Digital Banking ကို အသုံးပြုရန် စိတ်ဝင်စားကြပြီး Biometrics နည်းပညာသည် သိရှိမှု နည်းပါးသော်လည်း အလားအလာရှိ

ကမ္ဘာတစ်ဝန်း ဒစ်ဂျစ်တယ်ငွေပေးချေမှုလုပ်ငန်းနယ်ပယ်တွင် ဦးဆောင်နေသည့် Visa မှ ပြုလုပ် ခဲ့သည့်

“သုံးစွဲသူများ၏ ငွေပေးချေမှုဆိုင်ရာ အလေ့အထများအကြောင်း” လေ့လာဆန်းစစ်ချက် (လေ့လာဆန်းစစ်ချက်)[1] အရ မြန်မာနိုင်ငံသား သုံးစွဲသူ ထက်ဝက်ကျော် ၅၈ ရာခိုင်နှုန်းသည်  ငွေကြေးဆိုင်ရာအဖွဲ့အစည်းများနှင့် ဒစ်ဂျစ်တယ် ပလက်ဖောင်းများမှ တစ်ဆင့် အရောင်းအဝယ် ပြုလုပ်ရန် စိတ်ဝင်စားကြောင်း တွေ့ရှိချက်ကို ယနေ့ သတင်းထုတ်ပြန် လိုက်သည်။ အဆိုပါ လေ့လာမှုတွင် မြန်မာနိုင်ငံသား သုံးစွဲသူ ထက်ဝက်နီးပါး (၄၃ ရာခိုင်နှုန်း) သည်  ဇီဝဗေဒဆိုင်ရာ စိစစ်အတည်ပြုခြင်း (Biometric Authentication) ဖြင့် ငွေပေးချေ မှုပြုလုပ်ရန် စိတ်ဝင်စားကြောင်း တွေ့ရှိရသည်။

 

 

Visa Myanmar ၏ Country Manager ဖြစ်သူ Lillian Wang က "လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ မြန်မာနိုင်ငံသား သုံးစွဲသူတွေရဲ့ သဘောထားနှင့် အပြုအမူတွေဟာ ဒစ်ဂျစ်တယ်ငွေပေးချေမှုကို ပိုမိုသုံးစွဲဖို့ တဖြည်းဖြည်းခြင်း ပုံမှန်ပြောင်းလဲ လာနေတာကို ကျွန်မတို့ တွေ့ရှိခဲ့ပါတယ်။ ကျွန်မတို့အနေနဲ့ ဒီလေ့လာမှုစစ်တမ်းရဲ့ ရလဒ်တွေကနေ တူညီတဲ့ ဦးတည်ချက် အဖြစ် မြင်တွေ့ခဲ့ရတာကလည်း ကျွန်မတို့ကို ပိုပြီး အားတက်စေခဲ့ပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံတကာအတွေ့အကြုံအရ၊  မြန်မာနိုင်ငံဟာ ဒစ်ဂျစ်တယ်စီးပွားရေးအတွက် ခိုင်မာတဲ့ အုတ်မြစ်ကို တည်ဆောက်နေပြီး ငွေသားကိုင်တွယ်အသုံးပြုမှု မရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာရေး အနာဂတ်မျှော်မှန်းချက်ဟာလည်း လက်တွေ့အခြေအနေသို့ တဖြည်းဖြည်းနဲ့ ဦးတည်သွားနေတာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ 

