Dota2 ရဲ့ The International လာပါပြီ။

 

မြန်မာနိုင်ငံလို နွေမိုးဆောင်း ဥတု သုံးလီ မဟုတ်ဘဲ ဥတုလေးလီရှိတဲ့ ရှန်ဟိုင်းမြို့ တရုတ်နိုင်ငံမှာ နွေရာသီအချိန်အခါ ဖြစ်ပြီး နှစ်စဉ်ကျင်းပနေကျ ဖြစ်တဲ့ The International ဂိမ်းတံခွန်စိုက် ပြိုင်ပွဲ ကြီးကို န၀မ အကြိမ်မြောက် ကျင်းပဖို့ ရက်ပိုင်းပဲ လိုပါတော့တယ်။

Dota2 ဂိမ်းရဲ့ အကြီးမားဆုံး ဂိမ်းပြိုင်ပွဲကြီး ဖြစ်သလို တစ်နှစ်တာအတွင်း စုစုပေါင်း ဆုကြေး အများဆုံး ဂိမ်းပြိုင်ပွဲကြီးလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက Fortnite World Cup က ၂၀၁၉ ခုနှစ်မှာ ဆုကြေး အများဆုံးအဖြစ် စုစုပေါင်း ဆုကြေး အမေရိကန်ဒေါ်လာ သန်း ၃၀ စံချိန်တင်လိုက်တော့ The International က စံချိန်ချိုးဦးမှာလို့ ထင်ကြေး ပေးထားကြပါတယ်။

ဘယ်အချိန် ဘယ်နေရာမှာ ကျင်းပမှာလဲ

၂၀၁၉ ခုနှစ်မှာ တီအိုင် (TI) လို့ အတိုကောက် ခေါ်ကြတဲ့ The International ကို သြဂုတ်လ ၁၅ ရက်မှ ၂၅ ရက်အထိ ကျင်းပမှာ ဖြစ်တယ်။ စင်မြင့်ပေါ် တက်ပြိုင်တဲ့အဆင့် မရောက်ခင် ပွဲတွေကို သြဂုတ်လ ၁ ၅ ရက်မှ ၁၈ ရက်အထိ ကျင်းပမယ်။ ပြီးမှ အဓိက ပွဲကို အဖွဲ့တွေက သြဂုတ်လ ၂၀ မှ ၂၅ ရက်အထိ စင်မြင့်ထက်မှာ အကြိတ်အနယ် ပြိုင်ကြမယ်။


The International (TI) ကို ပြိုင်နေကျ နေရာက အမေရိက အနောက်ဘက်ကမ်းခြေမှာ ဖြစ်ပြီး ဒီနှစ်မှာတော့ ပစိဖိတ် သမုဒ္ဒရာကို ဖြတ်ပြီး တရုတ်နိုင်ငံ အရှေကဘက်ကမ်းခြေကို ရောက်သွားတယ်။ ရှန်ဟိုင်းမြို့ရဲ့ ထုထည်ကြီးမားတဲ့ Mercedes-Benz Arena မှာ ကျင်းပမယ်။ ဒီနေရာမှာ ပြောစရာ ရှိတာက တရုတ် fan တွေက တရုတ် ဂိမ်းမာအဖွဲ့တွေကို တီအိုင် ကျင်းပရာအထိ လိုက်လာကြပြီး အားပေးကြတာ ဖြစ်ပါတယ်။ အခု မိခင်နိုင်ငံမှာ ကျင်းပမှာ ဆိုတော့ တရုတ် Fan တွေ Mercedes-Benz Arena ထဲမှာ ဒင်းကြမ်း ဖြစ်နေမှာ သေချာတယ်။

ပွဲလက်မှတ် ရောင်းကုန်သွားတာ မဆန်းပါဘူး။ မြန်မြန်ဆန်ဆန် ကုန်သွားတယ်။ လက်မှတ် ရောင်းဈေးက ကြားနေ့ပွဲတွေ (အင်္ဂါ/ ဗုဒ္ဓဟူး ၊ ကြာသာပတေး/ သောကြာ ) အတွက် ၇၃ အမေရိကန်ဒေါ်လာ ဖြစ်ပြီး စနေ/ တနင်္ဂနွေ အတွက် ၃၀၅ အမေရိကန်ဒေါ်လာ ဖြစ်ပါတယ်။

