MPT က “ အချစ်ကမ္ဘာ ” ဝန်ဆောင်မှုအသစ်ကို မိတ်ဆက်

MPT က “ အချစ်ကမ္ဘာ ” ဝန်ဆောင်မှုအသစ်ကို မိတ်ဆက် google.com
မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သည့် MPT သည် ချစ်ခင်မြတ်နိုးသူ၊
မိသားစုဝင်များ၊ ခင်မင်သူမိတ်ဆွေများအကြားရှိ အချစ်အမျိုးမျိုး၏ ချစ်ခြင်းမေတ္တာကိုဖော်ကြူးသော အကြောင်းအရာများကို တစ်နေရာတည်းတွင် စုံလင်စွာဖြင့် ရယူအသုံးပြုနိုင်မည့် “အချစ်ကမ္ဘာ” ဝန်ဆောင်မှုကို CSS ကုမ္ပဏီ နှင့် ပူးပေါင်း၍ သုံးစွဲသူများအတွက် မိတ်ဆက်လိုက်ပြီဖြစ်သည်။
 
“အချစ်ကမ္ဘာ” ဝန်ဆောင်မှုတွင် MPT သုံးစွဲသူများသည် ဆွတ်ပျံ့ကြည်နူးဖွယ်ရာ ဆောင်းပါးများ ၊ အချစ်သီချင်းများ ၊ ဂိမ်းများ ၊ အချစ်နှင့်ပတ်သတ်သော ပဟေဠိများ ၊ ဗေဒင်များ၊ ဓါတ်ပုံများ၊ ဗွီဒီယိုများ နှင့် ချစ်ခြင်းမေတ္တာ နှင့်ပတ်သက်သည့် အချစ်မှတ်စုများ စသည့် ကဏ္ဍ(၈) မျိုးပါဝင်သည့် ဝန်ဆောင်မှုများကို ရယူအသုံးပြုနိုင်မှာဖြစ်တယ်။
 
MPT သုံးစွဲသူများအနေဖြင့် နေ့စဉ်ကြေးပေးသွင်း၍ အသုံးပြုနိုင်မည်ဖြစ်ပြီး တစ်နေ့တာအတွက် အဆိုပါဝန်ဆောင်မှုကို တစ်နေ့လျှင် ဝန်ဆောင်ခ ၉၉ ကျပ်ဖြင့် တစ်နေ့လုံး/ ၂၄ နာရီ ဝင်ရောက်ရယူနိုင်မည်ဖြစ်သည်။
 
MPT သုံးစွဲသူများသည် အချစ်ကမ္ဘာ ဝန်ဆောင်မှုတွင် ဆွတ်ပျံ့ကြည်နူးဖွယ် ချစ်သူစုံတွဲပုံများ ၊ နာမည်ကျော် အနုပညာရှင်များ၏ စုံတွဲပုံများ နှင့် အံ့သြဖွယ် ရင်သပ်ရှုမောဖွယ်ကောင်းသော ရှုခင်းပုံများ၊ Relationship နှင့်ပတ်သက်သော အကြံပြု video များ ၊ နာမည်ကျော်ကြားသူများနှင့် တွေ့ဆုံမေးမြန်းခန်းများ ၊ ဟာသများနှင့် အချစ်နှင့်ပတ်သက်သောဂိမ်းများ၊ နိုင်ငံတကာမှ အချစ်သီချင်းကောင်းများ ၊ အချစ်ဆောင်းပါးဝတ္ထုတိုများ ၊ ဇာတ်လမ်းများ အပါအဝင် ပျော်ရွှင်ဖွယ်ဥာဏ်စမ်းပဟေဠိများ၊ အချစ်ရေးနှင့်ပတ်သက်သော တားရော့ ဗေဒင်ဟောကိန်းများ နှင့် နေ့စဉ်နှလုံးသားရေးရာ ဗေဒင်ဟောစာတမ်းများကို ရယူနိုင်မည်ဖြစ်သည်။
 
အချစ်ကမ္ဘာဝန်ဆောင်မှုကို ရယူလိုသူများသည် 8274 သို့ ON ဟု စာတိုပေးပို့ ရယူနိုင်သလို www.achitkabar.com နှင့် http://love.lotayamm.com တွင် MPT ၏ မိုဘိုင်းလ်အင်တာနက် ကို အသုံးပြု၍ ဝင်ရောက်ရယူနိုင်ပါသည်။
 
MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda မှလည်း MPT ၏ ထူးထူးခြားခြား တင်ဆက်မှုတစ်ခုဖြစ်သော အချစ်ကမ္ဘာ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ “MPT ဟာသုံးစွဲသူတွေနဲ့  အမြဲတစေထိတွေနေစေဖို့  ဝန်ဆောင်မှုတွေ ၊ အစီအစဉ်တွေကို ဖန်တီးပေးလျက်ရှိပြီး အခုတင်ဆက်လိုက်တဲ့ အချစ်ကမ္ဘာ ဝန်ဆောင်မှုကတော့ မြန်မာနိုင်ငံက လူငယ်လူရွယ်တွေအတွက် ချစ်ခြင်းမေတ္တာ နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ရယူနိုင်မှာဖြစ်ပါတယ်။
 
ဒီဝန်ဆောင်မှုကနေတစ်ဆင့် သူတို့ဘဝမှာ ချစ်ခြင်းမေတ္တာဆိုင်ရာ ကိစ္စတွေအတွက် အထောက်အကူပြုစေဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။
 
ဒါ့အပြင် သီချင်းတွေ ၊ ဂိမ်းတွေ နဲ့ video တွေ အပါအဝင် ချစ်ခြင်းမေတ္တာနဲ့ သက်ဆိုင်တဲ့ တင်ဆက်မှုတွေလည်းပါဝင်တဲ့အတွက် သုံးစွဲသူတွေအားလုံးကို ပျော်ရွင်စရာတွေဖန်တီးပေးနိုင်တဲ့ ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွင်စေနိုင်မယ့် ဝန်ဆောင်မှုတစ်ခု ဖြစ်လာစေဖို့ အတွက် ရည်ရွယ်ထားပါတယ်။
 
မြန်မာနိုင်ငံရဲ့ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်တာနဲ့အညီ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကလည်းတကယ့်ကို ပြီးပြည့်စုံတဲ့ ဝန်ဆောင်မှုတွေကို ပေးအပ်သွားဖို့အတွက် ရည်ရွယ်ထားပြီး ဒီပေါ်တယ်ဝန်ဆောင်မှုကနေတစ်ဆင့် သုံးစွဲသူတွေအနေနဲ့ ဘဝအတွက်ပျော်ရွှင်မှုတွေကို ခံစားနိုင်မှာပါ“ ဟုပြောကြားခဲ့ပါသည်။
 
အချစ်ကမ္ဘာ ဝန်ဆောင်မှုအပါအ၀င် MPT ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပိုမိုသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ခေါ်ဆို၍ ဖြစ်စေ ၊ MPT ၏ တရားဝင် Facebook စာမျက်နှာဖြစ်သော https://www.facebook.com/mptofficialpage/ သို့မဟုတ် MPT ၏ တရားဝင် website ဖြစ်သော www.mpt.com.mm သို့ဝင်ရောက်၍ဖြစ်စေ လေ့လာနိုင်မည်ဖြစ်ပါသည်။
 
Read times
Rate this item
(1 Vote)