Pubg Moblie ရဲ့နောက်ဆုံး Update မှာ ဘာတွေထူးခြားသွားလဲ

Pubg Moblie ရဲ့နောက်ဆုံး Update မှာ ဘာတွေထူးခြားသွားလဲ google.com

Review ပေးတာနဲနဲနောက်ကျနေပြီဆိုပေမယ့်လို့ ဘာအသစ်တွေတိုးလာလည်း မသိသေးတဲ့လူတွေအတွက်ရော၊

Event Mode ပါလာတာတော့သိပြီး မဆော့ဖြစ်တဲ့လူတွေအတွက်ပါ အရင်ကထက်ပိုဆော့လို့ကောင်းလာတဲ့ အကြောင်းပြောပြပေးချင်တာပါ။

 

အခုဒီ update မှာ အရင်တစ်ခါပါဖူးခဲ့တဲ့ Event Mode ပြန်ပါလာတာကိုတွေ့ရမှာပါ။ Evo Ground လို့နာမည်ပေးထားတဲ့ ဒီ Event Mode မှာ Zombie: Darkest Night နဲ့ Zombie: Survie Till Dawn 2 ဆိုပြီးနှစ်မျိုးပါဝင်လာတာပါ။

 

- Zombie : Darkest Night Mode မှာတော့ Zombie တွေကို သတ်ရပြီးတော့ ကိုယ်တွေလို Team တွေလည်းပါဝင်ပါတယ်။ အဲ့ဒီတော့ Team ချင်းဖိုက် Zombie တွေကိုသတ်ပြီး နောက်ဆုံးကျန်ခဲ့တဲ့လူက အနိုင်ရမှာပါ။

 

- Zombie : Survive Till Dawn 2 Mode မှာကတော့ Zombie တွေကို ငြိမ်သွားအောင်လုပ်လို့ရတဲ့ဗုံးတွေ၊ ရန်သူတွေကို ခဲသွားစေတဲ့အပြင် သူတို့ရဲ့ Movement Speed တွေကို လျော့ချနိုင်တဲ့ Liquid Nitrogen ဆိုတဲ့ ဗုံးတွေလည်းပါဝင်လာတာပါ။ ပြီးတော့ ခုန်တဲ့ Zombie တွေ၊ Zombie ခွေးတွေလည်းပါဝင်လာပါသေးတယ်။ ဒါအပြင် တစ်ချို့ Zombie တွေဟာ နိမ့်တဲ့နံရံတွေ၊ အမိုးပေါ်တွေကိုလည်း တတ်လို့ရလာကြလို့ ပျော်ဖို့တော့ပိုကောင်းလာမှာပါ။

 

သေနတ်နဲ့ပစ်ခံရတဲ့ Zombie တွေကတော့ ရွေ့လျားမှုတွေနှေးသွားတဲ့အတွက် ပစ်ပြီးပြေးတာမျိုးလုပ်လို့ရလာပါပြီ။ ဒါတွေထဲကမှ အကောင်းဆုံးတစ်ခုလိုပြောရမယ့်ဟာကတော့ ဒီ Mode ထဲမှာ Daily Missions တွေကိုပါလုပ်လို့ရပါပြီ။

 

တစ်ခြားပြောင်းလဲသွားတာတွေ

 

- အခု Update မှာ အထူးခြားဆုံးပြောင်းလဲသွားတာကတော့ ကိုယ့်ရဲ့သူငယ်ချင်းတွေဆော့နေတာကိုဝင်ကြည့်လို့ရမယ့် Spectator Mode ပါဝင်လာတာပါ။

 

- Scope တွေရဲ့ Crosshair colour တွေကိုလည်း ပြောင်းလို့ရလာပါပြီ။

 

- အခုဆို Inventory ထဲဝင်ပြီး Spring Theme ပြောင်းလို့ရသွားပြီးတော့ အဲ့ Theme ကအချိန်အကန့်အသတ်နဲ့ပါ။ Spring Theme နဲ့အတူ တော်တော်လှတဲ့ Skin တွေပါဝင်တဲ့ Treasure လည်းပါဝင်လာပါသေးတယ်။

 

- Shop ထဲဝင်ကြည့်လိုက်ရင်လည်း ကိုယ့်ကြိုက်တဲ့ Item တွေကို Favorites လုပ်လို့ရသွားပြီးတော့ အဲ့ Item တွေကိုဝယ်လို့ရပြီဆိုတာနဲ့ ကိုယ့်ကိုအသိပေးမှာပါ။

 

- Emulator players အတွက်သတင်းဆိုးကတော့ အရင်လိုမျိုး Mobile players တွေနဲ့ တူတူဆော့လို့မရတော့တာပါ။ ဖလာကြိတ်လို့မရတော့ဘူးပေါ့ :P

 

- ကိုယ့်သူငယ်ချင်းတွေက အတူဆော့ဖို့လာပြီး Invite လိုက်တဲ့အခါထဲက ဘယ် Map ဆော့မှာလည်းဆိုတာပါ မြင်ရမှာပါ။ အရင်လို Join ပြီးမှမြင်ရတာမျိုးမဟုတ်တော့ပါဘူး။

 

- Quick Chat messages ကို အခု Inventory ထဲမှာပြင်ဆင်လို့ရပြီးတော့ Quick Chat messages ကလည်းအရင်လိုပုံစံမဟုတ်တော့ပဲ Wheel ဖြစ်သွားပြီးတော့ မြန်မြန်ဆန်ဆန် Chat messages လုပ်လို့ရသွားပါပြီ။

 

- Prone နေတာတို့၊ တံခါးအဖွင့်အပိတ်လုပ်တာတို့၊ ကျည်ပြန်ဖြည့်တာတို့မှာ Animation တွေပါဝင်လာပြီဖြစ်ပါတယ်။

 

- Bug ဖြစ်နေတဲ့ဟာတွေကိုလည်းတော်တော်များများပြင်ဆင်လိုက်တာကိုတွေ့ရမှာပါ။

 

New Achievements တွေအနေနဲ့ကတော့

 

- Best Companion, Superstar, Winning Culture, Adventurer, Until Dawn, and A Step Too Far တို့ဖြစ်ပါတယ်။

 

အနှစ်ချုပ်ပြီးတော့ပြောရမယ်ဆိုရင် ဒီ Update မှာအရင်ကထက် Animation တွေပိုပါလာတယ်၊ Reality ပိုဆန်လာတယ်၊ ပိုပြီးဆော့လို့ကောင်းလာတယ်ပေါ့ဗျာ။ Zombie Mode လေးတွေလည်းရှိတော့ Classic မဆော့ချင်တဲ့အခါ အဲ့ Mode တွေထဲ Daily Missions လုပ်ရင်းဝင်ပျော်နေလို့ရပြီပေါ့။

 

Pk

ICT Guide

Read 223 times
Rate this item
(3 votes)