Local

Saturday, 28 December 2019 10:19

VinSmart မှ 4K ရုပ်ထွက်အရည်အသွေးနှင့် အခြားသော နည်းပညာမြင့် လုပ်ဆောင်ချက်များ ပါဝင်သည့် ၎င်း၏ ပထမဦးဆုံးသော စမတ်တီဗီ အမျိုးအစားများ အား စတင်မိတ်ဆက်

ဗီယက်နမ်နိုင်ငံ၏ ထိပ်တန်း နည်းပညာကုမ္ပဏီတစ်ခု ဖြစ်သော VinSmart သည် ၎င်း၏ ပထမဦးဆုံးသော စမတ်တီဗီ မော်ဒယ်အမျိုးအစားများအား ဗီယက်နမ်နိုင်ငံတွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့၌ တရားဝင် စတင်မိတ်ဆက်ခဲ့သည်။ နာမည်ကျော် Google ကုမ္ပဏီ၏ မူပိုင် Android TV operating system အား အသုံးပြုထားသည့်အတွက် Vsmart တီဗီများသည် အကောင်းမွန်ဆုံးသော အသုံးပြုမှု အတွေ့အကြုံများကို ပေးအပ်သွားနိုင်မည်သာမက နေအိမ်ရှိ အခြား စမတ် အီလက်ထရောနစ် ထုတ်ကုန်များကိုပါ ထိန်းချုပ်စေခိုင်းနိုင်သည် စက်ပစ္စည်းတစ်ခု အဖြစ်လည်း အသုံးပြုသွားနိုင်မည် ဖြစ်သည်။       ခေတ်မီဆန်းသစ်သော ဒီဇိုင်းဖြင့် ထုတ်လုပ်ထားသည့် Vsmart တီဗီများသည် ၄၃ လက်မ မှ ၅၅ လက်မ မျက်နှာပြင် အရွယ်အစားများ အသီးသီးရှိပြီး 4K အဆင့် ရုပ်ထွက်အရည်အသွေး၊ HDR10 ထောက်ပံ့မှု၊ Dolby အသံထွက်စနစ်နှင့် အသုံးပြုသူများ အတွက် အဆင်ပြေလွယ်ကူမှု အပြည့်အဝရရှိစေမည့် အခြားသော လုပ်ဆောင်ချက်များလည်း ပါဝင်မည် ဖြစ်သည်။ အဆိုပါ တီဗီ အမျိုးအစားအားလုံးသည် အပြည့်အဝ အလိုအလျောက် စစ်ဆေးမှု အဆင့် ၁၂ ဆင့် အပါအဝင် အလိုအလျောက် စစ်ဆေးမှု အဆင့် ၁၆ ဆင့်အား ဖြတ်ကျော်ထားပြီး ဖြစ်ကာ တီဗီ အလုံးရေတိုင်းတွင် ပါရှိသည့် လုပ်ဆောင်ချက်များအား အတိကျဆုံးသော အရည်အသွေးစစ်ဆေးမှုများဖြင့် စစ်ဆေးထားပြီး ဖြစ်သည်။     ဟာ့ဒ်ဝဲလ်ပိုင်းနှင့် ပတ်သက်၍လည်း Vsmart တီဗီမော်ဒယ်အမျိုးအစားများ အားလုံးကို ထုတ်လုပ်သည့် စက်ပစ္စည်းများ အားလုံး အနေနှင့် အမြင့်မားဆုံးသော တိကျသေချာမှု၊ ခံနိုင်ရည်ရှိမှုများ ရရှိစေရန် နှင့် အမှားအယွင်း မရှိစွာ တပ်ဆင်ထုတ်လုပ်နိုင်စေရန် တူညီသော လေသန့်ရှင်းမှု ပမာဏနှင့် စိုထိုင်းဆ ရှိနေသည့် ပတ်ဝန်းကျင်တွင် တပ်ဆင် ထုတ်လုပ်လျက် ရှိသည်။   အဆိုပါ Vsmart တီဗီအမျိုးအစားများသည် လက်ရှိအချိန်တွင် အမေရိကန်ဒေါ်လာ ၃၈၀ ခန့်နှင့် အမေရိကန်ဒေါ်လာ ၇၃၆ ခန့် အကြား ဈေးနှုန်းရှိမည် ဖြစ်ပြီး မကြာမီအချိန်တွင် မြန်မာနိုင်ငံဈေးကွက်အတွင်း၌ ဝယ်ယူရရှိသွားနိုင်မည် ဖြစ်သည်။ မိတ်ဆက်ခဲ့သည့် တီဗီအမျိုးအစားနှင့် ဈေးနှုန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။     VinSmart သည် ၎င်း၏ ဒုတိယမျိုးဆက် စမတ်ဖုန်းမော်ဒယ်များ ဖြစ်သည့် Vsmart Live, Vsmart Bee, Vsmart Star နှင့် Vsmart Joy2+ တို့ကိုလည်း မကြာသေးမီက မြန်မာနိုင်ငံ ဈေးကွက်အတွင်း စတင်မိတ်ဆက်ခဲ့သည်။   VINSMART ကုမ္ပဏီအကြောင်း   VinSmart သည် အာရှဒေသ၏ အကြီးမားဆုံး ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းစုများအနက် တစ်ခုဖြစ်သည့် အမေရိကန် ဒေါ်လာ ၁၆ ဘီလီယံ တန်ဖိုးရှိသော