အောင်မြင်မှုတွေ ရယူထားနိုင်သော eSports ဂိမ်းများ

အောင်မြင်မှုတွေ ရယူထားနိုင်သော eSports ဂိမ်းများ google

Esports စီးပွားရေးအဖွဲ့အစည်းတွေက 2021 မှာ $1.65 billion ထိ ဒီအားကစားကနေ ဝင်ငွေရှာနိုင်လိမ့်မယ်လို့ ယုံကြည်ထားကြပါတယ်။

ဘာလို့လဲဆိုတော့ eSports ဝါသနာအိုး 250 million လောက်နဲ့ ပျှမ်းမျှကြည့်ရှုသူဦးရေ 307 million လောက်နီးပါး ရှိနေတာကြောင့်ပါ။

2019 ထိ ပရိတ်သတ်တွေရဲ့ စိတ်ဝင်စားခြင်းခံနေရတဲ့ Fortnite တို့၊ PUBG တို့လို ဂိမ်းတွေကနေ အဓိကဝင်ငွေကို ပစ်မှတ်ထားနေတယ်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဘယ်သူက ဒီအားကစားကို စိတ်ဝင်စားတယ်၊ စိတ်မဝင်စားဘူးဆိုတာ စစ်တမ်းတွေ ရှိနေလို့ပဲဖြစ်ပါတယ်။

တချို့ eSports ဂိမ်းတွေက ဒီလောကထဲကို အသစ်ဝင်ရောက်လာမည့် သူတွေကို အဓိကအလေးထားကြတယ်။ ဥပမာ-Dota-2 တို့၊ League of Legends စတဲ့ဂိမ်းတွေက ကစားသူတွေရဲ့ အသက်တွေကို ပြသထားရတယ်။ ဒီလိုသေချာအလေးထားမှုတွေကြောင့်လည်း ကစားတဲ့သူတွေ ပျော်ရွှင်မှုရတယ်၊ ဂိမ်းကို အချိန်ကြာကြာစွဲလမ်းလာကြတာပါ။ ပြီးတော့ အကောင်းဆုံးတွေ စုပေါင်းထားတဲ့ ပြိုင်ပွဲလို အရာတွေကိုလည်း သင်ပါဝင်နိုင်တာကြောင့်ပါ။

 

Call of Duty: Black Ops 4

Image result for Call of Duty: Black Ops 4

 

latest version ဖြစ်တဲ့ Black Ops ကို Oct. 12. 2018 မှာ Playstation 4, Xbox One , Microsoft windows စတဲ့ platform တွေမှာ launch လုပ်ခဲ့တယ်။ ဒီဗားရှင်းမှာ အဓိက ပါဝင်လာတာက Blankout လို့ခေါ်တဲ့ Game mode ပါဝင်လာတာပါ။

Call of Duty World League (CWL) ပွဲကြီးမှာဆိုရင် Hardpoint , Search & Destroy, Control စတဲ့ Battle modes တွေနဲ့ 2019 ရာသီမှာ တွေ့ရမှာပါ။

ဒီပွဲကြီးမှာ five-versus-five ယှဉ်ပြိုင်ရမှာဖြစ်ပြီး၊ စည်းကမ်းအသစ်တွေလည်း ပါဝင်လာနိုင်ပါတယ်။ ပြိုင်ပွဲကြီးရဲ့ ဆုကြေးအနေနဲ့ 6 million ထိ ချီးမြင့်သွားမှာပါ။ Feb-July ထိယှဉ်ပြိုင်သွားရမှာဖြစ်ပြီး တန်းဆင်းဇုန်၊ ဒုတိယအဆင့်စတာတွေ ရှိပြီး နောက်ဆုံး CWL Pro League ကိုတတ်ရောက်နိုင်သူမှသာ ထိုက်တန်တဲ့ ဆုကြေးတွေကို ရရှိမှာပါ။

https://www.callofduty.com/esports/about

 

Cash Royale

Related image

 

Supercell ကုမ္ပဏီကနေ ထုတ်လုပ်ခဲ့တဲ့ Cash Royale ဂိမ်းကလည်းတော်တော်လေး ကောင်းမွန်တဲ့ဂိမ်းတစ်ခုလည်းဖြစ်ပါတယ်။ ဒီဂိမ်းဟာ 2016 ထဲက IOS & android တွေမှာ ရရှိခဲ့တဲ့ real-time strategy game အမျိုးအစားဖြစ်ပါတယ်။

ယှဉ်ပြိုင်နေစဉ်အတောအတွင်းမှာ ကတ်တွေစုဆောင်းရတယ်၊ တာဝါချိုးရတယ်။ ဒီဂိမ်းကို One-on-one , two-on-two နောက်ဆုံးတာဝါကို ချိုးကြရတာပါ။

Supercell’s Official esports league 2018 မှာတုန်းက အာရှ၊ Europe၊ တရုတ်၊ Latin America North America စတဲ့နိုင်ငံတွေက အသင်း ၄၀ ထိ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတယ်။တစ်သင်းစီမှာ ကစားသမား ၄ယောက်၊ ၆ယောက် ပါဝင်ကြတယ်။ ဒီထဲကမှ One-on-one , two-on-two ကစားကြရတာပါ။ ဒေသတစ်ခုချင်းစီရဲ့ အကောင်းဆုံးအသင်းတွေကပဲ နောက်ဆုံး Royale league world finals ပွဲကြီးကို တတ်လှမ်းနိုင်မှာဖြစ်ပါတယ်။ season တစ်ခုရဲ့ pro team တစ်ခုဖြစ်ဖို့ဆိုရင် CRL Challenge 20 လုံးအောင်မြင်မှ ဖြစ်မှာပါ။

