ကမ္ဘာ့ပထမဆုံး Dual Pop-Up Selfie Camera ပါဝင်သည့် Vivo V17 Pro ကို တရားဝင် မိတ်မဆက်မီ Pre-Order မှာယူနိုင်သွားမည်ဖြစ်

ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်း အမှတ်တံဆိပ်တစ်ခု ဖြစ်သော Vivo မှ သုံးစွဲသူများ အတွက် မြင့်မားသော နည်းပညာများဖြင့်
စမတ်ဖုန်းများ၏ စွမ်းဆောင်ရည်ကို စဉ်ဆက်မပြတ် တိုးမြှင့်လျက်ရှိရာ ယခုအခါတွင် Vivo V Series ၏ နောက်ဆုံးမျိုးဆက်သစ် V17 Pro စမတ်ဖုန်း ထွက်ရှိလာတော့မည် ဖြစ်သည်။
 
ရင်သပ်ရှုမောဖွယ် ပုံစံဒီဇိုင်းဖြင့် ဖန်တီးထားသည့် Vivo V17 Pro စမတ်ဖုန်းတွင် ကမ္ဘာ့ပထမဆုံးသော Dual Pop-Up Selfie Camera ပါရှိပြီး မကြာမီကာလအတွင်း မြန်မာနိုင်ငံဈေးကွက်သို့ ရောက်ရှိလာ မည်ဖြစ်သည်။ Pre-Order (ကြိုတင်မှာယူမှုများ) ကို လာမည့် စက်တင်ဘာလ ၂၉ ရက်နေ့မှ အောက်တိုဘာလ ၄ ရက်နေ့ အထိ ပြုလုပ်သွားနိုင်မည်ဖြစ်သည်။
 
V17 Pro စမတ်ဖုန်းသစ်တွင် ထိပ်တန်းအဆင့် ၆.၄၄ လက်မအရွယ် Full HD+ Super AMOLED Ultra Fullview မျက်နှာပြင် တပ်ဆင်ပေးထားပြီး အထူးကောင်းမွန်သည့် 1080x2400 ပုံထွက်နှုန်း ရရှိမည်ဖြစ်သည်။ ဖုန်း ကိုယ်ထည်နှင့် မျက်နှာပြင်အချိုးအစားမှာ ၉၁.၆၅ ရှိသဖြင့် ရင်သပ်ရှုမောဖွယ် ရုပ်ပုံများကို မြင်တွေ့ နိုင်မည်ဖြစ် သည်။ V17 Pro ၏ ရှေ့ဖက် မျက်နှာပြင်သည် အဆင့်မြင့် Schott Xensation UP အကာအကွယ် နည်းပညာနှင့် နောက်ဖက်မျက်နှာပြင် သည် Corning Gorilla Glass 6 ဖန်သားကို အသုံးပြုထားသဖြင့် မတော်တဆ ထိခိုက်ပွန်းပဲ့မှု ဒဏ်ဒံကို အထူးခံနိုင်စွမ်း ရှိသည်။
 
Vivo V17 Pro ၏ ထူးခြားချက်ဖြစ်သည့် ကမ္ဘာ့ပထမဆုံးသော (အသွင်း၊ အထုတ် ပြုလုပ်နိုင်သည့်) Dual Pop-Up Selfie Camera စနစ်တွင် 32MP ပုံထွက်နှုန်းရှိသည့် ပင်မကင်မရာနှင့် 8MP ပုံထွက်နှုန်းရှိသည့် Ultrawide Angle မြင်ကွင်းကျယ် ကင်မရာစုံတွဲ တပ်ဆင်ပေးထားသည်။ ထို့အပြင် ပြင်ပအလင်းအား နည်းပါးချိန်၌ အထူးကောင်းမွန်သည့် Selfie များကို ရိုက်ကူးရယူနိုင်ရန် Selfie Softlight Flash လည်းတပ်ဆင်ပေးထားသည်။ ထို့အပြင် ဓာတ်ပုံ Frame များကို အထူးပြုလုပ်ချက်ဖြင့် ပေါင်းစပ်ပေးပြီး ညအချိန် ရိုက်ကူးနိုင်သည့် Super Night Selfie လုပ်ဆောင်ချက်၊ AI Make Up Filter ၊ ရှုခင်းအလိုက် အသင့်တော်ဆုံး နမူနာကိုယ်ဟန်များကို အကြံပြုပေးနိုင်သည့် Pose Master စသည့် လုပ်ဆောင်ချက်များ ထည့်သွင်းပေးထားသဖြင့် Vivo V17 Pro သည် ပြိုင်ဖက်ကင်းသည့် Selfie အသားပေး စမတ်ဖုန်းတစ်ခုဟု ဆိုရမည်ဖြစ်သည်။
 