အိမ်ခြံမြေ၊ စက်မှုလုပ်ငန်း၊ နည်းပညာနှင့် ဝန်ဆောင်မှုကဏ္ဍများအား အဓိက လုပ်ကိုင်ဆောင်ရွက်လျက် ရှိသည့် Vingroup လုပ်ငန်းစု၏ အဖွဲ့ဝင် ကုမ္ပဏီတစ်ခု ဖြစ်သည်။ VinSmart ကုမ္ပဏီအား Vsmart အမှတ်တံဆိပ် စမတ်ဖုန်းများ ထုတ်လုပ်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ကာ မှတ်ဉာဏ်တု (artificial intelligence) နည်းပညာအား အသုံးပြု၍ အီလက်ထရောနစ် ထုတ်ကုန်များနှင့် အသိဉာဏ်မြင့်မားသော နည်းပညာများပါဝင်သည့် ဂေဟစနစ်အား စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။ မှတ်ဉာဏ်တုနည်းပညာသည် အသုံးပြုသူများအတွက် အဆင်ပြေလွယ်ကူမှု ရှိပြီး ခေတ်မီသော နေထိုင်မှု ဘဝ ပုံစံသစ် တစ်ခုကို ဖော်ဆောင်ပေးသွားနိုင်မည် ဖြစ်သည်။   Vsmart ၏ စမတ်ဖုန်းစက်ရုံသည် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၊ Hoa Lac Hi-Tech Park အတွင်းရှိ စုစုပေါင်း မြေနေရာ အကျယ်အဝန်း ၁၅ ဟက်တာ (၁၅၀,၀၀၀ စတုရန်းမီတာ) ပေါ်တွင် တည်ရှိပြီး ပထမအဆင့်စက်ရုံသည် ၂၁,၅၀၀ စတုရန်းမီတာ အကျယ်အဝန်းရှိသော ၂ ထပ် အဆောက်အဦးဖြစ်သည်။ ထို့အပြင် လက်ရှိတွင် ၄၅,၀၀၀ စတုရန်းမီတာ အကျယ်အဝန်း ရှိသည့် အထပ် ၃ ထပ်ပါဝင်သော ဒုတိယအဆင့် စက်ရုံကိုလည်း တည်ဆောက်လျက် ရှိပြီး ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလတွင် ပြီးစီးမည် ဟု မျှော်မှန်းထားသည်။ အဆိုပါ ဒုတိယအဆင့် စက်ရုံ တည်ဆောက်ပြီးစီးပါက Vsmart စက်ရုံ ၂ ရုံသည် တစ်နှစ်လျှင် စုစုပေါင်း ထုတ်ကုန် အရေအတွက် ၁၂၅ သန်းအထိ တိုးမြှင့်ထုတ်လုပ်သွားနိုင်မည် ဖြစ်သည်။     Zawgyi Version   ဗီယက္နမ္ႏိုင္ငံ၏ ထိပ္တန္း နည္းပညာကုမၸဏီတစ္ခု ျဖစ္ေသာ VinSmart သည္ ၎၏ ပထမဦးဆုံးေသာ စမတ္တီဗီ ေမာ္ဒယ္အမ်ိဳးအစားမ်ားအား ဗီယက္နမ္ႏိုင္ငံတြင္ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ ၁၄ ရက္ေန႔၌ တရားဝင္ စတင္မိတ္ဆက္ခဲ့သည္။ နာမည္ေက်ာ္ Google ကုမၸဏီ၏ မူပိုင္ Android TV operating system အား အသုံးျပဳထားသည့္အတြက္ Vsmart တီဗီမ်ားသည္ အေကာင္းမြန္ဆုံးေသာ အသုံးျပဳမႈ အေတြ႕အႀကဳံမ်ားကို ေပးအပ္သြားႏိုင္မည္သာမက ေနအိမ္ရွိ အျခား စမတ္ အီလက္ထေရာနစ္ ထုတ္ကုန္မ်ားကိုပါ ထိန္းခ်ဳပ္ေစခိုင္းႏိုင္သည္ စက္ပစၥည္းတစ္ခု အျဖစ္လည္း အသုံးျပဳသြားႏိုင္မည္ ျဖစ္သည္။   ေခတ္မီဆန္းသစ္ေသာ ဒီဇိုင္းျဖင့္ ထုတ္လုပ္ထားသည့္ Vsmart တီဗီမ်ားသည္ ၄၃ လက္မ မွ ၅၅ လက္မ မ်က္ႏွာျပင္ အ႐ြယ္အစားမ်ား အသီးသီးရွိၿပီး 4K အဆင့္ ႐ုပ္ထြက္အရည္အေသြး၊ HDR10 ေထာက္ပံ့မႈ၊ Dolby အသံထြက္စနစ္ႏွင့္ အသုံးျပဳသူမ်ား အတြက္ အဆင္ေျပလြယ္ကူမႈ အျပည့္အဝရရွိေစမည့္ အျခားေသာ လုပ္ေဆာင္ခ်က္မ်ားလည္း ပါဝင္မည္ ျဖစ္သည္။ အဆိုပါ တီဗီ အမ်ိဳးအစားအားလုံးသည္ အျပည့္အဝ အလိုအေလ်ာက္ စစ္ေဆးမႈ အဆင့္ ၁၂ ဆင့္ အပါအဝင္ အလိုအေလ်ာက္ စစ္ေဆးမႈ အဆင့္ ၁၆ ဆင့္အား ျဖတ္ေက်ာ္ထားၿပီး ျဖစ္ကာ တီဗီ အလုံးေရတိုင္းတြင္ ပါရွိသည့္ လုပ္ေဆာင္ခ်က္မ်ားအား