အူရီဒူးမြန်မာရဲ့ 2019 Suzuki Swift ကား ၃ စီး ကံစမ်းမဲ အစီအစဉ် စတင်

အူရီဒူးမြန်မာရဲ့ 2019 Suzuki Swift ကား ၃ စီး ကံစမ်းမဲ အစီအစဉ် စတင် google

အူရီဒူးမြန်မာမှ မြန်မာနိုင်ငံတွင် အမြင့်မားဆုံးဆုကြီးများ ပြန်လည်ရရှိနိုင်မည့် အစီအစဉ်များထဲမှ တစ်ခုကို

ယနေ့စတင်လိုက်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ အူရီဒူးမှ ဖုန်းငွေဖြည့်တိုင်း ဆုများကိုကံစမ်းနိုင်မည့် ဖြည့်တိုင်းပေါက်အစီအစဉ်ကို My Ooredoo အက်ပလီကေးရှင်းရှိ Ooredoo VIP တွင် ထည့်သွင်းပေးလိုက်ပြီဖြစ်သည်။

ဖြည့်တိုင်းပေါက်အစီအစဉ်တွင် မြန်မာငွေကျပ်သိန်း()သောင်းတန် ဆုပေါင်းများစွာနှင့် ၂၀၁၉ မော်ဒယ် Suzuki Swift ကားအသစ် ()စီး ပေးအပ်သွားမည်ဖြစ်ပါသည်။ နေ့စဉ်ဆုများအနေနှင့်  ကျပ်သိန်း(၂ဝ)တန်ဖိုးရှိ ငွေသားဆုများ၊ 100GB အထိ ဒေတာအစီအစဉ် လက်ဆောင်များ၊ မိနစ်(၃ဝဝဝ)အထိ ဖုန်းခေါ်ဆိုခွင့်တို့ကို ဆန်းသစ်သည့်နည်းပညာ အသုံးပြုထားသည့် ဒီဂျစ်တယ်ခဲခြစ်ကတ်များဖြင့် ရရှိကံစမ်းနိုင်မည်ဖြစ်သည်။ ၁ဝဝဝ ကျပ်နှင့်အထက် ဖုန်းငွေဖြည့်လိုက်တိုင်း သုံးစွဲသူများအတွက် အခမဲ့ဒီဂျစ်တယ်ခဲခြစ်ကတ်တစ်ကတ်ကို My Ooredoo အက်ပလီကေးရှင်းရှိ VIP Rewards တွင် ရရှိနိုင်မည်ဖြစ်ပါသည်။ My Ooredoo အက်ပလီကေးရှင်းကို *565# သို့ ဖုန်းခေါ်ဆိုခြင်းဖြင့် အလွယ်တကူဒေါင်းလုတ်ရယူနိုင်မည်ဖြစ်သည်။ ဖုန်းငွေများများ ဖြည့်လေလေ ဒီဂျစ်တယ်ခဲခြစ်ကတ်များများ ပိုရလေလေဖြစ်ပြီး ဆုလက်ဆောင်ကြီးများရရှိနိုင်ရန် အခွင့်အရေးပိုများလေလေဖြစ်သည်။ သုံးစွဲသူမှ ဒီဂျစ်တယ်ခဲခြစ်ကတ်တစ်ကတ်ကို ၂ဝ၁၉ မော်ဒယ် Suzuki Swifts ကား ၃ စီးထဲမှ တစ်စီးကို ကံစမ်းနိုင်မည့် ကံစမ်းမဲလက်မှတ်တစ်စောင်စီနှင့် လဲလှယ်နိုင်မည်ဖြစ်သည်။

အူရီဒူးမြန်မာ၏ Acting CEO ဖြစ်သူ Mr. Alok Verma က “ကျွန်တော်တို့အနေနဲ့  အူရီဒူး အစဉ်တစိုက်အားပေးသူတွေကို အံ့အားသင့်ဖွယ် အထူးဆုကြီးတွေ ပြန်လည်ပေးအပ်ချီးမြှင့်တာဖြစ်ပြီး ကျွန်တော်တို့ရဲ့ ဒီဂျစ်တယ်ခဲခြစ်ကတ်နည်းပညာနဲ့ ပျော်ရွှင်စိတ်လှုပ်ရှားစေချင်ပါတယ်။ သုံးစွဲသူတွေ ငွေဖြည့်လိုက်တိုင်းမှာ ဆုတစ်ဆုဆုရရှိမှာဖြစ်ပြီး ယခုကံစမ်းမဲအစီအစဉ်ရဲ့ အထူးဆုကြီးတွေဖြစ်တဲ့ မော်ဒယ်သစ် ကား ၃ စီးကို ကံစမ်းနိုင်ဖို့ အခွင့်အရေး ရရှိမှာဖြစ်ပါတယ်။” ဟု ပြောကြားလိုက်သည်။

ဖြည့်တိုင်းပေါက်”အစီအစဉ်၏ သက်တမ်းမှာ ၂၀၁၉ခုနှစ်၊ မတ်လ (၁၉)ရက်နေ့မှ ၂၀၁၉ခုနှစ် ဇွန်လ (၁၈)ရက်နေ့ အထိဖြစ်ပါသည်။

အူရီဒူး VIP အကြောင်း ။ အူရီဒူး VIP သည် အူရီဒူးသုံးစွဲသူမိဘပြည်သူများကို ကျေးဇူးတုံ့ပြန်ခြင်းနှင့် ဆုများပြန်လည်ချီးမြှင့်ခြင်း အစီအစဉ်ဖြစ်ပြီး အသုံးပြုသူများအနေဖြင့် အူရီဒူးမြန်မာနှင့် ပူပေါင်းဆောင်ရွက်ထားသည့်  စားသောက်ဆိုင်များ၊ ဟိုတယ်များ၊ gym များ၊ Spa များ အစရှိသည့် မိတ်ဖက်လုပ်ငန်းပေါင်း ၁၅၀ကျော်တို့မှ  အထူးလျှော့ဈေးများ ရရှိနိုင်မည်ဖြစ်ပါသည်။ သုံးစွဲသူများအနေဖြင့် Spin the wheel ကဲ့သို့သော ပျော်ရွှင်ဖွယ်ရာဂိမ်းများ ကစားခြင်းဖြင့် စိတ်လှုပ်ရှားဖွယ်ဆုများစွာကို ရရှိပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ *565# ကို ဖုန်းခေါ်ဆိုပြီး  My Ooredoo App ကို ဒေါင်းလုတ်ရယူ၍ အူရီဒူး VIP အစီအစဉ်တွင် စာရင်းသွင်းပါဝင်နိုင်ပါမည်။

 

Read times
Rate this item
(0 votes)