 
V17 Pro ၏ နောက်ကျောဖက်၌ ကင်မရာ ၄ လုံးကို ဒေါင်လိုက် တပ်ဆင်ထားသည့် AI သုံး Quad Camera စနစ်ကို တွေ့မြင်ရ မှာဖြစ်ပြီး 48MP ပုံထွက်နှုန်းရှိ Sony IMX582 ပင်မကင်မရာ၊ 13MP Telephoto 2x ကင်မရာ၊ 8MP Ultra-Wide Angle မြင်ကွင်းကျယ် ကင်မရာနှင့် 2MP Depth Sensor ကင်မရာတို့ ထည့်သွင်း တပ်ဆင်ပေးထားသည်။
 
Vivo Myanmar ၏ Product Manager ဖြစ်သူ Mr. Kelvin က “စမတ်ဖုန်းနဲ့ပတ်သက်တဲ့ နည်းပညာတွေ တိုးတက်မြင့်မားနေတဲ့ ယနေ့ခေတ်မှာ Vivo က သုံးစွဲသူတွေအတွက် နောက်ဆုံးပေါ်ပြောင်းလဲမှုနဲ့အတူ ထူးခြားတဲ့ စမတ်ဖုန်း သုံးစွဲခြင်းဆိုင်ရာအတွေ့အကြုံတွေကို ပေးအပ်နိုင်ဖို့ အမြဲကြိုးစားနေပါတယ်။ အခု V17 Pro မှာဆိုရင်လည်း ကမ္ဘာ့ ပထမဆုံး Dual Pop-Up Selfie Camera ပါဝင်ပြီး Screen-to-Body ratio ကလည်း 91.65% ပါဝင်လာတာကြောင့် ကန့်သတ်ထားတဲ့ ဘောင်နံရံတွေကို ကျော်လွန်ပြီး မျက်နှာပြင်အပြည့် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ပြင် AI Quad ကင်မရာ ၄ လုံးလည်း နောက်ကျော ဖက်မှာ ပါရှိမှာဖြစ်တာကြောင့် ‘Clear As Real’ ဆိုတဲ့ ဆောင်ပုဒ် အတိုင်းပဲ Vivo V17 Pro ဟာ ကောင်းမွန်ပြည့်စုံတဲ့ ဓာတ်ပုံရိုက်ချက်တွေ အတွက် ပြီးပြည့်စုံတဲ့ စမတ်ဖုန်းသစ် ဖြစ်လာမှာ သေချာပါတယ်” ဟု ပြောကြားခဲ့သည်။
 
Vivo V17 Pro တွင် တုန့်ပြန်မှုနှုန်းနှင့် မှတ်ဥာဏ်စွမ်း မြင့်မားသည့် Vivo ၏ မူပိုင်နည်းပညာသုံး မျက်နှာပြင်အောက် (In-Display) လက်ဗွေလုံခြုံရေး တပ်ဆင်ပေးထားသည်။ အတွင်းပိုင်းမှာတော့ Qualcomm Snapdragon 675 Processor နှင့် RAM 8GB တို့ တပ်ဆင်ပေးထားတာကြောင့် စွမ်းဆောင်ရည်ပိုင်းမှာ အထူးကောင်း မွန်ပြီး 128 GB သိုမှီးမှုပမာဏ ထည့်သွင်းပေးထားသည်။
 
