Burmese Ghouls အသင်း အမေရိကန် ဒေါ်လာ ၁၃,၀၀၀ ဆွတ်ခူး

၂ ကြိမ်ဆက်တိုက် ချန်ပီယံ ဖြစ်ခဲ့သည့် Burmese Ghouls အသင်းသည် MPL ချန်ပီယံ ၃ ကြိမ် ရရှိခဲ့ပြီး မြန်မာနိုင်ငံ၏

အအောင်မြင်ဆုံး Mobile Legends အသင်း ဖြစ်လာခဲ့ပြီဖြစ်သည်။

၂၀၂၀ ခုနှစ် ဇွန်လ ၂၀ ရက် နှင့် ၂၁ ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့သော MPL_MM S4 Grand Final ပွဲတွင် Burmese Ghouls အသင်းသည် Claw Esports အသင်းအား ၃-၀ ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပြီး MPL-MM S4 ၏ ချန်ပီယံဆုကြီးကို ထိုက်တန်စွာ ဆွတ်ခူးနိုင်ခဲ့ပါသည်။ အဆိုပါ ဗိုလ်လုပွဲစဉ် သည် MPL-MM S4 ၏ အကောင်းဆုံး အသင်းနှစ်သင်းအကြား ပြိုင်ဆိုင်မှု ပြင်းထန်သော ပွဲစဉ်တစ်ပွဲလည်း ဖြစ်လာခဲ့သည်။ ဆုကြေးငွေ အမေရိကန် ဒေါ်လာ ၅၀,၀၀၀ ခန့် (မြန်မာကျပ်ငွေ သိန်း ၇၅၀ ကျော်) ပေးအပ်ခဲ့သည့် မြန်မာနိုင်ငံ၏ အကြီးမားဆုံး မိုဘိုင်း e-sport လိဂ် တစ်ခုဖြစ်သည့် MPL-MM S4 ကို Mobile Legends: Bang Bang ၏ တီထွင်ဖန်တီးသူ Moonton မှ ကြီးမှူးကာ ပွဲစီစဉ် ဆောင်ရွက်သူ Game Cast Network Myanmar (GCN)၊ Title Sponsor အဖြစ် Telenor Myanmar နှင့် Official Smartphone Partner အဖြစ် OPPO Myanmar AED တို့မှ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်သည်။

"OPPO နဲ့ MLBB တို့ ပူးပေါင်းကျင်းပခဲ့တဲ့ MPL-MM Season 4 မှာ ပါဝင်ဆင်နွှဲကြည့်ရှုခဲ့သူတွေ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ အခုလို ကာလမှာ စိတ်လှုပ်ရှားစရာ အချိန်လေးတွေ၊ ပျော်စရာ အချိန်လေးတွေ ပိုင်ဆိုင်နိုင်ခဲ့မယ်လို့ မျှော်လင့်ပါတယ်။ နောက်နောင်မှာလည်း OPPO က အားလုံးအတွက် ပျော်စရာ အစီအစဉ်လေးတွေ၊ စိတ်လှုပ်ရှားစရာ အစီအစဉ်လေးတွေ ယူဆောင်ပေးနိုင်ဖို့ ကြိုးစားနေပါတယ်" ဟု OPPO Myanmar AED မှ Assistant Media and PR Manager ဖြစ်သူ မမိုးပွင့်ဖြူက ပြောကြားခဲ့သည်။

MPL ၏ ၄ ကြိမ်မြောက်ပြိုင်ပွဲတွင် မြန်မာအသင်း ၇ သင်းဖြစ်သော Burmese Ghouls, Claw Esports, Yangon Galacticos, Team Reselection, Outworld နှင့် Team Highborn တို့မှ ဆုကြေးငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ ၅၀,၀၀၀ကျော်အတွက် ယှဉ်ပြိုင်ခဲ့ကြသည်။ Burmese Ghouls အသင်းသားများဖြစ်ကြသော ဝေယံမြင့် (ICE ICE), စွမ်းထက်အောင် (rubydd), ညီညီသော် (May Be), မင်းကျော်ခေါင် (Dee), ဟိန်းမင်းသူ (Kid) နှင့် နိုင်လင်းဆွေ (ACE) တို့မှ ထူးချွန်ပြောင်မြောက်သော ကစားစွမ်းရည်များဖြင့် ဦးဆောင်၍ ၂ နှစ်ဆက်တိုက် ချန်ပီယံဆုကို ဆွတ်ခူးသွားခဲ့သည်။ ထို့အပြင် Burmese Ghouls အဖွဲ့၏ ကြယ်ပွင့်ကစားသမားဖြစ်သူ ACE သည် Regular Season ၏ တန်ဖိုးအရှိဆုံး ကစားသမား (MVP Player) အဖြစ် သတ်မှတ်ခြင်းခံရပြီး ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၃၀၀ ရရှိခဲ့သည်။

