Top 10 Most-Watched Twitch Channels, July 8 – 14

Top 10 Most-Watched Twitch Channels, July 8 – 14 google.com
ဂိမ်းတွေ ထုတ်လွှင့်ပေးတဲ့ အွန်လိုင်း streaming တွေ ထဲမှာ လူကြည့်အများဆုံး ဖြစ်တဲ့ Twitch မှာ၂၀၁၉ ခုနှစ် ဇူလိုင် ၈ ရက် တနင်္လာနေ့ မှ ၁၄ ရက် သောကြာနေ့အထိ
လူကြည့်အများဆုံး Top 10 channels စာရင်းကို ကြည့်လိုက်တဲ့အခါ Dota 2 က ထိပ်ဆုံးမှာ နေရာရနေတာကို တွေ့ရတယ်။
 
Screenshot 7
 
Dota 2 က နိုင်ငံတကာ ပွဲစဉ်တွေ မစသေးဘူး အဓိက ပွဲစဉ်တွေက သြဂုတ်လကျမှ စမှာ။ ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ ဒေသအလိုက် အောင်နိုင်သူတွေ ရွေးတဲ့ပွဲစဉ်တွေ ကျင်းပခဲ့ပြီး esports channels တွေမှာ ထုတ်လွှင့် တင်ဆက်ခဲ့ကြတယ်။ အဲဒီ channels တွေ အားလုံးမှာ ကြည့်ရှုကြတဲ့ နာရီတွေ စုစုပေါင်း ပမာဏက ၄ ဒသမ ၇ သန်း နာရီ ရှိခဲ့ပြီး Dota 2 ဟာ လူကြည့်အများဆုံး ဖြစ်ခဲ့တယ်။ ထုတ်လွှင့်ချိန် စုစုပေါင်း ၁၄၄ နာရီ ရှိခဲ့ပြီး မကြာသေးခင်က ကျင်းပခဲ့တဲ့ Majors ပွဲတွေ ပြန်ထုတ်လွှင့်ပေးတာလည်း အပါအ၀င်ဖြစ်ပါတယ်။ 
 
Dota2mc_ru က ထိပ်ဆုံးမှာ ရှိနေပြီး BeyondtheSummit နဲ့ ရုရှားဘာသာဖြင့် Dota 2 ထုတ်လွှင့်တဲ့ channel တွေမှာလည်း ကြည့်ရှုသူ များပြားခဲ့လို့ Top 10 စာရင်းဝင်တဲ့ channel တွေ ဖြစ်နေကြတယ်။ 
 
Dota 2 ဟာ လူမျိုးမရွေး ဘာသာစကားမရွေး ရေပန်းစားတဲ့ multiplayer online battle arena game ဂိမ်းဖြစ်ပါတာမို့ ရုရှားတွေ ကြိုက်ကြတာ မဆန်းပါဘူး။
 
စိတ်ဝင်စားစရာကောင်းတာက influencer သြဇာကြီးသူ “Tfue” ရဲ့ stream ထုတ်လွှင့်မှုကို ကြည့်ရှုတဲ့ နာရီ စုစုပေါင်း ၂ ဒသမ ၉ မီလျံ ရှိခဲ့တာပဲ ဖြစ်ပါတယ်။ Turner “Tfue” Tenney ကို ကြည့်ရှုတဲ့ နာရီစုစုပေါင်း ၃ သန်းနီးပါးကို ရောက်ရှိပြီး  influencer တစ်ဦးအနေဖြင့် စံချိန်တင်လိုက်တာ ဖြစ်ပါတယ်။ သူက ပြဿနာတွေ တက်နေတတ်တဲ့သူ။
 