အတိက်ဆုံးေသာ အရည္အေသြးစစ္ေဆးမႈမ်ားျဖင့္ စစ္ေဆးထားၿပီး ျဖစ္သည္။     ဟာ့ဒ္ဝဲလ္ပိုင္းႏွင့္ ပတ္သက္၍လည္း Vsmart တီဗီေမာ္ဒယ္အမ်ိဳးအစားမ်ား အားလုံးကို ထုတ္လုပ္သည့္ စက္ပစၥည္းမ်ား အားလုံး အေနႏွင့္ အျမင့္မားဆုံးေသာ တိက်ေသခ်ာမႈ၊ ခံႏိုင္ရည္ရွိမႈမ်ား ရရွိေစရန္ ႏွင့္ အမွားအယြင္း မရွိစြာ တပ္ဆင္ထုတ္လုပ္ႏိုင္ေစရန္ တူညီေသာ ေလသန႔္ရွင္းမႈ ပမာဏႏွင့္ စိုထိုင္းဆ ရွိေနသည့္ ပတ္ဝန္းက်င္တြင္ တပ္ဆင္ ထုတ္လုပ္လ်က္ ရွိသည္။     အဆိုပါ Vsmart တီဗီအမ်ိဳးအစားမ်ားသည္ လက္ရွိအခ်ိန္တြင္ အေမရိကန္ေဒၚလာ ၃၈၀ ခန႔္ႏွင့္ အေမရိကန္ေဒၚလာ ၇၃၆ ခန႔္ အၾကား ေဈးႏႈန္းရွိမည္ ျဖစ္ၿပီး မၾကာမီအခ်ိန္တြင္ ျမန္မာႏိုင္ငံေဈးကြက္အတြင္း၌ ဝယ္ယူရရွိသြားႏိုင္မည္ ျဖစ္သည္။   မိတ္ဆက္ခဲ့သည့္ တီဗီအမ်ိဳးအစားႏွင့္ ေဈးႏႈန္းမ်ားမွာ ေအာက္ပါအတိုင္း ျဖစ္သည္။     VinSmart သည္ ၎၏ ဒုတိယမ်ိဳးဆက္ စမတ္ဖုန္းေမာ္ဒယ္မ်ား ျဖစ္သည့္ Vsmart Live, Vsmart Bee, Vsmart Star ႏွင့္ Vsmart Joy2+ တို႔ကိုလည္း မၾကာေသးမီက ျမန္မာႏိုင္ငံ ေဈးကြက္အတြင္း စတင္မိတ္ဆက္ခဲ့သည္။   VINSMART ကုမၸဏီအေၾကာင္း   VinSmart သည္ အာရွေဒသ၏ အႀကီးမားဆုံး ပုဂၢလိကပိုင္ စီးပြားေရးလုပ္ငန္းစုမ်ားအနက္ တစ္ခုျဖစ္သည့္္ အေမရိကန္ ေဒၚလာ ၁၆ ဘီလီယံ တန္ဖိုးရွိေသာ အိမ္ၿခံေျမ၊ စက္မႈလုပ္ငန္း၊ နည္းပညာႏွင့္ ဝန္ေဆာင္မႈက႑မ်ားအား အဓိက လုပ္ကိုင္ေဆာင္႐ြက္လ်က္ ရွိသည့္ Vingroup လုပ္ငန္းစု၏ အဖြဲ႕ဝင္ ကုမၸဏီတစ္ခု ျဖစ္သည္။ VinSmart ကုမၸဏီအား Vsmart အမွတ္တံဆိပ္ စမတ္ဖုန္းမ်ား ထုတ္လုပ္ရန္ ရည္႐ြယ္ခ်က္ျဖင့္ ၂၀၁၈ ခုႏွစ္၊ ဇြန္လတြင္ စတင္တည္ေထာင္ခဲ့ျခင္း ျဖစ္ကာ မွတ္ဉာဏ္တု (artificial intelligence) နည္းပညာအား အသုံးျပဳ၍ အီလက္ထေရာနစ္ ထုတ္ကုန္မ်ားႏွင့္ အသိဉာဏ္ျမင့္မားေသာ နည္းပညာမ်ားပါဝင္သည့္ ေဂဟစနစ္အား စတင္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္လ်က္ ရွိသည္။ မွတ္ဉာဏ္တုနည္းပညာသည္ အသုံးျပဳသူမ်ားအတြက္ အဆင္ေျပလြယ္ကူမႈ ရွိၿပီး ေခတ္မီေသာ ေနထိုင္မႈ ဘဝ ပုံစံသစ္ တစ္ခုကို ေဖာ္ေဆာင္ေပးသြားႏိုင္မည္ ျဖစ္သည္။   Vsmart ၏ စမတ္ဖုန္းစက္႐ုံသည္ ဗီယက္နမ္ႏိုင္ငံ၊ ဟႏြိဳင္းၿမိဳ႕၊ Hoa Lac Hi-Tech Park အတြင္းရွိ စုစုေပါင္း ေျမေနရာ အက်ယ္အဝန္း ၁၅ ဟက္တာ (၁၅၀,၀၀၀ စတုရန္းမီတာ) ေပၚတြင္ တည္ရွိၿပီး ပထမအဆင့္စက္႐ုံသည္ ၂၁,၅၀၀ စတုရန္းမီတာ အက်ယ္အဝန္းရွိေသာ ၂ ထပ္ အေဆာက္အဦးျဖစ္သည္။ ထို႔အျပင္ လက္ရွိတြင္ ၄၅,၀၀၀ စတုရန္းမီတာ အက်ယ္အဝန္း ရွိသည့္ အထပ္ ၃ ထပ္ပါဝင္ေသာ ဒုတိယအဆင့္ စက္႐ုံကိုလည္း တည္ေဆာက္လ်က္ ရွိၿပီး ၂၀၂၀ ခုႏွစ္၊ ဇန္နဝါရီလတြင္ ၿပီးစီးမည္ ဟု ေမွ်ာ္မွန္းထားသည္။ အဆိုပါ ဒုတိယအဆင့္ စက္႐ုံ တည္ေဆာက္ၿပီးစီးပါက Vsmart စက္႐ုံ ၂ ႐ုံသည္ တစ္ႏွစ္လွ်င္ စုစုေပါင္း ထုတ္ကုန္ အေရအတြက္ ၁၂၅ သန္းအထိ တိုးျမႇင့္ထုတ္လုပ္သြားႏိုင္မည္ ျဖစ္သည္။     Myanmar ICT Guide
Friday, 27 December 2019 09:15