 

အသင်းလိုက် ရရှိခဲ့သော ဆုကြေးငွေများ

အဆင့်သတ်မှတ်ချက် အသင်းအမည် ဆုကြေးငွေ
ချန်ပီယံ Burmese Ghouls အမေရိကန် ဒေါ်လာ ၁၃,၀၀၀
ဒုတိယ Claw Esports အမေရိကန် ဒေါ်လာ ၆,၀၀၀
တတိယ Yangon Galacticos အမေရိကန် ဒေါ်လာ ၃,၀၀၀
စတုတ္တ Team Reselection အမေရိကန် ဒေါ်လာ ၂,၀၀၀
ပဉ္စမ-ဆဌမ Outworld Team Highborn အမေရိကန် ဒေါ်လာ ၁,၀၀၀ စီ

 

BG အသင်း၏ အသင်းခေါင်ဆောင်ဖြစ်သူ Ice Ice ခေါ် ကိုဝေယံမြင့် မှ “ကျွန်တော်တို့အနေနဲ့ အခုလို MPL-MM S4 ရဲ့ ချန်ပီယံဆုကြီးကို ရရှိခဲ့တဲ့အတွက် အတိုင်းမသိ ပျော်ရွှင်ကျေနပ်မိပါတယ်။ ဒီလိုမျိုး အောင်မြင်မှုကြီး စိုက်ထူနိုင်အောင်လို့ အားအင်တွေ စိုက်ထုတ်ပေးခဲ့ကြတဲ့ လူတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့ရဲ့ သမိုင်းတစ်လျှောက်မှာ MPL ချန်ပီယံဆုကို ၃ ကြိမ်တိုင် ဆွတ်ခူးထားနိုင်ခဲ့ပြီးတော့ နှစ်ကြိမ်ဆက်တိုက် ချန်ပီယံလည်း ဖြစ်လာခဲ့ပါပြီ။ နောက်ပြီး ကျွန်တော်တို့ကို အမြဲ အားပေးပြီးတော့ ချစ်ခင်ပေးနေတဲ့ ပရိတ်သတ်တွေကိုလည်း ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ချင်ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ဒီထက်ပိုကောင်းတဲ့ အောင်မြင်မှုမျိုးကို ဆွတ်ခူးနိုင်ဖို့အတွက် ဆက်လက်ပြီး အကောင်းဆုံးကြိုးစားသွားမှာပါ။ ကျွန်တော်တို့ကို အားပေးနေကြတဲ့ ပရိတ်သတ်များကိုလည်း ဆက်လက်ပြီး အားပေးကြဖို့နဲ့ “ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိပြီး အိမ်မက်တွေဖြစ်လာတဲ့ အထိ ကြိုးစားကြဖို့” တိုက်တွန်းရင်း အိမ်မက်များကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်” ဟု ပြောကြားခဲ့ပါသည်။

ကိုရိုနာကူးစက်ရောဂါ အခြေအနေကြောင့် တရားဝင်ဖျက်သိမ်းခဲ့ရသော ၂၀၂၀ ခုနှစ် Mobile Legends အရှေ့တောင်အာရှဖလား အား အစားထိုးသည့် အနေဖြင့် Moonton မှ MPL Invitational 4 Nation Cup အား ကျင်းပမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ MPL-MM S4 ချန်ပီယံ Burmese Ghouls အဖွဲ့သည် MPL Invitational 4 Nation Cup (MPLI) အတွက် စတုတ္ထမြောက်ဖိတ်ကြားခံရသည့်အသင်းအဖြစ် စာရင်းဝင်ခဲ့သည်။ 4 Nation Cup ပြိုင်ပွဲကြီးအား အွန်လိုင်းမှ ကျင်းပသွားမည်ဖြစ်ပြီး အင်ဒိုနီးရှား, မလေးရှား, စင်ကာပူ နှင့် မြန်မာနိုင်ငံ တို့မှ ထိပ်သီး MPL အသင်းများမှ စုစုပေါင်းဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ ကို ရယူပိုင်ဆိုင်နိုင်ရန် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ချန်ပီယံအသင်းများသည် မိမိနိုင်ငံ့ ဂုဏ်ဆောင်၍ MPLI ၏ အကောင်းဆုံးအသင်းအဖြစ် သရဖူကို ရယူနိုင်ရန် ထိပ်တိုက် ပြိုင်ဆိုင်သွားကြမည်ဖြစ်သည်။ MPLI အုပ်စုအဆင့်ပြိုင်ပွဲများကို ဇွန် ၁၉ ရက်မှ ၂၁ ရက်အထိ နှင့် ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိကျင်းပမည်ဖြစ်ပြီး သုံးရက်ကြာ Playoffs များအား ဇူလိုင်လ ၃ ရက်တွင် စတင်သွားမည်ဖြစ်သည်။