Operating System ကတော့ ပြီးပြည့်စုံတဲ့ ဂိမ်းကစားမှု အတွေ့အကြုံများကို ရရှိစေမည့် Game Mode နှင့် Multi-Turbo စသည့် လုပ်ဆောင်ချက်များ ပါဝင်တဲ့ Android Pie အခြေခံ Funtouch OS 9.1 ကို ထည့်သွင်းပေးထားပါတယ်။ V17 Pro တွင် အသစ်ထပ်မံပါဝင်လာသည့် လုပ်ဆောင်ချက်ကတော့ PUBG ဂိမ်းကစား ရာတွင် အသင်းဖော်များနှင့် ဆက်သွယ်ပြောဆိုသည့် ဇာတ်ကောင်စကားသံ အမျိုးမျိုးကိုလည်း ရွေးချယ်နိုင်ခြင်း ပင်ဖြစ်သည်။
 
ဘက်ထရီကတော့ 4100mAh အားရှိပြီး Vivo ရဲ့ မူပိုင်နည်းပညာသုံး အမြန်အားသွင်းစနစ် (18W Dual Engine Fast Charging) နှင့် Vivo စမတ်ဖုန်း ချစ်သူများ မျှော်လင့်စောင့်စားနေသည့် USB Type C ပါဝင်လာမည်ဖြစ်သည်။
 
ကြိုတင်အော်ဒါ မှာယူခြင်း (Pre-Order)
 
Vivo V17 Pro စမတ်ဖုန်းကို Crystal Black (အနက်ရောင်) နှင့် Crystal Sky (အဖြူနှင့်အပြာ အရောင်ပြေး) အရောင် ၂ မျိုးဖြင့် ထုတ်လုပ်ထားပြီး လာမည့် စက်တင်ဘာလ ၂၉ ရက်နေ့မှ အောက်တိုဘာလ ၄ ရက်နေ့ အတွင်း မြန်မာနိုင်ငံတစ်ဝန်းရှိ Vivo အရောင်းဆိုင်များ၌ ကြိုတင်အော်ဒါ (Pre-Order) မှာယူနိုင်မည် ဖြစ်သည်။ ကြိုတင်အော်ဒါ မှာယူသူများအတွက် မေတ္တာလက်ဆောင် Gift Box နှင့် ကျောပိုးအိတ် (Back Pack) များ ပေးအပ်သွားမည် ဖြစ်သည်။
 
Vivo V17 Pro စမတ်ဖုန်းအသစ်ကို မြန်မာနိုင်ငံ ဈေးကွက်နှင့် မိတ်ဆက်သည့် အခမ်းအနားကို လာမည့် အောက်တိုဘာလ ၂ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး Vivo ၏ Brand Ambassador များ၊ နာမည်ကျော် အနုပညာရှင်များ စုံညီစွာဖြင့် တက်ရောက်ကြမည်ဖြစ်သည်။ အခမ်းအနား အစီအစဉ်များကို Vivo Myanmar ၏ Facebook စာမျက်နှာပေါ်တွင် Live Stream ပြုလုပ်ပြီး အချိန်နှင့် တစ်ပြေးညီ တင်ဆက်ပေး သွားမည်ဖြစ်သည်။ ထို့အပြင် Livestream မှ တစ်ဆင့် ကံစမ်းမဲ အစီအစဉ်များလည်း စီစဉ်ထားရှိသဖြင့် Vivo Myanmar ၏ Facebook စာမျက်နှာ (@vivomobileMM) ၌ စောင့်မျှော်ကြည့်ရှုကြရန် အသိပေးလိုက်ရပါသည်။
 
Vivo V17 Pro Specifications
 
· Display: 6.44” Super AMOLED Ultra FullViewTM Display
 
· Resolution: 2400*1080 FHD+
 
· Processor: Qualcomm Snapdragon 675 AIE
 
· Front Camera: Dual Pop-Up camera (32 MP Main + 8 MP Ultra-Wide Angle)
 
· Rear Camera: AI Quad Camera (48MP + 13MP Telephoto 2x ၊ 8MP Ultra-Wide Angle + 2MP Depth Sensor)
 
· RAM: 8GB
 
· Storage: 128GB
 
· Battery: 4100mAh (18W Dual Engine Fast Charging)
 
· OS: Funtouch OS 9.1
 
· Color: Crystal Sky & Crystal Black
 
Read times
Rate this item
(1 Vote)

Related items