Vivo မှ S Series မျိုးဆက်သစ် Vivo S1Pro စမတ်ဖုန်းကို မြန်မာနိုင်ငံတွင် တရားဝင်စတင်မိတ်ဆက်

သုံးစွဲသူများ၏ လိုအပ်ချက်ကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်ရန်အတွက် နည်းပညာမြင့်မားမှု၊ ဒီဇိုင်းဆန်းသစ်မှု တို့ဖြင့် စဉ်ဆက်မပြတ် ကြိုးစားအားထုတ်နေသော ကမ္ဘာ့ထိပ်တန်း နည်းပညာ ကုမ္ပဏီကြီးဖြစ်သည့် Vivo သည် နာမည်ကျော် S Series ၏ နောက်ဆုံး မျိုးဆက် သစ် Vivo S1Pro စမတ်ဖုန်းကို မြန်မာနိုင်ငံဈေးကွက်သို့ မိတ်ဆက် ပေးလိုက်သည်။  
Tuesday, 24 December 2019 10:01

MPT သုံးစွဲသူများသည် အသစ်စက်စက် TOYOTA Rush ကားများ၊ ရွှေပြားများနှင့် အထူးဆုမဲများကို ၂၀၂၀ နှစ်သစ် ကံစမ်းမဲ အစီအစဉ်မှ တစ်ဆင့် ပါဝင်ကံစမ်းနိုင်ပြီ

မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT က ၂၀၂၀ ခုနှစ် နှစ်သစ်ကို ကြိုဆိုသောအားဖြင့် “ဆုတွေထူးရှယ် ၂၀၂၀” ကံစမ်းမဲ အထူးအစီအစဉ်ကို မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ အဆိုပါ ကံစမ်းမဲ အစီအစဉ် ကာလမှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက် မှ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၀ ရက် အထိ ဖြစ်ပြီး ယင်းကာလအတွင်း MPT GSM/WCDMA အသုံးပြုသူ မည်သူမဆို အနည်းဆုံး ငွေကျပ် ၁,၀၀၀ နှင့်အထက် ဖုန်းဘေလ်ဖြည့်သွင်းပါက ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ကံစမ်းနိုင်ပြီး ဆုလက်ဆောင်များကို ရရှိနိုင်မည်ဖြစ်သည်။ MPT အသုံးပြုသူများသည် အဆိုပါ ကံစမ်းမဲအစီအစဉ်မှတစ်ဆင့် ဖုန်းငွေဖြည့်သွင်းသည့် ပမာဏပေါ်မူတည်၍ အပတ်စဉ်ဆုများအဖြစ် မြန်မာကျပ်ငွေ သိန်း (၂၀) စုစုပေါင်း (၅) ဆု၊ နှစ်ကျပ်သား ရွှေပြားဆုမဲ စုစုပေါင်း (၅) ဆု နှင့် ၁ နှစ်တာသက်တမ်းရှိ တစ်ပတ်လျှင် 20 GB အင်တာနက်ဒေတာ စုစုပေါင်း (၈) ဆု တို့အပြင် အထူးဆုအဖြစ် TOYOTA Rush ကားသစ်ကြီး (၂) စီးကို ကံစမ်းခွင့်ရမည် ဖြစ်သည်။
Monday, 23 December 2019 15:33

OPPO ၊ PUBG MOBILE King of The Hill ဒုတိယအကြိမ်မြောက် Offline ဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အလားအလာရှိသော လူငယ်ကစားသမားများအနိုင်ရရှိ

PUBG MOBILE မှ မြန်မာနိုင်ငံတွင်းရှိ လူငယ်များ၏ Esports ဂိမ်းစွမ်းရည်များကို သိရှိခဲ့ပြီးနောက် မြန်မာကစားသမားများအတွက် OPPO | PUBG MOBILE KING OF THE HILL Offline ဂိမ်းပြိုင်ပွဲကြီးကို ဒုတိယအကြိမ်မြောက်အဖြစ် ရန်ကုန်မြို့ရှိ Myanmar Plaza Promotion Area တွင် နေ့လယ် ၁၁ နာရီမှ ည ၇ နာရီအထိ ကျင်းပခဲ့သည်။ ထိုပြိုင်ပွဲကို OPPO Myanmar မှ Title Sponsor အဖြစ် ပါဝင်ကူညီပေးထားပြီး ပရော်ဖက်ရှင်နယ် ကစားသမားများ၊ PUBG MOBILE ဂိမ်းကို စိတ်ဝင်စားသူများနှင့် ဝါသနာရှင်များ အများအပြား လာရောက် အားပေးခဲ့ကြပါသည်။
Monday, 23 December 2019 11:05

သုံးစွဲသူတွေရဲ့ ဖက်ရှင်ပုံရိပ်ကို မြှင့်တင်ပေးမည့် Vivo S1Pro ကို မကြာမီတွင်မိတ်ဆက်တော့မည်

