TOP10 ဆုကြေး အကြီးမားဆုံး Esports (၂၀၁၉ ပထမနှစ်ဝက်)

TOP10 ဆုကြေး အကြီးမားဆုံး Esports (၂၀၁၉ ပထမနှစ်ဝက်) google.com
၂၀၁၉ ခုနှစ်ရဲ့ ပထမ နှစ်တစ်ဝက် ကုန်ဆုံးခဲ့ပြီ။ အဲဒီ ပထမ နှစ်ဝက်အတွင်းမှာ ကျင်းပဖြစ်ခဲ့တဲ့ ပွဲတွေ အားလုံးထဲမှာ စုစုပေါင်း ဆုကြေး prize pool အမြင့်မားဆုံးအရ Top10 esports games တွေကို Esports Earnings က စာရင်းပြုစုပြီး ထုတ်ပြန်ကြေညာပေးခဲ့တယ်။
 
Top10 စာရင်းထဲကို အသစ် ၀င်ရောက်လာတာတွေ ရှိနေတာကို တွေ့ရတယ်။ ဥပမာ Magic: The Gathering Arena  ပါလာတာ တွေ့ရတယ်။  Ubisoft ရဲ့ ကြီးထွားလာနေတဲ့ Rainbow Six Siege ကလည်း အသစ်ဝင်လာတာ ဖြစ်တယ်။ 
 
Screenshot_from_2019-07-17_18-02-15.png
 
ဒီနှစ်မှာ ရန်ပုံငွေ တောင့်တင်းတဲ့ ပွဲတွေ အဖြစ် Fortnite ရယ်၊ World Cup ရယ်၊ ပြီးတော့ Dota 2 တို့ကို တွေ့ကြရတယ်။ ၆လ တာအတွင်း ဆုကြေးအများဆုံး ချီးမြှင့်ခဲ့တဲ့ ဂိမ်း ၁၀ မျိုးကို စာရင်းမှာ တွေ့နိုင်ပါတယ်။ ၎င်းတို့ အားလုံးရဲ့ ဆုကြေး စုစုပေါင်းက အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော်သာ ရှိတာမို့ အားပါတရတော့ မရှိလှဘူး။ ဒေသအလိုက် အောင်နိုင်သူတွေ ရှာဖွေနေတဲ့ အဆင့်မှာ ရှိကြသေးတာကြောင်လည်း ဆုကြေး နည်းနေသေးတာ ဖြစ်ပါလိမ့်မယ်။ 
 
နံပါတ်(၉) နေရာမှာ ရောက်ရှိတဲ့ Magic: The Gathering Arena ဟာ ၂၀၁၉ ခုနှစ် ပထမနှစ်ဝက်မှာ ဆုကြေး အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၃ သန်း ချီးမြှင့်ခဲ့တယ်။ အဲဒီ ဂိမ်းရဲ့ မိခင် ကုမ္ပဏီ ဖြစ်တဲ့ Hasbro က Magic: The Gathering ကို ဆုကြေးနဲ့ တွန်းတင်ပေးနေတယ်။ ဖဲချပ်လို ကတ်တွေနဲ့ ကစားတဲ့ဂိမ်းနဲ့ ဒစ်ဂျစ်တယ်ဂိမ်း နှစ်လိုင်း ပြေးတဲ့ဂိမ်း ဖြစ်ပြီး နှစ်လိုင်းစလုံးကို Hasbro က တွန်းတင်နေတယ်။ ဘယ်လောက်အထိတောင်လဲဆိုတော့ အဲဒီဆုကြေး အမေရိကန်ဒေါ်လာ ၂ သန်း နီးပါးကို မတ်လမှာ ကျင်းပတဲ့ တစ်ပွဲနဲ့ ဇွန်လမှာ ကျင်းပတဲ့ တစ်ပွဲ အဲဒီ ၂ ပွဲတည်းမှာတင် သုံးပစ်ခဲ့တာ ဖြစ်ပါတယ်။ အခု စာရင်းက
Esports အတွက်သာဖြစ်လို့ ဖဲချပ်ကတ်ပြားဂိမ်းအတွက် ကျင်းပတဲ့ ပွဲအတွက် ဆုကြေး အမေရိကန်ဒေါ်လာ ၅ သိန်းကို ထည့်မတွက်ထားဘူး။ 
 
ပစ်ခတ်မယ်။ ချေမှုန်းမယ်။ ဂိမ်းဆိုတာ တိုက်ပွဲဆိုတဲ့ ဂိမ်း အမျိုးအစားဖြစ်တဲ့ Rainbow Six Siege ကို ပွဲထုတ်တဲ့ Ubisoft က ၂၀၁၈ ခုနှစ်တုန်းက သူသုံးစွဲခဲ့တဲ့ ဆုကြေး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၃ သန်းကို ကျော်လွန်အောင် ၂၀၁၉ ခုနှစ် ပထမနှစ်ဝက်မှာ သုံးထားပြီးနေပြီ။ အခုလို သုံးနိုင်တာဟာ in-game purchase တွေထံမှ ရတဲ့ ၀င်ငွေက ကြီးမားလို့ ဖြစ်ပါတယ်။ ဒီအတိုင်း ဆုကြေးကို ဆက်သုံးမယ်ဆိုရင် ဒုတိယ နှစ်ဝက်ကုန်ဆုံးချိန်မှာ ၂၀၁၉ ခုနှစ် ဆုကြေးအများဆုံး Top10 မှာ Rainbow Six Siege ဆက်ပါနေမှာ ဖြစ်ပါတယ်။
 
Read times
Rate this item
(1 Vote)