Ultra Wide Angle ပါတဲ့ စမတ်ဖုန်းတစ်လုံးနဲ့ ခရီးထွက်ရင်း BFF Goal နဲ့ RS Goal တွေ ရိုက်လိုက်ရအောင်

ခေတ်ရေစီးကြောင်းဆိုတဲ့အရာက အမျိုးမျိုး ပြောင်းလဲနေသလို လူငယ်တွေဟာလည်း ခေတ်ရေစီးကြောင်းနောက်ကို လိုက်ပြီးတော့
လူငယ်ဆန်တဲ့ ဘဝနေထိုင်မှု ပုံစံတွေနဲ့ နေ့စဉ်လှုပ်ရှားသွား လာနေကြပါတယ်။ ဒီလိုလူငယ်တွေထဲမှာ အကြိုက်နဲ့ စရိုက်ပေါ် မူတည်ပြီးတော့ အစားအသောက်ကောင်းကောင်းကို ကြိုက်တဲ့သူတွေ၊ decoration လှလှနဲ့ဆိုင်လေးတွေကိုသွားပြီး ဓာတ်ပုံရိုက်ချင်တဲ့ ကောင်မလေးတွေ၊ ဖက်ရှင်အကြောင်း စိတ်ဝင်စားတဲ့သူတွေ၊ သူငယ်ချင်းတွေနဲ့ ညဘက် အပြင်ထွက်ရတာ သဘောကျတဲ့ လူငယ်တွေ၊ ခရီးသွားရင်းနဲ့ အမှတ်တရတွေကို ဖန်တီးချင်ကြတဲ့ သူတွေ၊ ဖက်ရှင်အကြောင်းတွေကို စိတ်ဝင်စားတဲ့သူတွေ၊ သူများနဲ့ မတူဘဲ အေးဆေးတိတ်ဆိတ်တဲ့ ကော်ဖီဆိုင်လေးမှာ ထိုင်ရင်း စာဖတ်ချင်တဲ့ လူငယ်တွေ စသဖြင့် လူအမျိုးမျိုး စိတ်အထွေထွေ ဆိုသလို လူငယ်တွေရဲ့ ဘဝနေထိုင်မှု စတိုင်တွေကလည်း မတူဘဲကွဲပြားကြပါတယ်။
 
Decoration လှတဲ့ဆိုင်လေးတွေမှာ ဓာတ်ပုံရိုက်မယ်ဆိုရင်
 
အခုနောက်ပိုင်း လူငယ်တွေအကြိုက် အပြင်အဆင်လေးတွေ ကလည်း လှပြီးတော့ ဓာတ်ပုံရိုက်လို့ကောင်းတဲ့ ဆိုင်လေးတွေ အများကြီးပေါ်လာတယ်။ တော်တော်များများလည်း ဆိုင်ရဲ့အပြင် အဆင် နောက်ခံလေးတွေနဲ့ ဓာတ်ပုံရိုက်ကြတာတွေ့လာရတယ်။ ဒီလိုအချိန်မှာ ဓာတ်ပုံရိုက်ဖို့အတွက် အလိုအပ်ဆုံးကတော့ ဘယ်လိုနေရာကနေ ရိုက်ရိုက် သဘာဝကျပြီး လှပတဲ့ ပုံထွက်တွေ ရရှိစေမယ့် ဖုန်းတစ်လုံးဘဲ ဖြစ်ပါတယ်။ OPPO ကနေမကြာခင်က မိတ်ဆက်ပေးထားတဲ့ OPPO A9 2020 စမတ်ဖုန်းမှာဆိုရင် လူတိုင်းသဘောကျလောက်တဲ့ Quad Camera ပုံစံနဲ့ ထွက်ရှိလာ တာဘဲ ဖြစ်ပါတယ်။ 48MP Main Camera ပါဝင်လာတဲ့ အတွက်ကြောင့် ရှင်းလင်းတောက်ပတဲ့ပုံရိပ်တွေကို ရိုက်ကူးနိုင်တဲ့ အတွက် decoration လှတဲ့ဆိုင်လေးမှာဘဲ ရိုက်ရိုက်၊ café လှလှလေး မှာဘဲရိုက်ရိုက် Facebook ပေါ်တင်လို့ရမယ့် ပုံကောင်းကောင်း လေးတွေကို ရရှိစေမှာပါ။
 
