ဂိမ်းဆော့လို့ အမေဆူတဲ့သား ဆုကြေး ဒေါ်လာ ၁ သန်းကျော် ရရှိ

ဗြိတိန်နိုင်ငံသား ဆယ်ကျော်သက် လူငယ်တစ်ဦးသည် ပြီးခဲ့သည့် လက ကျင်းပခဲ့သည့် Fortnite World Cup ပြိုင်ပွဲတွင်

နှစ်ယောက်တွဲ အမျိုးအစားဖြင့် ၀င်ပြိုင်ခဲ့ရာ ဒုတိယ ရရှိသဖြင့် ဆုကြေး အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်း ရရှိသည်။
နယူးယောက်မြို့တော်၌ ကျင်းပခဲ့သော အဆိုပါ တံခွန်စိုက်ဖလားပြိုင်ပွဲတွင် နှစ်ယောက်တွဲ အတွဲ ၅၀ နှင့် တစ်ကိုယ်တော် အမျိုးအစားဖြင့် ပြိုင်သူ ၁၀၀ ဦး တို့ ဆန်ကာတင် ဗိုလ်လုပွဲသို့ တက်နိုင်ခဲ့ကြသည်။
အဆိုပါ လူငယ် Jaden Ashman သည် တွဲဖက် ဒတ်ခ်ျလူငယ်နှင့်အတူ ဒုတိယနေရာ ဆုကြေးကို ရရှိခြင်း ဖြစ်သည်။
အသက် ၁၅ နှစ်ရှိသူ Jaden Ashman သည် "Fortnite" အွန်လိုင်းဂိမ်းကို ၂၀၁၇ ခုနှစ်၌ စတင်ထုတ်လုပ်ခဲ့စဉ်ကတည်းက ကစားခဲ့သူ ဖြစ်သည်။ တစ်နေ့လျှင် ၈ နာရီ လေ့ကျင့်သည့်အနေဖြင့် အိပ်ခန်းထဲမှာ နေ့စဉ် ကစားဖြစ်ခဲ့သည်။ ထိုသို့ ဂိမ်းကစားသဖြင့် မိခင်က စိတ်ဆိုးသည်။
“အမေနဲ့ ကျနော် ကတောက်ကဆတွေ အတော်ဖြစ်တယ်။ အမေက ကျနော် အလုပ်လုပ်နေတာလို့ နားမလည်ဘူး။ ဂိမ်းဆော့နေတယ်လို့ပဲ ထင်တယ်။ တစ်နေ့ ၈ နာရီ အိပ်ခန်းထဲ ဂိမ်းဆော့ပြီး အချိန်တွေ ဖြုန်းနေတယ်လို့ ထင်တယ်”
ဟု Jaden Ashmanက ဘီဘီစီ အင်တာဗျူးတွင် ပြောပြသည်။

သူ့မိခင်ကိုလည်း ဘီဘီစီက အင်တာဗျူးခဲ့သည်။ မိခင်ဖြစ်သူ Lisa Dallman က သားဖြစ်သူကို ကျောင်းစာတွေ လုပ်ဖို့ တိုက်တွန်းခဲ့သည်။ ဂိမ်းကစားနေခြင်းအစား စာလုပ်ဖို့ ဆူသည်။ တစ်ခါ၌ စိတ်ဆိုးသဖြင့် သူကစားနေသော Xbox ကို ပစ်ပေါက်ခဲ့သည်။ သူ့နားကြပ်ကိုလည်း ချိုးပစ်ခဲ့သည်ဟု ပြောပြသည်။

Jaden သည် ဆုကြေးကို ကစားဖော်တွဲဖက် ဒတ်ခ်ျလူငယ်နှင့် ခွဲဝေယူရမည် ဖြစ်သည်။ ရရှိသည့် ဆုကြေးကို မည်သို့မည်ပုံ သုံးစွဲမည်ဆိုသည်ကို မစဥိးစား မဆုံးဖြတ်ရသေးကြောင်း ဘီဘီစီကို ဖြေကြားခဲ့သည်။

Source BBC

Read times
Rate this item
(0 votes)