ဖုန်းအမည် - Vivo S1Pro   Pre-Order စတင်လက်ခံမည့် နေ့ရက် - ဒီဇင်ဘာလ ၂၃ ရက်   တရားဝင် မိတ်ဆက်မည့် နေ့ရက် - ဒီဇင်ဘာလ ၂၄ ရက်   အကြောင်းအရာ - “Upgrade Your Style” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ခေတ်ရေစီးကြောင်းနဲ့အညီ တက်ကြွလန်းဆန်းနေတဲ့ လူငယ်တွေရဲ့ ဖက်ရှင်ပုံရိပ်တွေကို ပိုမိုမြှင့်တင်ပေးမည့် ကမ္ဘာ့ထိပ်တန်း နည်းပညာ ကုမ္ပဏီကြီးဖြစ်သည့် Vivo မှ နောက်ဆုံး ထုတ်လုပ်လိုက်သည့် စွဲမက်ဖွယ်ရာ ပုံစံဒီဇိုင်းနှင့် ဆင့်မြင့်ဆုံး ဖန်တီးထားသည့် Vivo S1Pro ကို မြန်မာနိုင်ငံဈေးကွက်တွင် မကြာမီအချိန်၌ မိတ်ဆက် တော့မည်ဖြစ်သည်။   ထူးခြားချက် - သုံးစွဲသူတွေအတွက် နည်းပညာပိုင်းတိုးတက်မြင့်မားမှုနဲ့ ဒီဇိုင်း‌ခေတ်မှီ ဆန်းသစ်မှုကို အမြဲတမ်း ဦးစား‌ပေးပြီး ဆောင်ရွက်နေတဲ့ Vivo အနေနဲ့ အခုအခါမှာလည်း ပြိုင်ဖက်ကင်းတဲ့ ပုံစံဒီဇိုင်း နဲ့အတူ တမူထူးခြားတဲ့ စိန်ပွင့်ပုံစံ ဖန်တီးပုံဖော်ထားတဲ့ နောက်ကျောပြင် ကင်မရာ ၄ လုံးဖြင့် ဖန်တီး ထုတ်လုပ်ထားသည်။   အသေးစိတ် အချက်အလက်များ - Vivo S1Pro ရဲ့ ထူးခြားတဲ့ စိန်ပွင့်ပုံစံ နောက်ကျောပြင် ကင်မရာစနစ်တွင် AI စနစ်သုံး 48 MP (f/1.8) ပင်မကင်မရာနဲ့ 8MP (f/2.2) မြင်ကွင်းကျယ်ကင်မရာ၊ 2MP (f/2.4) Macro ကင်မရာနဲ့ 2MP (f/2.4) Depth Sensor ကင်မရာ (၄) ခု တပ်ဆင်ပေးထားလို့ သုံးစွဲသူများ အနေနဲ့ တန်ဖိုးရှိတဲ့ အမှတ်တရ ပုံရိပ်များကို အကောင်းဆုံး ပုံထွက်နှုန်းနဲ့အတူ အမိအရ ရိုက်ကူးရယူ နိုင်မည်ဖြစ်သည်။ ဒါ့အပြင် Vivo ၏ Signature Photography နည်းပညာ နှင့် စွမ်းရည်မြင့် ဆော့ဖ်ဝဲလ် တွေ ထည့်သွင်း‌ပေးထားသဖြင့် ကိုယ်ပိုင် ဖက်ရှင်နဲ့စတိုင်လ်ကို အလေးထားတဲ့ လူငယ်တွေ အထူး အကြိုက်တွေ့ရန် သေချာနေပါသည်။   Vivo S1 Pro ဟာ လူငယ်တွေ စိတ်ကြိုက် စတိုင်လ်ကျလှပတဲ့ စမတ်ဖုန်းတစ်ခု ဖြစ်ပြီး ရင်သပ်ရှုမော ဖွယ်ရာ ၆.၃၈ လက်မအရွယ် Full HD+ Super AMOLED မျက်နှာပြင် တပ်ဆင်ပေးထားပြီး မျက်နှာပြင် အောက်မှာ လက်ဗွေလုံခြုံရေးစနစ်တို့ ပါရှိပါသည်။   Multitasking နှင့် Gaming လုပ်ဆောင်ချက်များ လျှင်မြန်စွာ ဆောင်ရွက်နိုင်ဖို့ စွမ်းရည်မြင့် Snapdragon 665 ပရော်ဆက်ဆာနှင့်အတူ 8GB RAM (မှတ်ဉာဏ်) နှင့် 128GB ROM (သိုမှီးမှုပမာဏ) တို့တပ်ဆင် ပေးထားပါသည်။ ထို့အပြင် Multi Turbo စနစ်ပါရှိတာကြောင့် အထူးကောင်းမွန်တဲ့ ဂိမ်းဆော့မှု အတွေ့ အကြုံကို ရရှိခံစားနိုင်မည်ဖြစ်သည်။ Voice Changer နည်းပညာလည်း ပါရှိသဖြင့် ဂိမ်းကစားချိန်အတွင်း ပျော်ရွှင်တက်ကြွမှုကို အပြည့်အ၀ ယူဆောင်ပေးနိုင်ပြီး အသုံးပြုသူ၏ ကိုယ်ရေးကိုယ်တာ အချက် အလက်များကိုလည်း အကာအကွယ်ပေးထားမည် ဖြစ်သည်။ Vivo S1 Pro ၏ ဘက်ထရီကတော့ 4500mAh ပမာဏရှိပြီး Dual-Engine Fast Charging နည်းပညာ အသုံးပြုထားလို့ လျှင်မြန်စွာ အားသွင်းနိုင်မည် ဖြစ်သည်။ Pre-order အချိန်အတွင်း မှာယူသူများအနေဖြင့် လည်ပင်းအနှိပ်စက်ကို စတင်ရောင်းချသည့်နေ့တွင် လက်ဆောင်ရယူနိုင်မည် ဖြစ်ပါသည်။   အရောင် - Mystic Black (အနက်) နဲ့ Dreamy White (အဖြူ) အရောင်ပြေး ကာလာ ၂ မျိုး   ခန့်မှန်းဈေးနှုန်း - ကျပ် ၄ သိန်းမှ ၅ သိန်း     Zawgyi Version   