့် အသင်းသုံးသင်းကို

စုစု ပေါင်းကန်ဒေါ်လာ လေးသောင်း (ကျပ် သိန်း ၆၀၀ ကျော်) ချီးမြှင့် မည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေး ဒါရိုက်တာကိုဇော်စည်သူကပြော သည်။


အဆိုပါ ပမာဏသည်မြန်မာ နိုင်ငံရှိ ဂိမ်းပြိုင်ပွဲများအနက် အ မြင့်ဆုံးဆုကြေးဖြစ်သည်။ ၂၀၁၉ Mobile Legends ပြိုင်ပွဲကို ဂိမ်း ထုတ်လုပ်သည့် ကုမ္ပဏီ Moonton၊ HOG eSport စင်တာ နှင့် မလေးရှားရုပ်သံလိုင်း Egg Network တို့ပူးပေါင်းစီစဉ်ခြင်း ဖြစ်သည်။

Mobile Legends ဂိမ်းကို ထုတ်လုပ်သည့် Moonton သည် ၂၀၁၈ ဒီဇင်ဘာတွင် မြန်မာနိုင်ငံ ၌ Mobile Legends ဂိမ်းပြိုင်ပွဲ ပထမဆုံးအကြိမ် လာရောက် ကျင်းပပြီး ဆုကြေးအနေဖြင့် အနိုင်ရသုံးသင်းကို စုစုပေါင်းကန် ဒေါ်လာ သုံးသောင်းချီးမြှင့် သည်။

ပြိုင်ပွဲတွင် အသင်း ၅၁၂ သင်းဝင်ပြိုင်ခွင့် ပြုမည်ဖြစ်ပြီး ဖေဖော်ဝါရီတွင် လက်ရည် စမ်းပွဲများစတင်မည်ဖြစ်ကြောင်း၊ ပြိုင်ပွဲကို ဧပြီတွင် ပြုလုပ်မည် ဖြစ်ကာ နောက်ဆုံးပြိုင်ပွဲကို မေ လအတွင်း ပြုလုပ်မည်ဖြစ် ကြောင်း ကိုဇော်စည်သူကပြော သည်။

ပြိုင်ပွဲတွင် မြန်မာနိုင်ငံသား အသက် (၁၈) နှစ်ပြည့်ပြီးသူမည် သူမဆို ၀င်ရောက်ယှဉ်ပြိုင်နိုင် သည်။

Mobile Legends ဂိမ်း သည် တိုက်ခိုက်ရေး ဂိမ်းအမျိုး အစားတစ်ခုဖြစ်ပြီး တစ်သင်း လျှင် ငါးဦး နှုန်း ပါဝင်ကစားရ သည်။ မြန်မာနိုင်ငံ၌ Mobile Legends ဂိမ်းကစားသူ ၅ ဒသမ ၃ သန်းကျော်ရှိသည်။ ၂၀၁၉ Mobile Legends ဂိမ်းပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်လိုသူများ သည် HOG eSport စင်တာတွင် ဇန်န၀ါရီ ၂၅ ရက်ကစတင်စာရင်း ပေးသွင်းနိုင်သည်။

 

Source: The Voice

Read times
Rate this item
(0 votes)