Wave Money ကိုယ်စားလှယ်များကို အွန်လိုင်းစနစ်ဖြင့် အပေါင်ပစ္စည်းမဲ့ ငွေချေးမည်

Wave Money ကိုယ်စားလှယ်များကို အွန်လိုင်းစနစ်ဖြင့် အပေါင်ပစ္စည်းမဲ့ ငွေချေးမည် google.com
Wave Money ကိုယ်စားလှယ်များသည် စီးပွားရေးလုပ်ငန်းတိုးချဲ့ရန် ရိုးမဘဏ်၏ အွန်လိုင်းစနစ်ဖြင့် အပေါင်ပစ္စည်းမဲ့ ငွေချေးနိုင်ပြီဖြစ်ကြောင်း ရိုးမဘဏ်မှသိရသည်။
 
အပေါင်ပစ္စည်းမဲ့ငွေထုတ်ချေးခြင်းကို အွန်လိုင်းစနစ်ဖြစ်သည့် SMART Account မှသာဆောင်ရွက်မည်ဖြစ်ပြီး Wave Money ဖြင့် ငွေသွင်းငွေထုတ်ပြုလုပ်သည့် ပမာဏပေါ် အခြေပြု၍ ချေးငွေပမာဏမှာကွဲပြားမည်ဖြစ်သည်။
 
'ရိုးမဘဏ်နဲ့ ချိတ်ထားတဲ့ Wave Money ကိုယ်စားလှယ်တွေကို ချေးတာပါ။ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်အသင်းဝင်တွေကို ချေးတဲ့ပုံစံနဲ့တူတယ်။ ဒါပေမဲ့ ရိုးမဘဏ်ရဲ့Smart Account တော့ရှိဖို့လိုမယ်' ဟု ရိုးမဘဏ်၏ ဒစ်ဂျစ်တယ်ချေးငွေဌာနတာဝန်ရှိသူဒေါ် ဝါဝါထွန်းက ဆိုသည်။
 
 
အပေါင်ပစ္စည်းမဲ့ အသေးစားလုပ်ငန်းချေးငွေကိုရယူရန် လျှောက်ထားသူသည် ရိုးမဘဏ်၏ မိုဘိုင်းအက်ပလီကေးရှင်းကို လက်ရှိအသုံးပြုနေရမည်ဖြစ်ကာ ချေးငွေကို ပထမဆုံးလျှောက်ထားသူများသည် သုံးလမှ တစ်နှစ်အထိ လျှောက်ထားနိုင်ပြီး အတိုးနှုန်းမှာ ၁၆ ရာခိုင်နှုန်းဖြစ်သည်။
 
Source: Myanmar Times
 
Read times
Rate this item
(1 Vote)

Related items