အမျိုးသား ဆိုင်ဘာလုံခြုံရေးအတွက် SK Telecom မှ ကျွမ်းကျင်သူများ လုပ်ကိုင်ပေးမည်

အမျိုးသား ဆိုင်ဘာလုံခြုံရေးအတွက် SK Telecom မှ ကျွမ်းကျင်သူများ လုပ်ကိုင်ပေးမည် Credit: SK Telecom

အမျိုးသား ဆိုင်ဘာလုံခြုံရေး National Cyber Security Centre (NCSC) က ဆိုင်ဘာ ကာကွယ်ရေးအတွက်

SK Telecom နဲ့ လက်တွဲပါတယ်။

တောင်ကိုရီးယားမှ SK Telecom က ဆိုင်ဘာလုံခြုံရေး အထူးကျွမ်းကျင်သူတွေက security operation centre (SOC) အတွက် ဒီဇိုင်းပိုင်းနဲ့ ထူထောင်ခြင်းအပိုင်းတွေကို အတိုင်ပင်ခံအဖြစ် ဆောင်ရွက်ပေးမှာ ဖြစ်ပြီး ဇူလိုင်လကုန်အထိ လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။

NCSC ရဲ့ လက်ရှိ တည်ရှိတဲ့ ဆိုင်ဘာလုံခြုံရေး အခြေခံအဆောက်အအုံမှာ လုံခြုံရေးဆိုင်ရာပျော့ကွက် အားနည်းချက်တွေကို ဆန်းစစ်ရှာဖွေမယ့် ဆိုင်ဘာလုံခြုံရေး အထူးကျွမ်းကျင်သူအဖွဲ့က SK Telecom ရဲ့ 'Smart Guard' solution' ဖြင့် လုပ်ကိုင်မှာ ဖြစ်ပါတယ်။ အခြေခံ အဆောက်အအုံ လုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှုအတွက် လမ်းညွန်ခြင်း အကြံပြုခြင်းတို့ကိုလည်း လုပ်ဆောင်မှာ ဖြစ်ပါတယ်။

SK Telecom အနေဖြင့် မြန်မာနိုင်ငံအပြင် အခြား အရှေ့တောင်အာရှ နိုင်ငံများဖြစ်တဲ့ ဗီယက်နမ်နဲ့ ထိုင်း နိုင်ငံတို့ကို တိုးချဲ့လုပ်ကိုင်ဖို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။

channelasia

Read times
Rate this item
(0 votes)