သွေးထွက်သံယိုပါဝင်သော ဂိမ်းများကို ပိတ်ပင်မည့် တရုတ်နိုင်ငံ

သွေးထွက်သံယိုပါဝင်သော ဂိမ်းများကို ပိတ်ပင်မည့် တရုတ်နိုင်ငံ google

ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလက တရုတ် အာဏာပိုင်များက ဗီဒီယို ဂိမ်းအသစ်များကို ခွင့်ပြုပေးခြင်းအား ၉ လကြာ ရပ်နားလိုက်ပါတယ်။

အခုတော့ အာဏာပိုင်များက စည်းမျဉ်း အသစ်များကို ပြောကြားလိုက်ပါတယ်။ Mortal Kombat 11 လို သွေးထွက်သံယို ဂိမ်းများအတွက် အခြေအနေ မကောင်းပါဘူး။

Related image

အာဏာပိုင်များက ဂိမ်း အမျိုးအစား ၃ ခုကို ပိတ်ပင်လိုက်ပါတယ်။ Mahjong နဲ့ Poker တို့လို လောင်းကစား ဂိမ်းများ၊ လူသေ အလောင်းများ၊ သွေးထွက်သုံယို ဂိမ်းများနဲ့ နိုင်ငံရဲ့ သမိုင်းကြောင်းကို ထိခိုက်စေတဲ့ ဂိမ်းများ ဖြစ်ပါတယ်။ သွေးအရောင်လို့ ဆိုရာမှာ အနီရောင် သာမက အရောင်မျိုးစုံ ပါဝင်ပါတယ်။ အဲဒီအတွက် လူလည်ကျပြီး ဂိမ်းမှာ သွေးကို အစိမ်းရောင် လုပ်ထားရင်လည်း ပိတ်ပင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် Porn များကိုလည်း တရုတ်က အရင်ကတည်းက ပိတ်ပင်ထားပါတယ်။ အာဏာပိုင်များက တရုတ်ရဲ့ တန်ဖိုးကို မြင့်တက်စေမယ့် ဂိမ်း အမည်များကို ပေးဖို့ ဂိမ်း ထုတ်လုပ်သူများအား တောင်းဆိုလိုက်ပါတယ်။ ဒါမှသာ ကမ္ဘာမှာ အဲဒီ ဂိမ်းများ ပေါက်ရင် တရုတ်ရဲ့ ဂုဏ်သိက္ခာ မြင့်မားစေမှာ ဖြစ်ပါတယ်။

Read more: Desktop Computer တစ်လုံးတွင်ပါဝင်သော ပစ္စည်းများ

ဒါ့အပြင် ဇာတ်လမ်းသွား၊ စကရင်ရှော့များ အပါအ၀င် ဂိမ်းရဲ့ အသေးစိတ် သတင်းအချက်အလက်များကို တင်ပြဖို့လည်း အာဏာပိုင်များက တောင်းဆိုလိုက်ပါတယ်။ တရုတ်မှာ လူငယ်များဟာ ဂိမ်းကို အရူးအမူး ကစားနေတဲ့ ပြဿနာလည်း ရှိနေပါတယ်။ တရုတ်က ၂၀၀၇ ခုနှစ်ကတည်းက ပီစီဂိမ်းများမှာ ကန့်သတ်မှုများကို စတင် ပြုလုပ်ခဲ့ပါတယ်။ အခုတော့ မိုဘိုင်းဂိမ်းများကိုပါ ကန့်သတ်နေတာပါ။

Ref : gizmodo

 

Read 119 times
Rate this item
(0 votes)