လေ့လာတွေ့ရှိချက်များအရ သုံးစွဲသူများ၏ လေးပုံတစ်ပုံကျော်ခန့်  (၂၇ ရာခိုင်နှုန်း) သည် ဘဏ်အကောင့်များ အသုံးပြု နိုင်ခြင်း၊ ငွေလွှဲခြင်း၊ ဘေလ်များ ပေးဆောင်ခြင်းနှင့် အခြားအရာများကို ဘဏ်ခွဲများသို့ ကိုယ်တိုင်သွားရောက်ခြင်းနှင့် ငွေသား ကိုင်တွယ်အသုံးပြုရန် မလိုဘဲ ဆောင်ရွက်နိုင်သော အွန်လိုင်း သို့မဟုတ် မိုဘိုင်းဝန်ဆောင်မှုစသော Digital Banking  များနှင့် ရင်းနှီးကျွမ်းဝင်သူများဖြစ်ကြောင်း တွေ့ရှိရသည်။  ဖြေဆိုသူများကို Digital Banking သို့ ပြောင်းလဲအသုံးပြုရန် ၎င်းတို့အား လှုံ့ဆော်သော ထိပ်တန်း အကြောင်းအရာများကို မေးမြန်းခဲ့ရာ ၄၀ ရာခိုင်နှုန်းသည် မြန်ဆန်မှုနှင့် အဆင်ပြေမှုများကြောင့် ဖြစ်ကြောင်း၊ ၃၂ ရာခိုင်နှုန်းသည် ဘဏ်ခွဲများ၌ တန်းစီစောင့်ဆိုင်း စရာ မလိုခြင်းကြောင့်ဖြစ်ကြောင်းနှင့် ၂၈ ရာခိုင်နှုန်းသည် နည်းပညာအသစ်ကို ကြိုးစားအသုံးပြုလိုခြင်းကြောင့်ဖြစ်ကြောင်း စသည်ဖြင့် ဖြေဆိုခဲ့ကြသည်။ 

 

မြန်မာနိုင်ငံသား သုံးစွဲသူများအနေဖြင့် Digital Bank များမှ ရရှိလိုသော ဝန်ဆောင်မှုများအနက်မှ ထိပ်တန်းဝန်ဆောင်မှု ငါးခုမှာ ဘေလ်များ ပေးဆောင်ခြင်း (၆၅ ရာခိုင်နှုန်း)၊ မိသားစုနှင့် သူငယ်ချင်းများသို့ ငွေလွှဲခြင်းများ (၅၆ ရာခိုင်နှုန်း)၊ ချေးငွေများရရှိခြင်း (၄၁ ရာခိုင်နှုန်း)၊ ငွေသွင်းခြင်းနှင့် ငွေထုတ်ခြင်းများ (၃၅ ရာခိုင်နှုန်း) နှင့် နိုင်ငံတကာငွေလွှဲခြင်းများ (၃၃ ရာခိုင်နှုန်း) တို့  ဖြစ်ကြောင်းတွေ့ရှိရသည်။ 

 

 

သိရှိမှု နည်းပါးသော်လည်း Biometrics နည်းပညာသည် အလားအလာရှိကြောင်း ဖော်ပြ

 

ဤလေ့လာမှုမှ မြန်မာနိုင်ငံသား သုံးစွဲသူများသည် လက်ရှိဖြစ်ပေါ်နေသော လက်ဗွေနှိပ်ခြင်း၊ အသံအသိအမှတ်ပြုခြင်း၊ မျက်နှာအသိအမှတ်ပြုခြင်းနှင့် မျက်လုံး Scan ဖတ်ခြင်း စသော နည်းလမ်းများ အသုံးပြုပြီး  စစ်မှန်ကြောင်း အတည်ပြု၍ ငွေပေးချေမှုပြုလုပ်နိုင်သည့်  Biometric ငွေပေးချေမှု နည်းပညာအပေါ် စိတ်ဝင်စားမှုရှိကြောင်း လေ့လာတွေ့ရှိခဲ့သည်။  

 

