မျက်လုံးပြုးသွားစေလောက်မယ့် Esports ပြိုင်ပွဲဆုကြေးများ

မျက်လုံးပြုးသွားစေလောက်မယ့် Esports ပြိုင်ပွဲဆုကြေးများ google.com
ခေတ်ရေစီးကြောင်းပြောင်းလဲမှုနဲ့အတူ ဖျော်ဖြေရေးကဏ္ဍတွေဟာလည်း အရင်ကထက်ကို အဆင့်မြှင့်တင်မှုတွေ၊ တိုးတက်ပြောင်းလဲလာမှုတွေ များစွာဖြစ်ပေါ်ခဲ့တယ်။
အရင်ကဆိုရင် မြန်မာ့ရုပ်မြင်သံကြားနေတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်မှုတွေကိုသာ ကြည့်ရှုခဲ့ကြတယ်။ ယခုဆိုရင် social media platform ကိုအသုံးပြုကာ တိုက်ရိုက်ထုတ်လွှင့်မှုတွေ၊ streaming လုပ်ခြင်းတွေ၊ ရှိလာတာကြောင့်မို့ ရွေးချယ်စရာတွေအများအပြားရှိလာခဲ့တယ်။ 
 
အဲ့ထဲကမှာ multiplayer mode ကိုအခြေခံပြီး MOBA လို့ခေါ်တဲ့ multi player online battle ဂိမ်းကစားနည်းတွေကို Game Developers တွေက ဖန်တီးလာကြပြီး နိုင်ငံရပ်အသီးသီးကိုယှဉ်ပြိုင်စေကာ ဆုကြေးတွေပေးခြင်းဖြင့်ပြိုင်ပွဲတွေကို ကျင်းပလာကြတယ်။ ဒါကြောင့်မို့ ဒီနေ့ကိုတော့ ဆုကြေးအများဆုံး ပြိုင်ပွဲတွေအကြောင်းကို list လုပ်ပြီး ဗဟုသုတအနေနနဲ့ ကျွန်တော်ဝေမျှပေးချင်ပါတယ်။ 
 
dota
 
Defense of the Ancients လို့ခေါ်တဲ့ DotA ဟာ DotA 1 and DotA 2 ဆိုပြီး Valve Developer က ဖန်တီးထုတ်လုပ်ထားတာဖြစ်တယ်။ DotA 2 ကိုတော့ July 9, 2013 မှာ Window platform အတွက် launch လုပ်ခဲ့တာဖြစ်တယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က စစ်တမ်းအရဖော်ပြရမယ်ဆိုရင် ဆုကြေးအနေနဲ့ ၁၅.၅ သန်းထိရှိလာခဲ့ပြီး ပြိုင်ပွဲဝင်ကစားသမား တစ်ယောက်ချင်းဆီကို ၃.၁သန်းဆီ ရရှိခဲ့ကြတာဖြစ်တယ်။ စုစုပေါင်း ပြိုင်ပွဲဝင်ကစားသမားအရေအတွက် ၃၅၄၉ ထိပိုင်ဆိုင်ထားပြီး ပြိုင်ပွဲပေါင်း ၁၂၉၄ ပွဲထိ ကျင်းပပြုလုပ်ပေးခဲ့ပြီ ဖြစ်တယ်။
 
LOL
 
နောက်တစ်ခုအနေနဲ့ကတော့ LoL ဆိုပြီး လူသိများတဲ့ League of Legends ဘဲဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှာ Riot Games ကနေ စတင်ဖြန့်ချိခဲ့တာဘဲဖြစ်တယ်။ ၂၀၁၉ ခုနှစ်ရဲ့ prize pool အရအမေရိကန်ဒေါ်လာ ၆.၄ သန်းထိ ရှိလာပြီး ပြိုင်ပွဲဝင်ကစားသမားပေါင်း ၆၇၈၆ ယောက်နဲ့ ပြိုင်ပွဲစုံ ၂၄၀၃ ထိကျင်းပပြီးခဲ့ပြီ ဖြစ်တယ်။ 
 
CSGO
 
First person shooter game တွေနဲ့ မင်းမူခဲ့တဲ့ Counter Strike: Global Offensives ကိုတော့ Valve developer က ၂၀၁၂ ခုနှစ် ဩဂုတ် ၁၂ ရက်နေ့မှာ စတင်ဖြန်ချိခဲ့တာဖြစ်တယ်။  MOBA လို့မဟုတ်ဘဲ individual ဖြစ်တာကြောင့်မို့ ၂၀၁၉ ခုနှစ်ရဲ့ record အရ ဆုကြေးငွေ အမေရိကန်ဒေါ်လာ တစ်သန်းထိ ထုတ်ထားခဲ့တာ ဖြစ်ပြီး ပြိုင်ပွဲစုံ ၄၄၈၁ ပွဲထိ ကျင်းပပြုလုပ်ခဲ့တာပြီ ဖြစ်တယ်။ ထို့အပြင် ပြိုင်ပွဲဝင်ကစားသမား ၁၂၄၁၅ ယောက်အထိလည်း ပိုင်ဆိုင်ထားပြီး ဖြစ်တယ်။ 
 
