၂၀၁၉ ပထမနှစ်ဝက် Top10 ၀င်ငွေအများဆုံးရ Esports အဖွဲ့များ

၂၀၁၉ ခုနှစ် ဇွန်လကုန်ဆုံးခဲ့ပြီးချိန် တစ်နှစ်တာရဲ့ ပထမ နှစ်ဝက်မှာ Esports တံခွန်စိုက်ပြိုင်ပွဲတွေမှာ အောင်နိုင်ခဲ့ပြီး ရရှိတဲ့ ဆုကြေးတွေအရ ဘယ်အသင်းအဖွဲ့တွေက အများဆုံးရထားပြီး Top10 စာရင်းထဲမှာ ရှိနေသလဲဆိုတာ ဖော်ပြအပ်ပါတယ်။

 

အခုဆောင်းပါးမှာ အောက်ပါအမည်များ ပါဝင်ပါတယ်။

Teams:
Astralis, G2 Esports, Ninjas In Pyjamas, NRG Esports, San Francisco Shock, Team Liquid, Team Secret, Team Vitality, Vici Gaming, Virtus.pro

League/Tournament Brands:
BLAST Pro Series, Esports Championship Series (ECS)

Games:
Counter-Strike: Global Offensive, Dota 2, Fortnite, Hearthstone, League of Legends, Magic:The Gathering Arena, Overwatch, PlayerUnknown's Battlegrounds, Rocket League, Tom Clancy's Rainbow Six Siege

Leagues:
DreamHack Masters Dallas 2019, DreamhHack DreamLeague Season 11, EPICENTER Major 2019, ESL Pro League Europe Season 9, MDL Disneyland Paris Major, Overwatch League (OWL) 2019

Brands:
ESL

Companies:
iBuyPower, Intel Corporation


ဆုကြေးအများဆုံး ပေးတဲ့ Top10 ဂိမ်းတွေရဲ့ ဆုကြေးစုစုပေါင်းဟာ အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော် ပထမနှစ်ဝက်မှာ ပေးအပ်ချီးမြှင့်ခဲ့ပြီးပြီ ဖြစ်ပါတယ်။ ဒုတိယ နှစ်ဝက်မှာလည်း တံခွန်စိုက် ပြိုင်ပွဲတွေ ရှိနေပြီး နောက်ထပ် ဆုကြေးတွေ ထပ်ပေးကြဦးမှာ ဖြစ်ပါတယ်။ ပထမနှစ်ဝက်မှာ ဆုကြေး စုစုပေါင်း အမေရိကန်ဒေါ်လာ ၂ သန်းကျော် ပိုက်ထားတဲ့ Team Liquid က $2.17M နဲ့ ထိပ်ဆုံးမှာ ရောက်နေတာ ဖြစ်ပါတယ်။


Esports Earnings အဖွဲ့အစည်းမှ စုဆောင်းထားတဲ့ အချက်အလက်များအရ ရရှိဆုကြေး စုစုပေါင်းအရ Top10 ဆုကြေးအများဆုံးရ အသင်းတွေမှာ အသင်းတိုင်းဟာ ဆုကြေး စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၂၅ ၀၀၀ ကျော် ရရှိထားတဲ့ အသင်းတွေ ဖြစ်နေတာ တွေ့ရတယ်။
အသင်း ၃ သင်းကတော့ ပထမနှစ်ဝက်မှာ ရထားတဲ့ ဆုကြေး စုစုပေါင်းက အမေရကိန်ဒေါ်လာ ၁ သန်းကို ကျော်သွားတယ်။ နောက်ထပ် ထပ်ရဖို့ ပွဲတွေ ရှိနေသေးတယ်။ အထူးသဖြင့် Dota 2 တံခွန်စိုက်ပြိုင်ပွဲတွေက ဆုကြေးမြင့်မားတယ်။

10) Virtus.pro: $627K
Virtus.pro ရဲ့ အောင်မြင်မှုတွေက Dota2 မှာ အဓိက ရရှိခဲ့တာဖြစ်ပြီး ပထမနေရာကို တစ်ခါမှ မရခဲ့ဘူး။
The Chongqing Major 2019 နဲ့ DreamLeague Season 11 မှာ သူတို့ ဒုတိယနေရာတွေ ရခဲ့ပြီး တစ်ပွဲဆီမှ $170K ရရှိခဲ့တယ်။ EPICENTER Major 2019 မှာ တတိယ ရရှိလို့ ဆုကြေး $100K ရတယ်။ Counter-Strike: Global Offensive(CS:GO) မှာ $27K ရထားပြီး Fortnite မှာ $16K ရထားတယ်။