လေ့လာမှုအရ မြန်မာနိုင်ငံသားသုံးစွဲသူများ၏ ထက်ဝက်နီးပါး (၄၃ ရာခိုင်နှုန်း) သည် ဤ ငွေပေးချေမှု နည်းလမ်းကို စိတ်ဝင် စားကြကြောင်း တွေ့ရှိရသည်။ အတိအကျဆိုရသော် Biometric နည်းလမ်းဖြင့် စစ်မှန်ကြောင်းအတည်ပြုခြင်းနှင့် ပတ်သက်၍ စိတ်ဝင်စားမှုကို Gen-X (အသက် ၄၀ မှ ၅၄ နှစ်) များသည် ၅၆ ရာခိုင်နှုန်းဖြင့် ပိုမိုစိတ်ဝင်စားခဲ့ပြီး Gen-Y (၂၅-၃၉ နှစ်) များသည် ၃၇ ရာခိုင်နှုန်း ရှိကြောင်း လေ့လာတွေ့ရှိခဲ့ရသည်။  

 

Biometric ငွေပေးချေမှုစနစ်ကို  စိတ်ဝင်စားစေသော အဓိက တွန်းအားပေးမူများထဲတွင်  မြန်ဆန်မူနှင့် အဆင်ပြေချောမွေ့စွာ သုံးစွဲနိုင်မှုအပေါ် စိတ်ဝင်စားသူ ၃၄ ရာခိုင်နှုန်း၊ ဤငွေပေးချေမှုစနစ်နည်းလမ်းကို သိရှိလို၍ စမ်းသပ်အသုံးပြုသူ ၂၇ ရာခိုင်နှုန်း၊ ကဒ် သို့မဟုတ် ငွေသားသယ်ဆောင်ရန် မလိုအပ်တော့သည့် အဆင်ပြေမှုကြောင့် ၂၅ ရာခိုင်နှုန်း စသဖြင့် တွေ့ရသည်။ "အခြားတစ်ဖက်တွင်လည်း ဖြေဆိုထားသူများမှ အဆိုပါစနစ်အသုံးပြုရန်အတွက် အဓိက စိုးရိမ်ပူပန်စေသော အကြောင်းတရားများအဖြစ် Biometric ငွေပေးချေမှုစနစ်တွင် ထည့်သွင်းရသော ကိုယ်ရေးအချက်အလက်များအပေါ် သံသယရှိခြင်း (၃၂ ရာခိုင်နှုန်း) ၊ စနစ်ကိုထည့်သွင်းရာတွင် အခက်အခဲရှိခြင်း (၃၂ ရာခိုင်နှုန်း) နှင့် ယင်းငွေပေးချေမှုစနစ်ကို အသုံးပြုရာတွင် အပိုပေးဆောင်ရနိုင်သော အခကြေးငွေများအတွက်စိုးရိမ်ခြင်း (၂၃ ရာခိုင်နှုန်း) ဟူ၍ ဖြေဆိုခဲ့ကြသည်။" 

 

‘’Visa အနေနဲ့ အထူးသဖြင့် ယခုလို မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ ဒီဂျစ်တယ်စနစ် ကူးပြောင်းရေးကာလအတွင်းမှာ လုပ်ငန်းတွေကို လုပ်ကိုင်ခွင့်ရရှိခြင်းဟာ  အခွင့်ထူးဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျွန်မတို့အနေနဲ့ သုံးစွဲသူတွေရဲ့ စိတ်ဝင်စားမှုနဲ့ ဝယ်လိုအားတွေကို နားထောင်သိရှိနိုင်ဖို့ ဒီလေ့လာမှုကိုပြုလုပ်နိုင်ခြင်းနဲ  ရှာဖွေတွေ့ရှိချက်တွေကိုလည်း  ပြည်သူတွေရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် အသုံးပြုနိုင်ရုံသာမက နိုင်ငံရဲ့  ရေရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို မြှင့်တင်ပေးနိုင်တဲ့ အထောက်အကူများ ကဏ္ဍအတွင်းတီထွင်ဖော်ဆောင် ထောက်ပံ့ နိုင်ခြင်းအတွက် များစွာပဲ ဝမ်းသာမိပါတယ်”ဟု Ms. Wang က နိဂုံးချုပ်ပြောကြားခဲ့သည်။ 

Visa အကြောင်း 

 

