SEA GAMES ရဲ့ ESPORTS ဒီဇင်ဘာ ၅-၁၀ ကျင်းပမည်။

ယခုနှစ်တွင် ကျင်းပတော့မည့် 2019 Southeast Asian (SEA) Games တွင် Esports ကို ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်းထားပြီး

ဆုတံဆိပ်များ ချီးမြှင့်မည် ဖြစ်ပေရာ ပြိုင်ပွဲများကို ဖိလစ်ပိုင်နိုင်ငံ၌ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၅ ရက်မှ ၁၀ ၀ရက်အထိ ကျင်းပပေးမည် ဖြစ်သည်။

SEA Games တွင် esports ဂိမ်း ခြောက်မျိုး ယှဉ်ပြိုင်ရန် စီစဉ်ထားသည်။
PC ဂိမ်းများတွင် Dota 2, Hearthstone, Starcraft II
mobile ဂိမ်းများတွင် Arena of Valor နှင့် Mobile Legends: Bang Bang တို့ပါဝင်ပြီး
Tekken 7 သည် တစ်ခုတည်းသော console ဂိမ်းအဖြစ် ပါဝင်သည်။

Dota 2, Arena of Valor နှင့် Mobile Legends တို့ကို အဖွဲ့ဖြင့်ကစားရမည့် ဂိမ်းအမျိုးအစားအဖြစ် သတ်မှတ်ထားပြီး Hearthstone, Starcraft II နှင့် Tekken 7 တို့ကို တစ်ဦးချင်းအားကစားအဖြစ် သတ်မှတ်ထားသည်။

ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံများမှာ ကမ္ဘောဒီးယား၊ စင်ကာပူ၊ ထိုင်း၊ အိမ်ရှင် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘရူနိုင်း၊ မလေးရှား၊မြန်မာ၊ လာအို၊ အရှေ့တီမော၊ အင်ဒိုနီးရှား တို့ ဖြစ်သည်။
ပြိုင်ပွဲများကို မက်ထရိုမနီလာ၊ စန်ဂျွမ်းမြို့တော်ရှိ Filoil Flying V Centre တွင် ကျင်းပမည်။

သရုပ်ပြကစားပွဲများကိုလည်း ပြိုင်ပွဲများနှင့်အတူ ကျင်းပပေးသွားမည် ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် Asian Games တွင် esports ဂိမ်း ခြောက်မျိုးဖြစ်သော Arena of Valor, Clash Royale, Hearthstone, League of Legends, Pro Evolution Soccer, StarCraft II တို့ကို သရုပ်ပြကစားပွဲများအဖြစ် ကစားပြခဲ့သော်လည်း ဆုတံဆိပ်ချီးမြှင့်သည့် အားကစားပွဲအဖြစ် သတ်မှတ်ခဲ့ခြင်း မရှိပေ။

esports events အတွက် လိုအပ်သော hardware, software နှင့် ၀န်ဆောင်မှုများကို စင်ကာပူနိုင်ငံမှ Razer က ထောက်ပံ့ပေးသည်။ Razer ၏ CEO ဖြစ်သူ Min-Liang Tan သည် SEA Games တွင် esports ပါဝင်စေရေးအတွက် စည်းရုံးခဲ့ကြသူများတွင် ပါဝင်သည်။

Read times
Rate this item
(1 Vote)