Fornite
 
စတုတ္ထအနေနဲ့ကတော့ Fortnite ဘဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ အရတော့ Epic games က အမေရိကန် ဒေါ်လာ သန်း၄၀ ထိ ဆုကြေးငွေထုတ်ထားခဲ့ပြီး Fortnite world cup ကိုဝင်ရောက်ဖို့ ခြေစစ်ပွဲတွေ ဝင်ရောက်ကစားရမှာဖြစ်တယ်။ Qualifiers တွေကို epic games က ဒေါ်လာ တစ်သန်းစီ ပေးအပ်မှာဖြစ်ပြီး နောက်ဆုံး winner ကိုတော့ သန်း ၃၀ ထိပေးအပ်မှာဖြစ်တယ်။ ဒီလိုလုပ်ခြင်ရဖြင့်လည်း ဆုကြေးငွေ သမိုင်းမှာ အများဆုံးလို့တောင် ပြောလို့ရတာဖြစ်တယ်။ လက်ရှိမှာ ပြိင်ပွဲစုံ ၅၂၄ ပွဲရှိထားပြီး ပြိုင်ပွဲဝင် ကစားသမားဦးရေ ၃၂၄၃ ယောက်ထိ ပိုင်ဆိုင်ထားပြီ ဖြစ်တယ်။ 
 
starcraft
 
Blizzard Entertainment ကနေ ဖြန့်ချိထားတဲ့ Star Craft ကတော့  ဩဂုတ် ၁၄ ရက်, ၂၀၁၇ ခုနှစ် မှာ platform ပေါင်းစုံကို ရောက်ရှိလာတာဖြစ်တယ်။ ၂၀၁၇ ယောက်သာ ကစားတဲ့ဦးရေရှိပြီး ပြိုင်ပွဲစုံပေါင်း ၅၆၃၀ ထိကျင်းပထားတာဖြစ်ပါတယ်။ နောက်ဆုံးပြိုင်ပွဲရဲ့  ဆုကြေးငွေကတော့ အမေရိကန်ဒေါ်လာ လေးသိန်း ပေးအပ်တာဘဲဖြစ်ပါတယ်။
 
Zawgyi Version
 
မ်က္လံုးျပဳးသြားေစေလာက္မယ့္ Esports ျပိဳင္ပြဲဆုေၾကးမ်ား
 
ေခတ္ေရစီးေၾကာင္းေျပာင္းလဲမႈနဲ႔အတူ ေဖ်ာ္ေျဖေရးက႑ေတြဟာလည္း အရင္ကထက္ကို အဆင့္ျမႇင့္တင္မႈေတြ၊ တိုးတက္ေျပာင္းလဲလာမႈေတြ မ်ားစြာျဖစ္ေပၚခဲ့တယ္။ အရင္ကဆိုရင္ ျမန္မာ့႐ုပ္ျမင္သံၾကားေနတစ္ဆင့္ တိုက္႐ိုက္ထုတ္လႊင့္မႈေတြကိုသာ ၾကည့္ရႈခဲ့ၾကတယ္။ ယခုဆိုရင္ social media platform ကိုအသုံးျပဳကာ တိုက္႐ိုက္ထုတ္လႊင့္မႈေတြ၊ streaming လုပ္ျခင္းေတြ၊ ရွိလာတာေၾကာင့္မို႔ ေ႐ြးခ်ယ္စရာေတြအမ်ားအျပားရွိလာခဲ့တယ္။ 
 
အဲ့ထဲကမွာ multiplayer mode ကိုအေျခခံၿပီး MOBA လို႔ေခၚတဲ့ multi player online battle ဂိမ္းကစားနည္းေတြကို Game Developers ေတြက ဖန္တီးလာၾကၿပီး ႏိုင္ငံရပ္အသီးသီးကိုယွဥ္ၿပိဳင္ေစကာ ဆုေၾကးေတြေပးျခင္းျဖင့္ၿပိဳင္ပြဲေတြကို က်င္းပလာၾကတယ္။ ဒါေၾကာင့္မို႔ ဒီေန႔ကိုေတာ့ ဆုေၾကးအမ်ားဆုံး ၿပိဳင္ပြဲေတြအေၾကာင္းကို list လုပ္ၿပီး ဗဟုသုတအေနနနဲ႔ ကြၽန္ေတာ္ေဝမွ်ေပးခ်င္ပါတယ္။ 
 