9) Ninjas in Pyjamas: $693K
Ninjas in Pyjamas ရထားတဲ့ ဆုကြေးပမာဏမှာ Dota2 ကနေ အများဆုံး ရထားတာ ဖြစ်ပါတယ်။ $440K ရထားတယ်။ အသင်းရဲ့ အကြီးမားဆုံး အောင်ပွဲတွေက StarLadder ImbaTV ရဲ့ Dota 2 Minor Season 2 နဲ့ OGA Dota PIT Minor တို့ ဖြစ်ပြီး $125K စီ ရခဲ့တယ်။ CS:GO ကနေ $181K ရထားပြီး BLAST Pro Series: Miami မှာ တတိယ ရခဲ့လို့ $45K ရရှိခဲ့ပါတယ်။

8) TnC Gaming: $703K
TnC Gaming ရဲ့ ဆုကြေးဝင်ငွေမှာလည်း အဓိကအားဖြင့် Dota 2 မှ ရတာ ဖြစ်ပြီး မတ်လမှာ ကျင်းပတဲ့ WESG 2018 တံခွန်စိုက်ပြိုင်ပွဲမှာ $500K ရခဲ့တယ်။ Asia Pacific Predator League မှာ $75K ရခဲ့တယ်။ EPICENTER Major 2019 မှာတော့ စတုတ္ထနေရာ ရခဲ့ပြီး $80K ရရှိပါတယ်။ တခြားတံခွန်စိုက် ပြိုင်ပွဲတွေမှာ နည်းနည်းပါးပါး ရခဲ့တာတွေလည်း ရှိပါတယ်။ ဥပမာ One Mumbai 2019 မှာ $20K ရရှိပြီး The Chongqing Major မှာ $15K ရခဲ့တယ်။


7) NRG: $744K
San Francisco Shock’s Overwatch League အနိုင်ရလို့ prize pools ကနေ NRG အနေဖြင့် $744K ရထားတယ်။ NRG ရဲ့ CS:GO အဖွဲ့က $220K ရရှိထားပြီးပြီ ဖြစ်ပါတယ်။ ESL Pro League Season 9 Finals မှာ တတိယ ရတာအတွက် $40K ရရှိခဲ့ပြီး ECS Season 7 Finals မှာ စတုတ္ထ ရတာအတွက် $50K ရရှိခဲ့ပါတယ်။ ၎င်းရဲ့ Rocket League အဖွဲ့က $93K ရရှိထားပြီ ဖြစ်ပါတယ်။

6) Team Vitality: $747K
ဇွန်လဟာ Team Vitality အတွက် အောင်နိုင်တဲ့လ ဖြစ်နေတယ်။ အချီကြီးကြီး ၂ ပွဲ နိုင်ခဲ့တယ်။ CS:GO ECS Season 7 Finals နိုင်တာ အတွက် $225K ရခဲ့ပြီး Rocket League Championship Series World Championship ထံမှ $200K နိုင်ကြေး ရရှိခဲ့တယ်။ ကျန်တဲ့ပွဲတွေမှာတော့ ဆုကြေး နည်းနည်းပါးပါး စီပဲ ရရှိခဲ့တယ်။ ဥပမာ Hearthstone မှာ ရတာ $21K တောင် မပြည့်ဘူး။

5) Astralis: $782K
Top10 စာရင်းရဲ့ နံပါတ်(၅) နေရာမှာ ရောက်နေတဲ့ Astralis ဟာ CS:GO ကစားတဲ့ အဖွဲ့ဖြစ်ပြီး CS:GO တစ်မျိုးပဲ ကစားတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ တုန်းက CS:GO ကိုပဲ သန့်သန့်လေးကစားပြီး
အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၅ သန်း ($3.65) သိမ်းပိုက်ခဲ့ဖူးတယ်။ ဒီနှစ်မှာတော့ ပွဲစဉ်တွေမှာ ကြီးစိုးထားနိုင်ခြင်း မရှိခဲ့ဘူး။ ဒါပေမဲ့ မတ်လတုန်းက ကျင်းပခဲ့တဲ့ Intel Extreme Masters Katowice 2019 Major မှာ $500K ဆုကြီးကို ဆွတ်ခူးနိုင်ခဲ့တယ်။ BLAST Pro Series: São Paulo မှာ ဆုကြေး $125K ရခဲ့တယ်။

