Fortnite ဂိမ်းကစားပြီး သူဌေးဖြစ်သွားတဲ့ ၁၄ နှစ်အရွယ် ကောင်လေး

Fortnite ဂိမ်းကစားပြီး သူဌေးဖြစ်သွားတဲ့ ၁၄ နှစ်အရွယ် ကောင်လေး google

အသက် ၁၄ နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ Fortnite ဂိမ်းကိုကစားရင်း ဒေါ်လာ ၁၉၆,၀၀၀ ရရှိတဲ့ အထိ ကြွယ်ဝချမ်းသာလာပါတယ်။

အဲဒီကောင်လေးက အဲဒီဝင်ငွေ ဘယ်လိုရလာတဲ့အကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အသက် ၁၄ နှစ်အရွယ်ရှိ ဂရစ်ဖင်စပီကိုစကီဟာ တစ်ရက်မှာ Fortnite ကို ၈ နာရီကနေ ၁၈ နာရီအကြား ကစားရင်းနဲ့ အင်တာနက်က အံ့သြဖွယ်သရဲတစ်ယောက် ဖြစ်လာပါတယ်။
စပီကိုစကီဟာ Fortnite ဂိမ်းကစားတာကို ဗီဒီယိုရိုက်ကူးထားပြီး YouTube ပေါ်ကို တင်ခဲ့ပါတယ်။

သူဟာ ကြော်ငြာ၊ စပွန်ဆာတွေနဲ့ လစဉ်ကြေးပေးသွင်း လှူဒါန်းမှုတွေက ငွေကြေးအမြောက်အမြား ရရှိခဲ့ပါတယ်။

သူဟာ လွန်ခဲ့တဲ့ ၉ လလောက်က နာမည်ကျော် Fortnite ဂိမ်မာတစ်ဦးကို အနိုင်ယူလိုက်တဲ့ ဗီဒီယိုတင်လိုက်ပါတယ်။ အဲဒီ ဗီဒီယိုကို ကြည့်ရှုသူ ၇.၅ သန်းရရှိတဲ့အချိန်ကစပြီး စပီကိုစကီဟာ စတင်ကျော်ကြားလာပါတယ်။

ဆယ်ကျော်သက်တစ်ဦးဖြစ်တဲ့ စပီကိုစကီဟာ နယူးယောက်မှာ နေထိုင်သူဖြစ်ပြီး gaming နဲ့ကိုက်ညီဖို့ အွန်လိုင်းအထက်တန်းကျောင်း သင်ရိုးကို သင်ယူနေပါတယ်။ စပီကိုစကီရဲ့YouTube အမည်က Scetpic ဖြစ်ပြီး subscribe ပြုလုပ်သူ ၁ သန်းကျော်ရှိပါတယ်။

သူဟာ အပတ်စဉ် အားလပ်ရက်တွေမှာ Fortnite ကို ၁၈ နာရီကစားလေ့ရှိပြီး အဲဒီပမာဏဟာ များပြားလွန်းတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ စပီကိုစကီရဲ့မိဘတွေဟာ သူ့ရဲ့ဝင်ငွေကို ထိန်းကျောင်းနိုင်ဖို့ ဘဏ္ဍာရေးအကြံပေးတစ်ဦး ခန့်အပ်ထားပြီး ကုမ္ပဏီတစ်ခု တည်ထောင်ထားပါတယ်။

စပီကိုစကီရဲ့ မိဘတွေက gaming ကို အားကစားတစ်ခုလို့ ရှုမြင်ပြီး ဗီဒီယိုဂိမ်းနဲ့ပတ်သက်ပြီး ဆန္ဒပြင်းပြတဲ့ ကလေးတွေကို မိဘတွေက အားပေးသင့်တယ်လို့ အကြံပေးခဲ့ပါတယ်။ ယူကေအခြေစိုက် eSports အဖွဲ့အစည်း Misfits Gaming အနေနဲ့ Sceptic ကိုပရော်ဖက်ရှင်နယ် အားကစားသမားအဖြစ် စာရင်းသွင်းဖော်ပြထားပါတယ်။

Sceptic အနေနဲ့ ငွေကြေးစုဆောင်းလိုပေမယ့် ငွေကြေးနဲ့ ပတ်သက်တဲ့ လက်တွေ့ကျတဲ့ အစီအစဉ်တွေ ရှိပါတယ်။ ဒါမှပဲ သူဟာ အနာဂတ်မှာ တက္ကသိုလ်ကျောင်းစရိတ် ပေးချေတာနဲ့ နေအိမ်ဝယ်တာတွေကို ပြလုပ်နိုင်မှာ ဖြစ်ပါတယ်။

Source: internet

 

Read times
Rate this item
(0 votes)