Defense of the Ancients လို႔ေခၚတဲ့ DotA ဟာ DotA 1 and DotA 2 ဆိုၿပီး Valve Developer က ဖန္တီးထုတ္လုပ္ထားတာျဖစ္တယ္။ DotA 2 ကိုေတာ့ July 9, 2013 မွာ Window platform အတြက္ launch လုပ္ခဲ့တာျဖစ္တယ္။ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္က စစ္တမ္းအရေဖာ္ျပရမယ္ဆိုရင္ ဆုေၾကးအေနနဲ႔ ၁၅.၅ သန္းထိရွိလာခဲ့ၿပီး ျပိဳင္ပြဲဝင္ကစားသမား တစ္ေယာက္ခ်င္းဆီကို ၃.၁သန္းဆီ ရရွိခဲ့ၾကတာျဖစ္တယ္။ စုစုေပါင္း ျပိဳင္ပြဲဝင္ကစားသမားအေရအတြက္ ၃၅၄၉ ထိပိုင္ဆိုင္ထားၿပီး ၿပိဳင္ပြဲေပါင္း ၁၂၉၄ ပြဲထိ က်င္းပျပဳလုပ္ေပးခဲ့ၿပီ ျဖစ္တယ္။
 
ေနာက္တစ္ခုအေနနဲ႔ကေတာ့ LoL ဆိုၿပီး လူသိမ်ားတဲ့ League of Legends ဘဲျဖစ္ပါတယ္။ ၂၀၀၉ ခုႏွစ္ ေအာက္တိုဘာ ၂၇ ရက္မွာ Riot Games ကေန စတင္ျဖန္႔ခ်ိခဲ့တာဘဲျဖစ္တယ္။ ၂၀၁၉ ခုႏွစ္ရဲ႕ prize pool အရအေမရိကန္ေဒၚလာ ၆.၄ သန္းထိ ရွိလာၿပီး ျပိဳင္ပြဲဝင္ကစားသမားေပါင္း ၆၇၈၆ ေယာက္နဲ႔ ၿပိဳင္ပြဲစုံ ၂၄၀၃ ထိက်င္းပၿပီးခဲ့ၿပီ ျဖစ္တယ္။ 
 
First person shooter game ေတြနဲ႔ မင္းမူခဲ့တဲ့ Counter Strike: Global Offensives ကိုေတာ့ Valve developer က ၂၀၁၂ ခုႏွစ္ ဩဂုတ္ ၁၂ ရက္ေန႔မွာ စတင္ျဖန္ခ်ိခဲ့တာျဖစ္တယ္။  MOBA လို႔မဟုတ္ဘဲ individual ျဖစ္တာေၾကာင့္မို႔ ၂၀၁၉ ခုႏွစ္ရဲ႕ record အရ ဆုေၾကးေငြ အေမရိကန္ေဒၚလာ တစ္သန္းထိ ထုတ္ထားခဲ့တာ ျဖစ္ၿပီး ၿပိဳင္ပြဲစုံ ၄၄၈၁ ပြဲထိ က်င္းပျပဳလုပ္ခဲ့တာၿပီ ျဖစ္တယ္။ ထို႔အျပင္ ျပိဳင္ပြဲဝင္ကစားသမား ၁၂၄၁၅ ေယာက္အထိလည္း ပိုင္ဆိုင္ထားၿပီး ျဖစ္တယ္။ 
 
စတုတၳအေနနဲ႔ကေတာ့ Fortnite ဘဲျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၉ အရေတာ့ Epic  games က အေမရိကန္ ေဒၚလာ သန္း၄၀ ထိ ဆုေၾကးေငြထုတ္ထားခဲ့ၿပီး Fortnite world cup ကိုဝင္ေရာက္ဖို႔ ေျခစစ္ပြဲေတြ ဝင္ေရာက္ကစားရမွာျဖစ္တယ္။ Qualifiers ေတြကို epic games က ေဒၚလာ တစ္သန္းစီ ေပးအပ္မွာျဖစ္ၿပီး ေနာက္ဆုံး winner ကိုေတာ့ သန္း ၃၀ ထိေပးအပ္မွာျဖစ္တယ္။ ဒီလိုလုပ္ျခင္ရျဖင့္လည္း ဆုေၾကးေငြ သမိုင္းမွာ အမ်ားဆုံးလို႔ေတာင္ ေျပာလို႔ရတာျဖစ္တယ္။ လက္ရွိမွာ ၿပိင္ပြဲစုံ ၅၂၄ ပြဲရွိထားၿပီး ျပိဳင္ပြဲဝင္ ကစားသမားဦးေရ ၃၂၄၃ ေယာက္ထိ ပိုင္ဆိုင္ထားၿပီ ျဖစ္တယ္။ 
 
Blizzard Entertainment ကေန ျဖန္႔ခ်ိထားတဲ့ Star Craft ကေတာ့  ဩဂုတ္ ၁၄ ရက္, ၂၀၁၇ ခုႏွစ္ မွာ platform ေပါင္းစုံကို ေရာက္ရွိလာတာျဖစ္တယ္။ ၂၀၁၇ ေယာက္သာ ကစားတဲ့ဦးေရရွိၿပီး ၿပိဳင္ပြဲစုံေပါင္း ၅၆၃၀ ထိက်င္းပထားတာျဖစ္ပါတယ္။ ေနာက္ဆုံးၿပိဳင္ပြဲရဲ႕  ဆုေၾကးေငြကေတာ့ အေမရိကန္ေဒၚလာ ေလးသိန္း ေပးအပ္တာဘဲျဖစ္ပါတယ္။
 
Read times
Rate this item
(1 Vote)