Worldwide 2019 February ငွေဝင်အများဆုံး Top10 ဂိမ်းစာရင်း

Apex Legendsဟာ ဂိမ်းမဟာလုပ်ငန်းကြီး EA အတွက် ပြောပလောက်အောင် ကြီးကြီးမား ပေါက်သွားတဲ့ ဂိမ်းတစ်ခု မဟုတ်တာ အမှန်ပါပဲ။

ဒါပေမဲ့ free-to-play ဂိမ်းတွေ ချကျွေးခဲ့သမျှထဲမှာတော့ အကြီးမားဆုံးပဲလို့ ပြောလို့ရတဲ့ အနေအထားကို ရောက်ရှိနေတယ်။ ကမ္ဘာတစ်လွှားမှ ဒစ်ဂျစ်တယ်ဂိမ်းသမားတွေ Apex Legends ကစားရင်း သုံးစွဲကြတာ လစဉ် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ၀န်းကျင် ရှိနေတဲ့အဖြစ်ကို ရောက်ရှိနေပြီ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ပလက်ဖောင်းတွေ အကုန်လုံးပေါ်မှ အမေရိကန်ဒေါ်လာ ၉၂ ဆွဲသိမ်းနိုင်ခဲ့တာမို့ ဖေဖော်ဝါရီလရဲ့ Top10 ၀င်ငွေအများဆုံး ဂိမ်းစာရင်းထဲ ၀င်သွားခဲ့ပါတယ်။ ဘယ်ပလက်ဖောင်းမှာ အများဆုံး ရသလဲဆိုတော့ PC မှာ မဟုတ်ဘူး။ console မှာ ရနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ Epic Games က အွန်လိုင်းတင်ပေးထားတဲ့ Fortnite ကိုတော့ လိုက်မမီသေးပါဘူး။

စိတ်ဝင်စားစရာကောင်းတာက console မှာ Apex က Anthem ကို ကျော်တက်သွားခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း console မှာ တတိယနေရာကို Apex ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။ PC မှာတော့ Top10 ၀င်ဖို့ လိုနေသေးတယ်။


ဖေဖော်ဝါရီ ၂၀၁၉ အတွက် PC Console နဲ့ Mobile ပလက်ဖောင်းတွေမှာ ကမ္ဘာတစ်လွှား ငွေဝင်တာ အများဆုံး Top10 ဂိမ်းစာရင်းကို ဖော်ပြပေးလိုက်ပါတယ်။

top10

Apex Legend ရဲ့ first season အစမှာ ကရိုက်တာအသစ်တစ်ယောက်ကို တွေ့ခဲ့ကြတယ်။ သူက Octane ပေါ့။ season မကုန်ခင်မှာ နောက်ထပ် ကရိုက်တာအသစ် တစ်ယောက် လာဦးမယ်လို့ Sony ရဲ့ ၀က်ဘ်ဆိုက်မှာ ကြေညာထားတယ်။ သိကြတဲ့အတိုင်း season တစ်ခုဟာ ၁၂ ပတ်ကြာမြင့်တယ်။ ပထမ season မှာ ကရိုက်တာ နှစ်ယောက် ထွက်ပေါ်မယ်လို့ ဆိုထားပါတယ်။ ကရိုက်တာ အသစ်အပြင် လက်နက်အသစ်တစ်မျိုးလည်း ဒီseason မှာ လာပါလိမ့်မယ်။ item ကလည်း အသစ် ၂ ခု လာမယ်လို့ ဆိုထားတယ်။ တစ်မျိုးကတော့ Octane နဲ့ သက်ဆိုင်တဲ့ jump pad တွေ ဖြစ်ပါတယ်။ နောက်တစ်မျိုးကို မကြာခင်မှာ မြင်တွေ့ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

 

Read times
Rate this item
(0 votes)