PUBG Mobile ရဲ့ နောက်ဆုံးထွက် Update အကြောင်း

PUBG Mobile ရဲ့ နောက်ဆုံးထွက် Update အကြောင်း google.com
PUBG MOBILE ရဲ့ Update အသစ် ထွက်ရှိလာပါပြီ။ iOS တွေအတွက်တော့ 181 MB လိုအပ်မှာဖြစ်ပြီး Andriod အတွက်တော့ 158 MB လိုအပ်ပါမယ်။
 
Version Update လက်ဆောင်များ
Update the game between July 16th and July 22nd to get a Parachute Trail and 1,888 BP.
 
ဂျူလိုင် ၁၆ ရက်နေ့ကနေ ဂျူလိုင် ၂၂ ရက်နေ့အတွင်း Update လုပ်မယ်ဆိုရင် Parachute Trail နဲ့ 1,888 BP ရရှိမှာဖြစ်ပါတယ်။
 
ဘာတွေအသစ်ပါဝင်လာမလဲ?
 
၁။ လက်နက်အသစ်: PP-19
 
- ဂိမ်းရဲ့ ၅လက်မြောက် submachine gun ဖြစ်ပြီး 9mm ကျည်ဆံကို အသုံးပြုပါတယ်။ Erangel နဲ့ Vikendi မှာ တွေ့ရနိုင်ပါတယ်။
 
- PP-19 ရဲ့ ကျည်ကဒ် ကတော့ ကျည်ဆံ ၅၃ တောင့်အထိပစ်လို့ရနိုင်ပါတယ်။ ဒါပေမယ့် ကျည်တောင့် ပမာဏ ထပ်ပြီး တိုးမြှင့်လို့တော့ မရပါဘူး။
 
- Scope နဲ့ Muzzle တွေ တပ်ဆင်ပြီး အသုံးပြုနိုင်ပါတယ်။ Red Dot Sight တို့ Holographic Sight တို့ကနေပြီး 6x Scope အထိ တပ်ဆင်နိုင်ပြီး submachine gun တွေအတွက် ပေးထားတဲ့ muzzle အကုန်လုံး အသုံးပြုနိုင်ပါတယ်။
 
- PP-19 ရဲ့ ပြင်းအားကတော့ 35 ရှိပြီး ပစ်အားကတော့ UMP နဲ့ ဆင်တူပါတယ်။
 
၂။ Team Deathmatch Room အတွက် TPP mode ပါဝင်လာပါတယ်။
 
၃။ iOS background download နဲ့ update စနစ်အသစ် ပါဝင်လာပါတယ်။ patch အသစ်ကို download လုပ်နေတုန်းမှာ application ကို background ပို့ထားလို့ ရနိုင်ပါပြီ။
 
၎။ Rating Protection Cards အသစ် ထွက်ပေါ်လာပါတယ်။ အသုံးပြုထားတဲ့အချိန်အတွင်းမှာ Rating ကျသွားခြင်း မရှိအောင် ကာကွယ်ပေးပါတယ်။ Crown နဲ့ အောက် အဆင့်တွေမှာပဲ အသုံးပြုနိုင်ပါတယ်။
 
၅။ High-end device တွေမှာရရှိနိုင်တဲ့ HDR mode မှာ The High Frame Rate option အသစ် ထည့်သွင်းပေးထားပါတယ်။ Setting ထဲက Graphics မှာ ဝင်ရောက်ပြောင်းလဲနိုင်ပါတယ်။
 
၆။ PMCO-themed event တွေကတော့ ဂျူလိုင်လ နောက်ဆုံးအပတ်တွေမှာ ပါဝင်လာပါမယ်။ Mission တွေပြီးရင်တော့ Alan Walker ရဲ့ PMCO သီချင်းအသစ်ကို နားထောင်နိုင်မှာဖြစ်ပြီး Main Menu အတွက် PMCO Theme အသစ် ရရှိနိုင်မှာပါ။
 
ပြုပြင်ချက်များ
 
၁။ RP Mission အတွက် Daily Mission တွေမှာ reward notification မရတဲ့အချက်ကို ပြုပြင်ထားပါတယ်။
 