Visa Inc. (NYSE: V) သည် ကမ္ဘာတစ်ဝန်း ဒီဂျစ်တယ်ငွေပေးချေမှုလုပ်ငန်းနယ်ပယ်တွင် ဦးဆောင်နေသည့် အဖွဲ့အစည်း တစ်ရပ်ဖြစ်သည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ လူတစ်ဦးတစ်ယောက်ချင်း၊ စီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေး နယ်ပယ်များ တိုးတက်အောင်မြင်လာစေရေးအတွက် ဆန်းသစ်၍ လုံခြုံစိတ်ချရဆုံးသော ငွေပေးချေမှု ကွန်ယက်တစ်ခုကို ကမ္ဘာတစ်ဝန်း ချိတ်ဆက်ပေးနိုင်ရန်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ခေတ်အမီဆုံး ကွန်ယက်တစ်ခု ဖြစ်သည့် VisaNet ကို အသုံးပြု၍ ကမ္ဘာတစ်ဝန်း လုံခြုံစိတ်ချစွာ ငွေပေးချေမှုများ ပြုလုပ်နိုင်သလို၊ သတင်းအချက်အလက်ပေါင်း ၆၅၀၀၀ ကျော်ကို တစ်စက္ကန့်အတွင်း လွှဲပြောင်း ပေးပို့နိုင်သည်။ Visa ကုမ္ပဏီအနေဖြင့် ဆန်းသစ်တီထွင်မှုအပေါ် စဉ်ဆက်မပြတ် အသားပေးလုပ်ဆောင် လာခဲ့ခြင်းကြောင့် ယခုအခါ မည်သည့်ကြားခံအသုံးပြုစက်ဖြင့်မဆို စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်လုပ်ဆောင်ရာ၌ လျင်မြန်စွာ တိုးတက်ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့ကာ လူတိုင်း နေရာတိုင်းအတွက် ငွေသားကိုင်ဆောင်ရန် မလိုအပ်တော့သည့် အနာဂတ်တစ်ခု ရရှိဖော်ဆောင်နိုင်ရေးအတွက် တွန်းအားတစ်ရပ်လည်းဖြစ်စေသည်။ အန်နာလော့မှ ဒစ်ဂျစ်တယ်စနစ်ဆီသို့ ကမ္ဘာကြီးတစ်ခုလုံးက ကူးပြောင်းနေသည့်အချိန်တွင် ကောင်းမွန်သော စီးပွားရေးတစ်ရပ်လုံး၏ အနာဂတ်ကို ပြန်လည်ပုံဖော်နိုင်ရေးအတွက် Visa အနေဖြင့် မိမိ၏ အမှတ်တံဆိပ်၊ ထုတ်ကုန်များ၊ လူအင်အားနှင့် ကွန်ရက်တို့ကို အသုံးပြုဆောင်ရွက်သွားမည်ဖြစ်သည်။ Visa နှင့် စပ်လျဉ်းသည့် ပိုမိုပြည့်စုံသော သတင်းအချက်အလက်များ အတွက် About Visa, visa.com/blog နှင့် @VisaNews တွင် ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်သည်။ 

----------------------

[1] Visa မှ “သုံးစွဲသူများ၏ ငွေပေးချေမှုဆိုင်ရာ အလေ့အထများအကြောင်း” လေ့လာဆန်းစစ်ချက်ကို Visa ကိုယ်စား  ENGINE insights မှ စစ်တမ်းကောက်ယူခဲ့တာဖြစ်ပြီး ၂၀၁၉ သြဂုတ်လတွင် စင်္ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် မြန်မာ နိုင်ငံ တို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှ လစဉ်ဝင်ငွေ အနည်းဆုံးကျပ် ၁၅၀,၀၀၀ ရရှိသော အသက် ၁၈ နှစ်မှ ၆၅  နှစ်ကြားရှိ  ဖြေဆိုသူ ၅၁၅ ဦး အပါအဝင် အရှေ့တောင်အာရှရှိ နိုင်ငံ (၇) နိုင်ငံမှ သုံးစွဲသူ စုစုပေါင်း ၅,၁၀၂ ဦးတို့ကို စစ်တမ်းကောက်ယူ ထားခြင်းဖြစ်သည်။ 