MOBILE LEGENDS: BANG BANG အကြောင်း

Mobile Legends: Bang Bang ဂိမ်းသည် ကမ္ဘာ့ Multi-player Online Battle Arena (MOBA) ဂိမ်းနယ်ပယ်တွင် ထင်ပေါ်ကျော်ကြားဆုံး ဂိမ်းအမျိုးအစားတစ်ခုဖြစ်ပါသည်။ လက်ရှိအချိန်တွင် လူသန်း ၅၀၀ ကျော် install လုပ်ထားပြီး လစဉ်ကစားသူပေါင်း ၇၅ သန်းကျော် ရှိပါသည်။ ဂိမ်းကစားသူဦးရေ အလျင်အမြန် တိုးတက်လာသောကြောင့် နိုင်ငံပေါင်း ၈ဝ ကျော်တွင် ဝင်ငွေအများဆုံး ထိပ်ဆုံး (၁၀) ခု စာရင်းထဲတွင်ပါဝင်ခဲ့ပါသည်။ Mobile Legends: Bang Bang သည် နိုင်ငံစုစုပေါင်း ၁၃၉ နိုင်ငံကို ရောက်ရှိခဲ့ပြီး ဘာသာစကား ၂၅ ခုဖြင့် ဘာသာပြန်ထုတ်လုပ်ထားကာ ဂိမ်းအား အထစ်အငေါ့မရှိပဲ အဆင်ပြေချောမွေ့စွာ ကစားနိုင်ရန် အတွက် Servers ၁,၂၀၀ ကျော်ဖြင့် လည်ပတ်လုပ်ကိုင်လျက် ရှိပါသည်။

တယ်လီနောအကြောင်း

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတစ်ဝန်းတွင် သင့်တင့်သည့်စျေးနှုန်းဖြင့် လွယ်ကူစွာရယူနိုင်သည့် မိုဘိုင်းဆက်သွယ်ရေး၀န်ဆောင်မှုကို ပေးအပ်လျက်ရှိပါသည်။ ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် မြို့ကြီး ၃ မြို့ ၌ စတင်ခဲ့သော မိုဘိုင်းကွန်ရက်ကို မြန်မာနိုင်ငံတစ်လွှား မြို့ငယ်များနှင့် ကျေးလက်ဒေသများ သို့ပါ ဖြန့်ကျက် လျက်ရှိ ပါသည်။ တယ်လီနောမြန်မာသည် ဥရောပနှင့် အာရှရှိ အသုံးပြုသူ သန်း ၁၆၀ ကျော်ကို မိုဘိုင်း၀န်ဆောင်မှု ပေးနေသော ကမ္ဘာ့ထိပ်တန်းအော်ပရေတာ တစ်ခုဖြစ်သည့် တယ်လီနောအုပ်စု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။

OPPO Myanmar AED အကြောင်း

OPPO သည် ကမ္ဘာ့ စမတ်ဖုန်းထုတ်လုပ်သူများအနက် ရှေ့ဆောင် Brand တစ်ခုဖြစ်ပြီး ဆန်းသစ်တီထွင်မှုနှင့် အနုပညာတို့ကို ပေါင်းစည်းကာ အဆင့်မြင့် နည်းပညာနှင့် Smart Devices များကို ထုတ်လုပ်ပေးလျက်ရှိသည်။ ငယ်ရွယ်တက်ကြွမှု၊ ခေတ်မီဆန်းသစ်မှုနှင့် ကောင်းမွန်လှပမှု စသည့် အချက်များကို အခြေခံကာ OPPO ၏ အဆင့်မြင့် Find Series၊ Reno Series၊ F Series နှင့် A Series စမတ်ဖုန်းများနှင့်အတူ ColorOS Operating System၊ Hyper Boost၊ VOOC Fast Charging System စသည်တို့၏ အကူအညီဖြင့် ကမ္ဘာတစ်ဝန်းမှ သုံးစွဲသူများအတွက် တိုးတက်ဆန်းပြားသော ဒီဂျစ်တယ်ခေတ်ကို အပြည့်အဝ တွေ့ကြုံခံစားရနိုင်စေရန် ကူညီပေးလျက်ရှိသည်။ OPPO သည် နိုင်ငံပေါင်း ၄ဝ ကျော်တွင် လည်ပတ်လျက်ရှိပြီး ကမ္ဘာအနှံ့အပြားတွင် Research Institute ၆ ခု ၊ R&D Center ၄ ခုတို့နှင့် အတူ မျိုးဆက်သစ် စမတ်ဖုန်းသုံးစွဲသူများ ထူးခြားကောင်းမွန်သော စမတ်ဖုန်းသုံးစွဲမှု အတွေ့အကြုံများ ရရှိစေရန် ကူညီထောက်ပံ့ပေးလျက် ရှိပါသည်။

Read times
Rate this item
(0 votes)