၂။ EZ Mission License Perks 3 မှာ Crate နာမည်အမှားကို ပြုပြင်ထားပါတယ်။
 
၃။ Season အပြောင်းအလဲမှာ ဖြစ်ပေါ်သွားတဲ့ Rank Point မှားယွင်းမှုတွေကို ပြုပြင်ထားပါတယ်။
 
၎။ Team Deathmatch Mode မှာ အသင်းသားတွေကို avatar ကို ရွေ့ပြောင်းလို့မရတဲ့ အချက်ကို ပြုပြင်ထားပါတယ်။
 
တိုးမြှင့်ထားခြင်းများ
 
၁။ Prime ကို subscribe လုပ်ထားတဲ့လူတွေအတွက် BP Shop မှာ ပစ္စည်အသစ်တွေပါဝင်လာပါတယ်။
 
၂။ UC Purchase Bonus တွေကို အဆင့်မြှင့်ထားပေးပါတယ်။ ဆုတွေလည်း တိုးမြှင့်ထားပါတယ်။
 
၃။ Title visual effect တွေလည်း အသစ်ပြုလုပ်ထားပါတယ်။
 
၎။ အချို့ mythic ဝတ်စုံတွေကို weapon တွေနဲ့အတူ မြင်ရနိုင်ပါပြီ။ 
 
၅။ Crate နာမည်တွေကို ပိုလှတဲ့ visual effect တွေထည့်သွားပေးထားပါတယ်။
 
၆.  Bonus Challenge အမှတ်တွေကို အချိန်နဲ့တပြေးညီ တွက်လို့ရပါပြီ။  Middle East, Southeast Asia, Europe နဲ့ United State တွေမှာ မကြာခင် စတင်ပါမယ်။
 
Season အပြောင်းအလဲများ
 
Season စနစ် အသစ်
 
- Season Interface အသစ်ကို ဒီဇိုင်းအသစ်အဖြစ် ပြောင်းလဲထားပါတယ်။
 
- Classic Mode Results Screen ကို အနည်းငယ်ပြုပြင်ထားပါတယ်။ Rating နဲ့ Tier အပြောင်းအလဲတွေကို screen ပေါ်မှာ သိသိသာသာမြင်တွေ့နိုင်မှာပါ။
 
- Season 8 အတွက် rewards တွေကို အနည်းငယ်ပြုပြင်ထားပါတယ်။ Season 8 ရဲ့ ဝတ်စုံအသစ်တစ်ခုလုံးကတော့ Gold Tier မှာ ရရှိနိုင်မှာဖြစ်ပြီး Season exclusive weapon finishes ကိုတော့ Diamond Tier မှာ ရရှိနိုင်မှာပါ။
 
- Tier rewards တွေကို အနည်းငယ်ပြုပြင်ထားပါတယ်။ Crown နဲ့ အထက် ကိုရောက်ရင် Special team-joining effect နဲ့ name tag တွေ ရရှိမှာပါ။ Ace နဲ့ အထက်ကို ရောက်ရင်တော့ season title ကို ရရှိမှာပါ။
 
- Rewards တွေကို ကစားသမားတွေဆီကို season အကုန်မှာ အလိုလိုပို့ပေးမှာ ဖြစ်ပါတယ်။
 
- Season တစ်ခုအစမှာ ကစားသမားတွေဟာ အရင် season နဲ့ ကွာခြားသွားတဲ့ ပြောင်းလဲချက်တွေကို ပိုပြီးအသေးစိတ် လေ့လာနိုင်မှာဖြစ်ပါတယ်။
 
- အမှတ်ပေးစနစ် အနည်းငယ် အပြောင်းအလဲလုပ်ထားပါတယ်။ Kill Points ကို အနည်းငယ် တိုးမြှင့်ပေးထားပါတယ်။ Tier အတွင် Kill က အရေးကြီးသွားပါပြီ။
 
- Tier အပြောင်းအလဲစနစ်ကို အနည်းငယ်ပြင်ဆင်ထားပါတယ်။ Season 8 ကစပြီး Gold အောက်က tier တွေမှာ လက်ရှိ tier အတိုင်း season အသစ်မှာ ရရှိမှာ ဖြစ်ပါတယ်။
 