ခရီးထွက်ရင်း အမှတ်တရလေးတွေကို ဖန်တီးမယ်
 
လူငယ်တွေဟာ နေ့စဉ်နေ့တိုင်း အလုပ်တွေ ကျောင်းတွေနဲ့ မွန်းကြပ်မှုတွေ ခံစားနေကြပြီးတော့ နေ့စဉ်လူနေမှု ဘဝထဲက နေရုန်းထွက်ပြီး စိတ်ထွက်ပေါက်တစ်ခုလိုချင်တဲ့အခါ ခရီးထွက် တာတွေကို ပြုလုပ်လာကြပါတယ်။ ခရီးထွက်တဲ့အခါမှာ သဘာဝကြီးရဲ့ အလှတရားတွေကို ခံစားဖို့အတွက် လေပြေလေးတွေကို ရှုရှိုက်နိုင်မယ့် မြူတွေဆိုင်းနေတဲ့ တောင်တန်းဒေသတွေမှာ Trekking ထွက်တာ မျိုးတွေ ပင်လယ်ပြာပြာ ကမ်းခြေလေးတွေမှာ လေတစ်ဖြူးဖြူးနဲ့ ကမ်းခြေလေးမှာထိုင်ပြီး ပင်လယ်ကြီးရဲ့ လှိုင်းခတ်သံလေးတွေကို ခံစားရင်း အပန်းဖြေတာခရီးသွားတာမျိုးလေးတွေ အရမ်းကို ခေတ်စားလာပါတယ်။ ဒီလိုခရီးထွက်တဲ့အခါမှာ သူငယ်ချင်းတွေ ဒါမှမဟုတ် ချစ်သူနဲ့အတူတူ BFF Goal တွေ RS Goal တွေ ရိုက်နိုင်ဖို့အတွက် ဓာတ်ပုံရိုက်လို့ကောင်းတဲ့ ဖုန်းလေးတစ်လုံး ရှိရင်တော့ အကောင်းဆုံး အမှတ်တရတွေကို ဖန်တီးနိုင်မှာပါ။ OPPO A9 2020 နဲ့ A5 2020 စမတ်ဖုန်းတွေမှာ ဆိုရင်တော့ ဒီလိုခရီးတွေ သွားတဲ့အခါမှာ သူငယ်ချင်းတွေနဲ့ ဘဲရိုက်ရိုက်၊ တောတောင်ရေမြေရှု ခင်းတွေဘဲရိုက်ရိုက် ကျယ်ပြန့်တဲ့ ပုံတွေကို ရိုက်ကူးပေးနိုင်မယ့် 119° Ultra Wide Angle Lens ပါဝင်လာတဲ့အတွက် အကောင်းဆုံးအမှတ် တရတွေကို အလှပဆုံးပုံရိပ်တွေအဖြစ် ပြောင်းလဲပေးနိုင်မှာပါ။
 
