Workplace by Facebook ကို အသုံးပြုနေတဲ့ တယ်လီနောအပါအဝင် ကုမ္ပဏီကြီးသုံးခု

Workplace by Facebook ကို အသုံးပြုနေတဲ့ တယ်လီနောအပါအဝင် ကုမ္ပဏီကြီးသုံးခု google.com

အဖွဲ့အစည်းအတွင်း ဆက်သွယ်ဆောင်ရွက်မှုကို အသွင်ကူး ပြောင်းရန် Workplace by Facebook ကို

လက်ခံအသုံးပြုခဲ့သည် ဟု တယ်လီနော၊ အူရီးဒူးနှင့် ရိုးမ ဘဏ်တို့က မေလ ၃ ရက်တွင် ပူးတွဲကြေညာသည်။

 

Workplace by Facebook ဆိုသည်မှာ ၂၀၁၆ တွင် ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက အသစ်ထပ်မံ မိတ်ဆက်သည့် ဝန်ဆောင်မှုတစ်ခုဖြစ်သည်။ စီးပွားရေးလုပ်ငန်းကြီးများအတွက် သီးသန့်လုပ်ဆောင်ချက်များ ပါဝင်သည့် အဆိုပါ Workplace by Facebook သည် ကုမ္ပဏီအီးမေးလ်များနှင့် အတူ အကောင့်များဖွင့်လှစ်၍ အခမဲ့ဝန်ဆောင်မှုအနေဖြင့်သော် လည်းကောင်း၊ အခပေးဝန်ဆောင်မှုအနေဖြင့်သော် လည်းကောင်း နှစ်မျိုးအသုံးပြုနိုင်သည်။

 

တယ်လီနော၊ အူရီးဒူးနှင့် ရိုးမဘဏ်တို့သည် Workplace TransformX Myanmar အမည်ရှိ ဆွေးနွေးပွဲကို ဦးဆောင်ကျင်းပ ပြီးနောက် ယခုကဲ့သို့ ထုတ်ပြန် ခြင်းဖြစ်သည်။ ရိုးမဘဏ်သည် ၂၀၁၆ ကစတင်၍ ဝန်ထမ်း ၃,၀၀၀ ကျော်ကို Workplace by Facebook အသုံးပြုစေသည်။

 

" Workplace နဲ့ WorkChat ကို အသုံးပြုပြီး ဘဏ်မှာရှိတဲ့ ဝန်ထမ်းအားလုံးက တစ်ဦးနဲ့တစ်ဦး အပြန်အလှန် အကျိုးတူနှီးနှော ဖလှယ်နိုင်သလို အုပ်စုတွေဖွဲ့ပြီး ညှိနှိုင်းဆောင်ရွက်နိုင်တာကြောင့် အဖွဲ့အစည်းအတွင်း ဆက်သွယ် မှုစနစ်ကြီးဟာ ဘဏ်အတွက် အကျိုးကျေးဇူးများစွာ ရရှိစေပါ တယ် " ဟု ရိုးမဘဏ်အမှုဆောင် အရာရှိချုပ် Mr Hal Bosher က ပြောသည်။

 

Workplace by Facebook သည် ဘဏ်ရုံးချုပ်ရှိ စီမံခန့်ခွဲမှုအဖွဲ့နှင့် ဝန်ထမ်းများကို နေ့စဉ် ပွင့်လင်းမြင်သာစွာ သတင်းအချက်အလက်မျှဝေခြင်းနှင့် တစ်ဦး နှင့်တစ်ဦး အပြန်အလှန်ဆက်သွယ်ဆောင်ရွက်ခြင်းတို့ လုပ်ဆောင်ပေးမည်ဟု အဆိုပါဘဏ်က ကြေညာထားသည်။

 

Workplace by Facebook အသုံးပြုသူ ကိုပြုံးမောင်မောင်က " ကျွန်တော် စမ်းသုံးကြည့်တယ်။ မေးလ်တွေ အများကြီးပို့ရတဲ့ အခက်အခဲတွေ ပြေလည်သွား တယ်။ ဒေတာပမာဏတွေ ပိုသုံးချင်လာတဲ့အခါမှာတော့ ပိုက်ဆံပေးရတယ် " ဟု ပြောသည်။

 

အဆိုပါ Workplace by Facebook ကို တယ်လီနောက ၂၀၁၆ တွင် ၎င်း၏ လုပ်ငန်းခွင် ၌ အသုံးပြုပြီး အူရီးဒူးက ၂၀၁၇ တွင် လက်ခံအသုံးပြုသည်။

 

7Day Daily

Myanmar ICT Guide

Read 106 times
Rate this item
(1 Vote)