OPPO A9 2020 နှင့် A5 2020 စမတ်ဖုန်းများကို ပြည်တွင်းဈေးကွက်တွင် စတင်ရောင်းချ

လူငယ်များ၏ နေ့စဉ်ဘဝနှင့်ကိုက်ညီမည့် စမတ်ဖုန်းများကို မိတ်ဆက်ပေး တတ်သော OPPO မှ “Unstoppable Fun” ခေါင်းစဉ်နှင့်အတူ
OPPO A9 2020 နှင့် A5 2020 စမတ်ဖုန်းတို့ကို မြန်မာပြည်တွင်းရှိ စမတ်ဖုန်းချစ်သူများအတွက် စက်တင်ဘာလ (၁၉) ရက်နေ့က ရန်ကုန်မြို့ရှိ HOG Esports Centre တွင် PUBG Theme နှင့် ထူးခြားဆန်းပြားစွာ မိတ်ဆက်ပေးခဲ့ပြီးနောက် စက်တင်ဘာလ (၂၉)ရက်နေ့တွင် စတင်ရောင်းချပေးလိုက်ပြီ ဖြစ်သည်။
 
OPPO A9 2020 နှင့် A5 2020 စမတ်ဖုန်းများအား OPPO Myanmar မှ စက်တင်ဘာလ (၂၀)ရက်နေ့မှ စက်တင်ဘာလ (၂၇)ရက်နေ့အတွင်းတွင် pre-orderများကောက်ခံခဲ့ပြီး စက်တင်ဘာလ (၂၉) ရက်နေ့တွင် OPPO အရောင်းကောင်တာများ၌ စတင်ရောင်းချပေးခဲ့သည်။ OPPO Myanmar မှ Pre-Order မှာယူထားသူများအား မေတ္တာလက်ဆောင်အဖြစ် Power Bank၊ Photo Frame များနှင့်အတူ PUBG နှင့်ပတ်သက်သော ဆုလက်ဆောင်များလည်း ပေးအပ်ခဲ့သည်။
 
ယခုစတင်ရောင်းချပေးလိုက်သည့် OPPO A9 2020 နှင့် A5 2020 စမတ်ဖုန်းများတွင် အမျိုးအစားစုံလင်သော ဓာတ်ပုံများကို ရိုက်ကူးနိုင်ရန်အတွက် Quad Camera ထည့်သွင်းပေးထားပြီး စွမ်းဆောင်ရည်ကောင်မွန်သော Snapdragon 665 Processor နှင့်အတူ ဂိမ်းကစားခြင်းကို ကြိုက်နှစ်သက်သူများအတွက် ဂိမ်းစွမ်းဆောင်ရည်ကို မြှင့်တင်ပေးမည့် Game Boost 2.0 လည်း ပါဝင်ထားသည်။ ထို့အပြင် ၁၉ နာရီလောက်ထိ ဆက်တိုက် အသုံးပြုနိုင်မည့် 5000 mAh Battery နှင့်အတူ entertainment ပိုင်းတွင် အကောင်းဆုံး အသံအရည်အသွေးများကို ခံစားနိုင်မည့် Dolby Atmos® Stereo Speaker ကိုလည်း ထည့်သွင်းပေးထားပါသည်။
 
OPPO A9 2020 စမတ်ဖုန်းတွင် 48MP main camera၊ 8MP Ultra Wide Angle Lens၊ 2MP Mono lens နှင့် 2MP Portrait lens များဖြင့် ကင်မရာ (၄)လုံးအထိပါဝင်သောကြောင့် ကြည်လင်ပြတ်သားသည့်ပုံရိပ်များနှင့် ပိုမိုကျယ်ပြန့်သော ပုံများကို ရိုက်ကူးပေးနိုင်မည် ဖြစ်သည်။ Ram ပိုင်းအနေဖြင့် 8GB အထိအသုံးပြုပေးထားပြီး storage အနေဖြင့် 128 GB အထိအသုံးပြုပေးထားသည့်အတွက် အကောင်းဆုံးသော စွမ်းဆောင်ရည်များနှင့် storage များများကြိုက်သူများအတွက် အကြိုက်တွေ့စေမည့် စမတ်ဖုန်းတစ်လုံး ဖြစ်ပါသည်။
 
 
OPPO A5 2020 စမတ်ဖုန်းတွင်လည်း Quad Camera တည်ဆောက်ပုံဖြစ်သည့် 12MP main camera၊ 8MP Ultra Wide Angle Lens၊ 2MP Mono lens နှင့် 2MP Portrait lens တို့ပါဝင်လာသည့်အပြင် 119° Ultra Wide Angle ကြောင့် သူငယ်ချင်းများနှင့် ဓာတ်ပုံရိုက်ခြင်း၊ ရှုခင်းပုံများ ရိုက်ကူးခြင်းများတွင် ကျယ်ပြန့်သည့်အကောင်းဆုံးပုံများကို ရိုက်ကူးနိုင်မည် ဖြစ်သည်။ ထို့အပြင် Ultra Night Mode 2.0 လည်းပါထားသည့်အတွက် ညအချိန်ပုံရိပ်များကို ပြတ်သားစွာ ရိုက်ကူးပေးနိုင်မည် ဖြစ်သည်။
 
ယခုစတင်ရောင်းချပေးလိုက်သည့် OPPO A9 2020 စမတ်ဖုန်းကို စိုပြေဆန်းပြားသည့် Marine Green အရောင်နှင့် အပြာရောင်နှင့် ခရမ်းရောင်တို့ကို ရောစပ်ထားသော Space Purple အရောင်တို့ဖြင့် ရရှိနိုင်မည် ဖြစ်ပြီး မြန်မာငွေ (၃၉၉,၉၀၀) ကျပ်ဖြင့် လည်းကောင်း၊ OPPO A5 2020 စမတ်ဖုန်းကို ကြွေထည်လို တောက်ပနေသည့် Mirror Black နှင့် ရွန်းစိုတောက်ပသော အဖြူရောင် Dazzling White အရောင်တို့ရရှိနိုင်မှာဖြစ်ပြီး မြန်မာငွေ (၂၉၉,၉၀၀)ကျပ် ဖြင့်လည်းကောင်း စတင်ရောင်းချပေးနေပြီ ဖြစ်ပြီး ဝယ်ယူသူများကို Power Bank နှင့် Photo Frame များကိုလည်း လက်ဆောင်အနေဖြင့်ပေးအပ်သွားမည် ဖြစ်ပါသည်။ OPPO A9 2020 နှင့် A5 2020 ဝယ်ယူသူများအတွက် ပြုလုပ်ပေးထားသည့် 100% cash back အစီအစဉ်မှ ကံထူးသူအချို့ကိုလည်း OPPO Myanmar Facebook Page တွင် ကြေညာပေးထားပြီး မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် ကျန်ရှိနေသေးသည့် ကံထူးသူများကို OPPO Myanmar မှ ထပ်မံကြေညာပေးသွားမည် ဖြစ်ပါသည်။
 
Read times
Rate this item
(1 Vote)