ဖက်ရှင်ရေစီးကြောင်းနဲ့အတူ
 
ဖက်ရှင်ရေစီးကြောင်း ဆိုတာ တစ်ကျော့ပြန်လည်လာတယ်ဆို သလိုဘဲ အခုနောက်ပိုင်းခေတ်စားလာတဲ့ ဖက်ရှင်လေးတွေကို ကြည့်လိုက်ရင် 90’s ဘက်ကို ပြန်ရောက်သွားသလို ခံစားရစေပါတယ်။ Bomber Jackets နဲ့ Jeans တွေ T-shirt ကြီးကြီးတွေ၊ မျက်မှန် အဝိုင်းတွေကလည်း ဖက်ရှင်ရေစီးကြောင်း တစ်ပတ်လည်နေတာကို သက်သေပြနေပါတယ်။ ဒီလိုဖက်ရှင် ရေစီးကြောင်းနောက်ကို လိုက်နိုင်ဖို့အတွက် OPPO A9 2020 နဲ့ A5 2020 မှာ ထူးထူးခြားခြား ပြုလုပ်ပေးထားတဲ့ Mono Lens နဲ့ Portrait Lens တွေက Portrait ရိုက်ကူးမှုတွေမှာ ခေတ်ဟောင်း ပုံရိပ်တစ်ခုလို feeling ရရှိအောင်ရိုက်ကူးနိုင်တဲ့ Retro၊ Grainy နဲ့atmospheric effects တွေကိုထည့်သွင်းပေးထားတဲ့ အတွက်ကြောင့် 90’s fashion ပုံစံမျိုးနဲ့ ရိုက်မယ်ဆိုရင်တော့ အကောင်းဆုံး စွဲဆောင်မှုရှိတဲ့ ပုံတွေကို ရရှိစေမှာပါ။
 
 
ညဘက်ပုံလှလှလေးတွေကို ရိုက်ချင်တဲ့သူတွေအတွက်
 
ညဘက် မိသားစုနဲ့အပြင်မှာ ထွက်စားတာမျိုးတွေ သူငယ်ချင်းတွေ နဲ့ ညဘက် အပြင်ထွက်တာတွေကလည်း လူငယ်တွေကြားမှာ trend တစ်ခုလိုဖြစ်လာပါတယ်။ မကြာခင်မှာလည်း သီတင်းကျွတ် မီးထွန်း ပွဲတော် ရောက်ရှိလာတော့မှာဖြစ်ပြီး မိသားစုနဲ့ ညဘက်လည်တာ ဘဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ ရေကျော် သီတင်းကျွတ် မီးထွန်းပွဲတော် ကို သွားပြီး ညဖက်အမှတ်တရပုံရိပ်လေးတွေကို ဖန်တီးချင်တဲ့သူတွေ အတွက် OPPO A9 2020 ရဲ့ 48 MP Ultra Night Mode 2.0 က အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်လာမှာပါ။ Ultra Night Mode 2.0 ကညဘက်ဓာတ်ပုံတွေကို ရိုက်ကူးတဲ့အခါမှာ လူမျက်နှာနဲ့ နောက်ခံကို ခွဲခြားပေးပြီး မျက်နှာကို ပိုလင်းစေသလို ညအမှောင်ကြောင့် noise ထတာမျိုးတွေကိုလည်း လျော့ချပေးတဲ့အတွက် အကောင်းဆုံး ညနောက်ခံရှုခင်းနဲ့ ပုံရိပ်တွေကို ရရှိစေပါတယ်။ ဒါ့အပြင် ညပုံရိပ်တွေကို 119° Ultra Wide Angle Lens နဲ့ ဖန်တီးနိုင်မှာ ဖြစ်တဲ့ အတွက် ပိုမိုကျယ်ပြန့် ညရှုခင်းအလှပုံရိပ်တွေကိုလည်း ဖန်တီးနိုင်ဦးမှာပါ။
 
ဒီလိုမျိုး လူငယ်တွေရဲ့ နေ့စဉ်ဘဝလိုအပ်ချက်တွေကို ဖြည့်စွမ်းပေး မယ့် စမတ်ဖုန်းတွေဖြစ်တဲ့ OPPO A9 2020 ကို မြန်မာငွေ (၃၉၉,၉၀၀) ကျပ်၊ OPPO A5 2020 ကို မြန်မာငွေ (၂၉၉,၉၀၀) ကျပ် နဲ့အတူ စက်တင်ဘာ (၂၉)ရက်နေ့မှာ စတင်ရောင်းချပေးတော့မှာ ဖြစ်တဲ့အတွက် အမြန်ဆုံး Pre-Order တင် လိုက်ကြရအောင်နော်။
 
Read times
Rate this item
(1 Vote)

Related items