Supercell အနေနဲ့ကတော့ 2019 ပြိုင်ပွဲအတွက် ကြော်ငြာထားခြင်းတော့ မရှိသေးပါဘူး။

2018 တုန်းက ပွဲတွေ ပြန်လည်ခံစားကြည့်ရှုနိုင်ရန် ဒီလင့်ထဲက ကြည့်နိုင်ပါတယ်။

https://www.youtube.com/EsportsRoyale

 

Counter Strike

Image result for Counter Strike  Eleague Electronic Sports League(ESL)

 

တချို့အီးစပေါ့ဂိမ်း အနည်းစုက Gamer တွေကို စိတ်ကျေနပ်မှုတွေ အများကြီးရရှိပေးနိုင်တယ်ဗျ။ ဥပမာ- Counter Strike လိုဂိမ်းမျိုးပေါ့။ Global Offensive ဖြစ်နေတဲ့ ဂိမ်းမျိုးပါ။ ပထမဆုံး ပစ်ခတ်တဲ့ဂိမ်းကိုစတင်တီထွင်ခဲ့တာက Valve နဲ့ Hidden Path Entertainment တို့ဖြစ်ပြီး 2012 လောက်မှ စတင် Launched လုပ်ခဲ့ကြတယ်။

Valve ကလက်ရှိမှာ Major Championshipsတစ်ခုကို စပွန်ဆာပေးထားတယ်။ အဲ့ဒီပွဲမှာ အသင်းပေါင်း ၂၄ သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုကြေးအနေနဲ့ $1 Million ထိရရှိနိုင်မှာပါ။ ဒီနှစ်ထဲမှာ ယှဉ်ပြိုင်ဖို့ရှိနေတဲ့ပွဲတွေကတော့ Eleague Electronic Sports League(ESL) နဲ့ Major League Gaming (MLG) တို့ရှိနေတယ်။ ပထမဆုံး ESL ပွဲကျင်းပသွားဖို့ရှိပါတယ်။

 

Dota 2

Image result for dota 2

Dota 2 ကို 2013 မတိုင်ခင်က Launched လုပ်ခဲ့တယ်။Valve က အကြိတ်အနယ်ယှဉ်ပြိုင်ရတဲ့ Defense ဂိမ်း ၁၆ ခုကို Gamecom 2011 မှာယှဉ်ပြိုင်ဖို့ ထည့်သွင်းခဲ့တယ်။ Valve က PAX Prime အတွင်းမှာ ဒုတိယအကြိမ်ကျင်းပပေးခဲ့တယ်။နောက်ထပ် 2013 မှာလည်း international အဆင့်မီ Seattle ကBenaroya Hall ထဲမှာ ကျင်းပပေးခဲ့ပြန်တယ်။ နိုင်ငံတကာပွဲများကို Vancouver,Canada မှာ August 2018 မှာ 18 သင်းပါဝင်ယှဉ်ပြိုင်စေခဲ့ပြီး ဆုကြေးအနေနဲ့ $25 million ထိ ချီးမြင့်ပေးခဲ့ပါတယ်။

အခုဆိုရင် youtube နဲ့ Twitchမှာ ကြည့်ရှုသူအများဆုံး ဒုတိယနေရာကို ပိုင်ဆိုင်ထားပါပြီ။Dota 2 ကိုတော့ သိပ်မိတ်ဆက်ပေးစရာမလိုတော့ဘူးလို့ထင်ပါတယ်။ နှစ်သင်းရှိမယ် တဖက် ၅ ယောက်စီ ယှဉ်ပြိုင်ကြရတာပါ။ Battle Pass တွေ ဝယ်ယူနိုင်မယ်၊ items တွေစတာတွေကို $10 ကနေစပြီး ဝယ်ယူနိုင်ပါတယ်။

 

Fortnite

Related image

ပထမဆုံး Fortnite world Cup ကို 2019 နောက်ပိုင်းမှာကျင်းပသွားဖို့ရှိပါတယ်။ ပထမတော့ 2018 အကုန်ပိုင်းလောက်မှာ ကျင်းပသွားဖို့စီစဉ်ထားပေမဲ့လည်း 2019 ထိရောက်ရှိခဲ့တာပါ။ ဒီယှဉ်ပြိုင်မှုတွင် အနည်းဆုံး $400 မီလီယံအထိ ပေးသွားဖို့ရှိပြီး Major & Minor ဆိုပြီး ကျင်းပသွားဖို့ရှိပါတယ်။

ပြီးတော့ Epic Games တွေကို Summer & Fall Skirmish series ရှိပြီး Winter Royal ကိုတော့ ဒီဇင်ဘာမှာကျင်းပဖို့ရှိမယ်။ ပြီးတော့ ကမ္ဘာ့ဖလားပွဲကဲ့သို့ သိပ်မကြီးတဲ့ ပွဲတစ်မျိုးကို Feb 14 and 15 လောက်မှာ ကျင်းပသွားဖို့လည်းရှိနေပါတယ်။ ဆုကြေးအနေနဲ့ကတော့ $ 500,000 အထိပေးမှာပါ။ invite only ပဲလုပ်သေးတာဆိုတော့ နေရာအသိအကျ တော့မသိရသေးပါဘူး။

ICT Guide

Read times
Rate this item
(1 Vote)