အွန်လိုင်းမှာ Tfue လို့ သိကြတဲ့ Turner Ellis Tenney ကို ၁၉၉၈ ခုနှစ်မှာ ဖွားမြင်ခဲ့တာ ဆိုတော့ အသက် ၂၀ ကျော်ရုံပဲ ရှိသေးပေမယ့် Esport လောကမှာ သြဇာကြီးသူတစ်ဦး အဖြစ်ကို ရောက်ရှိနေတယ်။  Denial Esports အတွက် သူက ကြေးစားဂိမ်းမာအဖြစ် Z1 Battle Royale ကို ကစားခဲ့ဖူးတယ်။ PUBG (PlayerUnknown's Battlegrounds) ကိုလည်း  Rogue အတွက် ကြေးစားကစားသမားအဖြစ် ကစားခဲ့ဖူးတယ်။ နောက်တော့  Fortnite Battle Royale ကစားတာမှာ လူသိများသူ ဖြစ်လာတယ်။ ၂၀၁၈ ခုနှစ်မှာ Esport အဖွဲ့ဖြစ်တဲ့  FaZe Clan မှာ ၀င်ကစားတယ်။ Fortnite တံခွန်စိုက် ပွဲစဉ်တွေ Tfue ကစားပေးခဲ့ပြီး ပွဲစဉ် ၄ခု ဆက်တိုက် နိုင်ပြီး နာမည် အရမ်းကြီးသွားတယ်။ သူ့ရဲ့ YouTube စာမျက်နှာမှာ တစ်လအတွင်း  subscribers တစ်သန်းနီးပါး ဖြစ်သွားတယ်။ Fortnite မှာ ဆရာတစ်ဆူလို့ လေးစားခံရတယ်။
 
Twitch မှာ streaming တွေ သူ ထုတ်လွှင့်တော့ ကြည့်ရှုသူ များပြားတယ်။ လူမျိုးရေး ပြောမှားဆိုမှား ရှိလို့ဆိုပြီး Twitch က ဒဏ်ခတ်တဲ့အနေဖြင့် ၂၀၁၈ ခုနှစ် မေလမှာ သူ့ကို ရက်ပေါင်း ၃၀ ပိတ်ပင်ဖူးတယ်။ ၂၀၁၈ ခုနှစ် ဇွန်လမှာတော့ သူ့ရဲ့ Epic Games account တွေ ရာသက်ပန် ပိတ်ပင်ခံရတယ်။ Epic Games account ကို ရောင်းခွင့်ဝယ်ခွင့် မရှိဘူး။ ပြင်းပြင်းထန်ထန် ပိတ်ပင်ထားတာကို သူ့ account ကို ရောင်းချခဲ့လို့ ပိတ်သိမ်းခံရတာ ဖြစ်ပါတယ်။ နောက် ၂ ပတ်အကြာမှာ Twitch က အကြောင်းပြချက် တစ်စုံတစ်ရာ မပေးဘဲ ၁၄ ရက် ပိတ်ပင်ခဲ့တယ်။ ၂၀၁၉ ခုနှစ် မေလမှာ သူက FaZe Clan ကို တရားစွဲဆိုခဲ့တယ်။ ကစားပွဲတွေမှာ သူနိုင်တဲ့ ဆုကြေးရဲ့ ၂၀% ကိုသာ FaZe Clan က ပေးတယ်လို့ သူက ဆိုတယ်။ FaZe Clan က စွပ်စွဲချက်ကို ငြင်းဆိုတယ်။ သူ့ကို branded လုပ်ပြီး ထုတ်လုပ်တဲ့ ဗီဒီယိုတွေရဲ့ ၀င်ငွေမှာ ၂၀% ကိုသာ သူရတယ်လို့ ဆိုတာကိုလည်း FaZe Clan က ငြင်းဆိုတယ်။ FaZe Clanက ငွေထုတ်ပေးပေမဲ့ Tfue က အရေးမလုပ်ဘဲ နေခဲ့တယ်လို့ ရှင်းပြခဲ့ပါတယ်။ အသက်ငယ်ငယ် ရွယ်ရွယ်မှာ ဖိအားတွေ များလို့ အခုလို အချေအတက်တွေ ဖြစ်ကုန်တယ်လို့ အချို့က သုံးသပ်ကြပါတယ်။ 
 
Read times
Rate this item
(1 Vote)