Download ပြုလုပ်သူ သန်း ၄၀၀ ရှိလာတဲ့ PUBG Mobile

Download ပြုလုပ်သူ သန်း ၄၀၀ ရှိလာတဲ့ PUBG Mobile google.com
Tencent Games က PUBG Mobile နဲ့ ပတ်သက်ပြီး စံချိန်တင်သွားပါပြီ။ အခုဆိုရင်
PUBG Mobile ကို Download ပြုလုပ်မှု သန်း ၄၀၀ ရှိသွားပါပြီ။ နေ့စဉ် အသုံးပြုသူ သန်း ၅၀ ရှိလာပါပြီ။ အဲဒီ အထိမ်းအမှတ် အဖြစ် ဂိမ်းရဲ့ Update အသစ်တစ်ခုကို ဖြန့်ချီပေးလိုက်ပြီး 4v4 Battle Mode ၊ မြေပုံအသစ် ၊ Custom Skins နဲ့ အသေးစိတ် Settings Options များ ပါလာပါတယ်။
 
Update 0.13.0 မှာ First & Third Person Mode များအတွက် သီးခြား Control Settings များ ပါလာပါတယ်။ Third-party Cheat Prevention System ကလည်း ပိုကောင်းလာပါတယ်။ ပင်မ စကရင်ကနေ Latency Indicator အသစ်ကို မြင်ရပါတယ်။ ကစားသူများဟာ Godzilla: King of the Monsters theme ကို အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။
 
အကောင်းဆုံး ကစားသူ ၁၀၀ အတွက် လက်ဆောင်များပေးတဲ့ Popularity Ranking System အသစ် ပါလာပါတယ်။ Survive Till Dawn နဲ့ Darkest Night Modes များမှာ Zombie Skins အသစ်များ ပါလာပါတယ်။ Items Management ကလည်း တိုးတက်လာပါတယ်။ Update ကို App Store နဲ့ Google Play Store များကနေ ရယူနိုင်ပါပြီ။
 
Digital Times
Read times
Rate this item
(1 Vote)