ဖုန္းအမည္ - Vivo S1Pro   Pre-Order စတင္လက္ခံမည့္ ေန႔ရက္ - ဒီဇင္ဘာလ ၂၃ ရက္   တရားဝင္ မိတ္ဆက္မည့္ ေန႔ရက္ - ဒီဇင္ဘာလ ၂၄ ရက္   အေၾကာင္းအရာ - “Upgrade Your Style” ဆိုတဲ့ ေဆာင္ပုဒ္အတိုင္း ေခတ္ေရစီးေၾကာင္းနဲ႔အညီ တက္ႂကြလန္းဆန္းေနတဲ့ လူငယ္ေတြရဲ႕ ဖက္ရွင္ပုံရိပ္ေတြကို ပိုမိုျမႇင့္တင္ေပးမည့္ ကမာၻ႔ထိပ္တန္း နည္းပညာ ကုမၸဏီႀကီးျဖစ္သည့္ Vivo မွ ေနာက္ဆုံး ထုတ္လုပ္လိုက္သည့္ စြဲမက္ဖြယ္ရာ ပုံစံဒီဇိုင္းႏွင့္ ဆင့္ျမင့္ဆုံး ဖန္တီးထားသည့္ Vivo S1Pro ကို ျမန္မာႏိုင္ငံေဈးကြက္တြင္ မၾကာမီအခ်ိန္၌ မိတ္ဆက္ ေတာ့မည္ျဖစ္သည္။   ထူးျခားခ်က္ - သုံးစြဲသူေတြအတြက္ နည္းပညာပိုင္းတိုးတက္ျမင့္မားမႈနဲ႔ ဒီဇိုင္း‌ေခတ္မွီ ဆန္းသစ္မႈကို အၿမဲတမ္း ဦးစား‌ေပးၿပီး ေဆာင္႐ြက္ေနတဲ့ Vivo အေနနဲ႔ အခုအခါမွာလည္း ၿပိဳင္ဖက္ကင္းတဲ့ ပုံစံဒီဇိုင္း နဲ႔အတူ တမူထူးျခားတဲ့ စိန္ပြင့္ပုံစံ ဖန္တီးပုံေဖာ္ထားတဲ့ ေနာက္ေက်ာျပင္ ကင္မရာ ၄ လုံးျဖင့္ ဖန္တီး ထုတ္လုပ္ထားသည္။   အေသးစိတ္ အခ်က္အလက္မ်ား - Vivo S1Pro ရဲ႕ ထူးျခားတဲ့ စိန္ပြင့္ပုံစံ ေနာက္ေက်ာျပင္ ကင္မရာစနစ္တြင္ AI စနစ္သုံး 48 MP (f/1.8) ပင္မကင္မရာနဲ႔ 8MP (f/2.2) ျမင္ကြင္းက်ယ္ကင္မရာ၊ 2MP (f/2.4) Macro ကင္မရာနဲ႔ 2MP (f/2.4) Depth Sensor ကင္မရာ (၄) ခု တပ္ဆင္ေပးထားလို႔ သုံးစြဲသူမ်ား အေနနဲ႔ တန္ဖိုးရွိတဲ့ အမွတ္တရ ပုံရိပ္မ်ားကို အေကာင္းဆုံး ပုံထြက္ႏႈန္းနဲ႔အတူ အမိအရ ႐ိုက္ကူးရယူ ႏိုင္မည္ျဖစ္သည္။ ဒါ့အျပင္ Vivo ၏ Signature Photography နည္းပညာ ႏွင့္ စြမ္းရည္ျမင့္ ေဆာ့ဖ္ဝဲလ္ ေတြ ထည့္သြင္း‌ေပးထားသျဖင့္ ကိုယ္ပိုင္ ဖက္ရွင္နဲ႔စတိုင္လ္ကို အေလးထားတဲ့ လူငယ္ေတြ အထူး အႀကိဳက္ေတြ႕ရန္ ေသခ်ာေနပါသည္။   Vivo S1 Pro ဟာ လူငယ္ေတြ စိတ္ႀကိဳက္ စတိုင္လ္က်လွပတဲ့ စမတ္ဖုန္းတစ္ခု ျဖစ္ၿပီး ရင္သပ္ရႈေမာ ဖြယ္ရာ ၆.၃၈ လက္မအ႐ြယ္ Full HD+ Super AMOLED မ်က္ႏွာျပင္ တပ္ဆင္ေပးထားၿပီး မ်က္ႏွာျပင္ ေအာက္မွာ လက္ေဗြလုံၿခဳံေရးစနစ္တို႔ ပါရွိပါသည္။   Multitasking ႏွင့္ Gaming လုပ္ေဆာင္ခ်က္မ်ား လွ်င္ျမန္စြာ ေဆာင္႐ြက္ႏိုင္ဖို႔ စြမ္းရည္ျမင့္ Snapdragon 665 ပေရာ္ဆက္ဆာႏွင့္အတူ 8GB RAM (မွတ္ဉာဏ္) ႏွင့္ 128GB ROM (သိုမွီးမႈပမာဏ) တို႔တပ္ဆင္ ေပးထားပါသည္။ ထို႔အျပင္ Multi Turbo စနစ္ပါရွိတာေၾကာင့္ အထူးေကာင္းမြန္တဲ့ ဂိမ္းေဆာ့မႈ အေတြ႕ အႀကဳံကို ရရွိခံစားႏိုင္မည္ျဖစ္သည္။ Voice Changer နည္းပညာလည္း ပါရွိသျဖင့္ ဂိမ္းကစားခ်ိန္အတြင္း ေပ်ာ္႐ႊင္တက္ႂကြမႈကို အျပည့္အ၀ ယူေဆာင္ေပးႏိုင္ၿပီး အသုံးျပဳသူ၏ ကိုယ္ေရးကိုယ္တာ အခ်က္ အလက္မ်ားကိုလည္း အကာအကြယ္ေပးထားမည္ ျဖစ္သည္။ Vivo S1 Pro ၏ ဘက္ထရီကေတာ့ 4500mAh ပမာဏရွိၿပီး Dual-Engine Fast Charging နည္းပညာ အသုံးျပဳထားလို႔ လွ်င္ျမန္စြာ အားသြင္းႏိုင္မည္ ျဖစ္သည္။ Pre-order အခ်ိန္အတြင္း မွာယူသူမ်ားအေနျဖင့္ လည္ပင္းအႏွိပ္စက္ကို စတင္ေရာင္းခ်သည့္ေန႔တြင္ လက္ေဆာင္ရယူႏိုင္မည္ ျဖစ္ပါသည္။   အေရာင္ - Mystic Black (အနက္) နဲ႔ Dreamy White (အျဖဴ) အေရာင္ေျပး ကာလာ ၂ မ်ိဳး   ခန႔္မွန္းေဈးႏႈန္း - က်ပ္ ၄ သိန္းမွ ၅ သိန္း     Myanmar ICT Guide
Saturday, 21 December 2019 10:44