 

More than half of Myanmar consumers are interested in using digital banking – Visa Study

Yangon, July 30, 2020 – Visa, the world’s leader in digital payments, today revealed more than half (58 per cent) of Myanmar consumers are interested in transacting with financial institutions through digital platforms, according to the Visa Consumer Payment Attitudes Study (the “Study”)[1]. The Study also found almost half of Myanmar consumers (43 per cent) are interested in making payments with biometric authentication.   

Lillian Wang, Country Manager for Visa Myanmar, said: “Over the past few years we have observed a steady shift in Myanmar consumers’ perceptions and behaviors towards using digital payments more often.  We are even more encouraged to see the results of the Study trending in the same direction.  Based on our global experience, Myanmar is building a strong foundation for a digital economy and the vision of an efficient cashless nation is inching closer towards reality.”   

Based on the findings, more than one in four (27 per cent) are familiar with the concept of digital banking – the online or mobile services which allow users to access bank accounts, transfer money, pay bills, and so much more without visiting a physical bank branch or using cash.  The respondents cited speed and convenience as their top motivation to adopt digital banking (40 per cent), followed by the benefits of not having to wait in line at bank branches (32 per cent) and the appeal of trying new technology (28 per cent).  

The top five services Myanmar consumers are looking to receive from digital banks are paying bills (65 per cent), transferring money to family and friends (56 per cent), receiving loans (41 per cent), making deposits and withdrawals (35 per cent) and making international money transfers (33 per cent). 

Biometrics shows promise despite limited awareness 

The Study also gauged Myanmar consumers’ interest in the emerging technology of biometric payments – the method of using fingerprint, voice, facial or retina scan to authenticate transactions.  According to the Study, nearly half (43 per cent) of Myanmar consumers are interested in this payment method.  More specifically, those of Gen-X (40-54 years old) exhibited higher interest than Gen-Y (25-39 years old) in biometric authentication (56 per cent vs. 37 per cent).  

The top drivers of interest in biometric payments are speed and convenience (34 per cent), followed by the curiosity to try this novel payment method (27 per cent) and the convenience of not having to carry card or cash (25 per cent). On the other hand, respondents also cited leading causes of concern in using biometric payments including their doubts over the security of personal biometric data (32 per cent), the difficulty of setting up (32 per cent) and the worry that using biometric method may incur additional charges (23 per cent). 

“Visa is privileged to be operating in Myanmar especially during this critical digital transformation period.  To that end, we are pleased to be able to conduct this Study in order to listen to the interest and demand of consumers and leverage the findings to support the industry in developing tools that are not only relevant to their needs but also have the potential to elevate the livelihood of the people and contribute to the sustainable economic progress of the country,” Ms. Wang concluded. 

 

About Visa

Visa Inc. (NYSE: V) is the world’s leader in digital payments. Our mission is to connect the world through the most innovative, reliable and secure payment network – enabling individuals, businesses and economies to thrive. Our advanced global processing network, VisaNet, provides secure and reliable payments around the world, and is capable of handling more than 65,000 transaction messages a second. The company’s relentless focus on innovation is a catalyst for the rapid growth of digital commerce on any device for everyone, everywhere. As the world moves from analog to digital, Visa is applying our brand, products, people, network and scale to reshape the future of commerce. For more information, visit About Visa, visa.com/blog and @VisaNews. 

--------------

[1] The Visa Consumer Payment Attitudes Study was conducted by ENGINE insights on behalf of Visa in August 2019 across Singapore, Indonesia, Malaysia, Thailand, Vietnam, the Philippines and Myanmar. Total sample size is 5,102 including 515 working adults in Myanmar aged 18-65, with a minimum monthly income cut-off of MMK 150,000. 

Read times
Rate this item
(0 votes)