- Tier Transfer message ကိုတော့ mail မှာ ကြည့်ရှုနိုင်ပါတယ်။ Tier Transfer rule တွေကို website မှာရှင်းပြထားပါတယ်။ (link ကိုတော့ message မှာ ထည့်သွင်းပေးထားပါတယ်။
 
- Tier တိုးမြှင့်သွားချက် အတွက် သတိပေးချက်ကို အနည်းငယ်ပြုပြင်ထားပါတယ်။ Tier တစ်ခုထဲအတွင်းက Division တက်သွားတဲ့အချက်ကို lobby မှာ ပြသသွားမှာမဟုတ်ပါဘူး။ Tier တိုးမြှင့်သွားခြင်းကိုတော့ သိသိသာသာ ပြသသွားမှာ ဖြစ်ပါတယ်။
 
- Tier icon ပုံစံတွေ ပြောင်းလဲထားပါတယ်။
 
Royal Pass: သမုဒ္ဒရာပုံစံ ဝတ်စုံအသစ်နဲ့ ပစ္စည်းတွေကတော့ Season 8 Royale Pass ထဲမှာ စောင့်ကြိုနေပါပြီ။
 
- Elite Pass ဝယ်ယူမှုအတွက် ကစားသမားတွေဟာ သူတို့သူငယ်ချင်းတွေဆီက Elite Pass နဲ့ Elite Pass Plus ကို ဝယ်ယူခိုင်းလို့ ရပါပြီ။
 
- Royale Pass ရဲ့ ပထမဦးဆုံး နှစ်ပတ်လည်အတွက် Season 2 နဲ့ Season 3 က ပစ္စည်းတွေနဲ့ ဝတ်စုံတွေ ပြန်လည်ပါဝင်လာပါတယ်။ အဲ့ဒီ့ rare ပစ္စည်းတွေကိုတော့ Rank Rewards (သို့) Redemption Crate တွေထဲက တဆင့် ရရှိနိုင်ပါတယ်။
 
- Rewards screen, Mission screen, EZ Mission License screen နဲ့ Ranking screen တွေကို ပြောင်းလဲထားပါတယ်။
 
Event အသစ်များ
 
- Summer Carnival အတွက် Royale Pass Season 8 မှာ Team Up လုပ်လိုက်ပါ။ သမုဒ္ဒရာထဲက ရတနာပစ္စည်းတွေ စောင့်ကြိုနေပါတယ်။
 
- PUBG MOBILE CLUB OPEM 2019 Global Finals, ဂျူလိုင် ၂၆ မှ ဂျူလိုင် ၂၈ အထိ
 
- Berlin မြို့မျာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ Check-in တွေပြုလုပ်ပြီး PMCO exclusive ပစ္စည်းတွေ ရရှိနိုင်မှာပါ။
 
- PUBG MOBILE x BAPE ပူးပေါင်းခြင်းနဲ့ in-game BAPE ပစ္စည်းတွေနဲ့ merchandise တွေ မြင်တွေ့ရပါမယ်။
 
- Alan Walker x PUBG MOBILE တို့ရဲ့ သီချင်းအသစ်နဲ့ Mystery Set လာပါတော့မယ်။ Event Center ကိုစောင့်ကြည့်ပြီး New Song Unlocking Event မှာ ပါဝင်ဆင်နွှဲလိုက်ပါ။
 
- Royale Pass ရဲ့ ပထမဆုံး နှစ်ပတ်လည်ကိုဆင်နွှဲဖို့အတွက် Season 2 နဲ့ Season 3 event တွေ ပြန်လာပါလိမ့်မယ်။
 
- Information အသစ်တွေနဲ့ ဗီဒီယိုတွေအတွက် official website: www.pubgmobile.com နဲ့ official YouTube channel: www.youtube.com/channel/UCmeeY9kzNswUpbYyJntb3Aw/
 
The PUBG MOBILE Team
 
Read times
Rate this item
(1 Vote)