ဆုကြေး ဘယ်လောက်လဲ

အခုနေ ပြောရင် စောနေသေးတယ်။ စုစုပေါင်း ဆုကြေး prize pool ဟာ နှစ်စဉ်နှစ်တိုင်း ကျင်းပသမျှ esports တွေမှာ အကြီးမားဆုံးပါပဲ။ The International Battle Pass ကနေတစ်ဆင့် တစ်နှစ်တာ အများကောင်းမှု အစုစုနဲ့ ဆုကြေးကို စုဆောင်းတယ်။ နေ့စဉ်နဲ့ အမျှ တိုးများနေတဲ့ ဆုကြေးပမာဏကို အချိန်နဲ့ တပြေးညီ ဖော်ပြပေးနေတဲ့ ၀က်ဘ်စာမျက်နှာကို ဆောင်းပါးအဆုံးမှာ ဖော်ပြပေးထားတယ်။ အခု စာရေးနေတဲ့ သြဂုတ်လ ၆ ရက် မြန်မာစံတော်ချိန် ၉ နာရီခွဲမှာ အခြေခံ ဆုကြေး Base Prize Pool က အမေရိကန်ဒေါ်လာ ၁ ၆၀၀ ၀၀၀ ဖြစ်ပြီး အများကောင်းမှု Contributed Prize Pool က အမေရိကန်ဒေါ်လာ ၃၀ ၂၀၇ ၃၇၃ ဖြစ်ပါတယ်။ နှစ်ရပ်ပေါင်း အမေရိကန်ဒေါ်လာ ၃၁ ၈၀၇ ၃၇၃ ရှိပါပြီ။ ဒီတော့ Fortnite World Cup ရဲ့ စံချိန်ဖြစ်တဲ့ အမေရိကန်ဒေါ်လာ သန်း ၃၀ ကို ကျော်သွားပါပြီ။ နောက်ထပ် ၁၉ ရက်ကျော် ကျန်ပါသေးတယ်၊။

ရရှိထားတဲ့ ဆုကြေး စုစုပေါင်းရဲ့ ၄၅% ကို အနိုင်ရတဲ့ အဖွဲ့က ရပါတယ်။ ပြီးခဲ့တဲ့ နှစ်က အနိုင်ရတဲ့ OG က အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၂ သန်းကျော် ဆုကြေး ရရှိခဲ့ပါတယ်။

ဟုတ်ပါတယ်။ အနိုင်ရလိုက်ပြီဆိုတာနဲ့ မီလျံနာ တန်းဖြစ်သွားပါတယ်။ အခုလို ပမာဏ များပြားတာ မှန်ပေမဲ့ Pro တွေအဖို့တော့ ဆုကြေးထက် အနိုင်ရလိုက်လို့ သမိုင်းဝင် သွားတာကိုပါ ထည့်စဉ်းစားကြတယ်။ သိပ်ချစ်တဲ့ ၀ါသနာ၊ Dota2 အသိုင်းအ၀ိုင်းအတွက် ရလိုက်တဲ့ နာမည်တစ်လုံး ဖြစ်ပါတယ်။

Battle Pass က အခုလို ဆုကြေးစုစုပေါင်း ပမာဏမျိုး ဘယ်လို ရတာလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ တီအိုင်ရဲ့ ဆုကြေးစုစုပေါင်းကို အထောက်အပံ့ပြုတာ ၂၀၁၃ ခုနှစ်မှာ စတင်ခဲ့ပြီး Compendium အမည်ရှိခဲ့ရာမှ နောက်တော့ Battle Pass ဖြစ်လာပါတယ်။ Battle Pass နဲ့ ပတ်သက်တဲ့ ၀ယ်ယူမှုတိုင်းရဲ့ ၂၅% ကို တီအိုင် ဆုကြေးစုစုပေါင်းထဲ တိုက်ရိုက်ထည့်ပါတယ်။

www.ictdirectory.com.mm

The TNC Predator crew

ဆုကြီးတွေ ဆွတ်ခူးဖို့ ဘယ်သူတွေ ပြိုင်ကြမလဲ။

တီအိုင်မှာ ပြိုင်ဖို့ ၁၈ ဖွဲ့ ဆန်ကာတင် ထားတယ်။ ၁၂ ဖွဲ့က Pro Circuit မှ ဖြစ်ပြီး ကျန် ၆ ဖွဲ့က Regional Qualifiers တွေ ဖြစ်ပါတယ်။

Dota Pro Circuit မှ ၁၂ ဖွဲ့

Team Secret - Europe
Virtus.pro - Commonwealth of Independent States
Vici Gaming - China
Evil Geniuses - North America
Team Liquid - Europe
PSG.LGD - China
Fnatic - Southeast Asia
Ninjas in Pyjamas - Europe
TNC Predator - Southeast Asia
OG - Europe
Alliance - Europe
Keen Gaming - China


Region ၆ ခုမှ အဖွဲ့များ

Royal Never Give Up - China
Natus Vincere - Commonwealth of Independent States
Chaos Esports Club - Europe
Forward Gaming - North America
Infamous - South America
Mineski - Southeast Asia

 

 

နောက်ဆုံးရ ဆုကြေး ပမာဏ ကြည့်ရှုရန် 

http://dota2.prizetrac.kr/international2019

Read times
Rate this item
(0 votes)