OPPO မှ developer များ၊ partner များနဲ့အတူ intelligent service ecosystem အသစ်တစ်ခုကို အတူတကွတည်ဆောက်ရန်အတွက် ပဏာမခြေလှမ်း (၃) ခုကို ကြေငြာ

OPPO ဟာ 2019 OPPO Developer Conference (ODC) ကို "Innovation and Intelligence" ခေါင်းစဉ်နဲ့အတူ ဘေဂျင်းမှာ စတင်ခဲ့ပြီး developer များ၊ partner များနဲ့အတူ intelligent service ecosystem အသစ်တစ်ခု အတူတကွ တည်ဆောက်ရန်အတွက် စတင်လုပ်ဆောင်မှုများကို ပြသခဲ့ပါတယ်။ Conferenceမှာ ပြသလိုက်တဲ့ ကြေငြာချက်အသစ် (၃) ခုကတော့ developer များကို ၂၀၂၀ မှာ RMB ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၄၃ သန်းခန့်) ပံ့ပိုးကူညီသွားမယ့် အစီအစဉ်“Gravity Plan 2.0”၊ “Five System-level Capability Exposure Engines” နဲ့ IoT Enablement plan” တွေပဲဖြစ်ပါတယ်။  
Friday, 20 December 2019 14:52

အသုံးပြုသူများအား cashback ခံစားခွင့်များနှင့် အခြား လက်ဆောင်များအား ပေးအပ်သွားမယ့် Vsmart ရဲ့ ခရစ်စမတ် အထူးပရိုမိုးရှင်း အစီအစဉ်

ဗီယက်နမ်နိုင်ငံ၏ ထိပ်တန်းစမတ်ဖုန်း ကုမ္ပဏီတစ်ခု ဖြစ်သည့် VinSmart သည် မကြာမီ ကျရောက်တော့မည့် ခရစ်စမတ်နှင့် နှစ်သစ်ကူးကာလ အထိမ်းအမှတ်အဖြစ် အထူး ပရိုမိုးရှင်း အစီအစဉ်တစ်ခုအား ပေးအပ် သွားမည် ဖြစ်ကြောင်း ယနေ့ ကြေညာခဲ့သည်။ အဆိုပါ ပရိုမိုးရှင်း အစီအစဉ်အရ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့မှ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့အတွင်း Vsmart ၏ Bee, Star, Joy 2+ နှင့် Live စမတ်ဖုန်း အမျိုးအစားများအား ဝယ်ယူအားပေးသူများ အနေနှင့် cashback ခံစားခွင့်များနှင့် အခြားသော လက်ဆောင်များအား ရရှိ ခံစားသွားနိုင်မည် ဖြစ်သည်။
Thursday, 19 December 2019 15:21

အူရီဒူးမြန်မာမှ အပတ်စဉ် ရာနှင့်ချီသောဆုများ ချီးမြှင့်ပေးသွားမည့် “ဒုန်း ဒုန်း ဒုန်း” ပရိုမိုးရှင်းအစီအစဉ်အား စတင်မိတ်ဆက်

အူရီဒူးမြန်မာသည် ဆုလက်ဆောင်အရေအတွက် ရာနှင့်ချီချီးမြှင့်ပေးသွားမည့် “ဒုန်း ဒုန်း ဒုန်း” အထူးပရိုမိုးရှင်း အစီအစဉ်အား ယနေ့စတင်မိတ်ဆက်ခဲ့ပြီး အဆိုပါအစီအစဉ်အရ
Thursday, 19 December 2019 15:06

ကျပ်ငွေတန်ဖိုးကျဆင်းခြင်းနဲ့အတူ အပြိုင်အဆိုင်များနေတဲ့ ပြည်တွင်းဆက်သွယ်ရေးလောက

မြန်မာနိုင်ငံ မိုဘိုင်းဖုန်း ဆက်သွယ်ရေး ဈေးကွက်မှာ အပြိုင်အဆိုင် ပြင်းထန်နေပြီး မြန်မာကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာ ငွေလဲနှုန်းမှာ ကျပ်ငွေတန်ဖိုး ကျဆင်းနေတာကြောင့်

Search Articles