4) Vici Gaming: $993K
Vici Gaming က Dota 2 တံခွန်စိုက် ပြိုင်ပွဲမှာ အချီကြီး ၃ ကြိမ် နိုင်ခဲ့လို့ တခြားပွဲတွေမှာ နိုင်ထားတာတွေနဲ့ ပေါင်းလိုက်ရင် စုစုပေါင်း $993K ရပြီး Top10 စာရင်းရဲ့ နံပါတ်(၄)နေရာကို ခုန်တက်လာတယ်။ DreamLeague Season 11 နဲ့ EPICENTER Major 2019 ပွဲတွေမှာ $350K စီ ရခဲ့တယ်။ StarLadder ImbaTV Dota 2 Minor မှာ $125K ရခဲ့တယ်။ ကျန်တဲ့ ဆုကြေးဝင်ငွေတွေကိုတော့ PLAYERUNKNOWN’S BATTLEGROUNDS (PUBG) မှာ $17K ရခဲ့ပြီး League of Legends မှာ $29K ရခဲ့တဲ့အပြင် CS:GO မှာ $15K ရခဲ့ပါတယ်။


Top10 စာရင်းမှာ အမေရိကန် သိန်းဂဏန်းရတဲ့အဖွဲ့တွေ နံပါတ် ၄ နေရာအထိ ရှိနေပြီး နံပါတ်(၃)က စလို့ အမေရိကန်ဒေါ်လာ သန်းဂဏန်း ရထားတဲ့ အဖွဲ့တွေ နေရာယူပါတယ်။

3) Team Secret: $1.13M

Team Secret က Dota 2 မှာ အားကောင်းတယ်။ ၅ နှစ်ဆက်တိုက် နိုင်ထားတဲ့ စံချိန်ကို ရထားတယ်။ Dota2 ကနေ ရတဲ့ဆုကြေး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ သန်း ကျော်နေပြီ။ ၂၀၁၉ ခုနှစ်မှာတော့ Dota 2 event ၆ ခု အထိ ပြိုင်ထားပြီးပြီ။ အဲဒီမှာ ၄ ပွဲ နိုင်ခဲ့တယ်။
Chongqing Major မှာ $350K ဆုကြေးရတယ်။ MDL Disneyland Paris Major မှာ $350K နဲ့ ESL One Katowice မှာ $125K ရတယ်။ ESL One Birmingham မှာလည်း $125K ရခဲ့ပါတယ်။ Dota 2 အပြင် အခြားပွဲတွေလည်း ၀င်ပြိုင်ခဲ့တာမှာ ဆုကြေး ရခဲ့တာတွေ ရှိတယ်။ ဥပမာ Rainbow Six Siege မှာ $36K ရခဲ့ပြီး Fortnite မှာ $20K ရခဲ့တယ်။

2) G2 Esports: $1.73M
Top10 ရဲ့ နံပါတ်(၂) နေရာမှာ ရောက်နေတဲ့ G2 Esports က ၂၀၁၉ ခုနှစ်မှာ Rainbow Six Siege ကနေ ဆုကြေးတွေ ရွှန်းရွှန်းဝေခဲ့တယ်။ Six Invitational 2019 မှာ အနိုင်ရလို့ $800K ရတယ်။ League of Legends ထံမှ $490K ရထားတယ်။ မေလတုန်းက Mid-Season Invitational မှာ $400K ဆုကြေးဆွတ်ခူးတယ်။ CS:GO ထံမှလည်း $227K ရတယ်။ Rocket League ထံမှ $162K ရတယ်။

1) Team Liquid: $2.17M
ဆုကြေး စုစုပေါင်း အမေရိကန်ဒေါ်လာ ၂ သန်းကျော် ပိုက်ပြီး ပထမနေရာမှာ Team Liquid ရောက်ရှိနေပါတယ်။ သူတို့ ရတဲ့ ဆုတွေက ပြိုင်ပွဲအမျိုးမျိုးထံမှ ရရှိထားတာ ဖြစ်ပါတယ်။ CS:GO ထံမှ $734K ကို သိမ်းကျုံးယူခဲ့တယ်။ မကြာသေးခင်က ESL Pro League Season 9 Finals ထံမှ ဆုကြေး $250K ယူခဲ့တယ်။ $100K စီ အသီးသီး ရယူခဲ့တာတွေက DreamHack Masters Dallas ရယ်၊ IEM Season XIV – Sydney ရယ်၊ ပြီးတော့ iBUYPOWER Masters IV ရယ် ဖြစ်ပါတယ်။ Dota 2 ထံမှလည်း ဆုကြေး $533K ရထားတယ်။ PUBG ထံမှလည်း $145K ရထားတယ်။ Hearthstone ထံမှ $105K ၊ Magic: The Gathering Arena ထံမှ $97K ၊ Rainbow Six Siege ထံမှ $94K ရထားပြီး Fortnite ကနေ $79K ရထားတယ်။

Myanmar ICT Guide

Read times
Rate this item
(2 votes)